Monday, October 7, 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး

Photo: လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံများ ရဲတပ်ဖွဲ့တားဆီး
Monday, October 7, 2013

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက လုပ်ငန်းအချို့ စတင်ရန်၊ ယာမြေများတွင် သွပ်ဆူးကြိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံများက သွပ်ဆူးကြိုး ခတ်ခြင်းကို ဖယ်ရှားပေးရေး၊ ထိုက်တန်သော မြေယာလျော်ကြေး ရရှိရေး၊ လိပ်ခွံတောင်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့အား ဖယ်ရှားပေးရေးနှင့် လယ်ယာမြေများ လုပ်ကိုင်ခွင့် ရရှိရေးစသည့် အချက်များကို ကုမ္ပဏီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် သွားရောက်စဉ် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဆည်တည်း ရွာသစ်မှာ ဆက်ဆံရေးရုံး ရှိပေမယ့် ညှိနှိုင်းမှုတိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို လူကြီးကို တင်ပြပေးမယ်။ အထက်ကို ပြောပေးမယ် ဆိုတာတွေနဲ့ပဲ ပြီးခဲ့ရတာပါ။ အခု စက်တင်ဘာ ၃၀ မှာလည်း နောက်ဆုံး ထုတ်ရမယ်ဆိုတဲ့ အမိန့်လိုစာကြီး ထုတ်ထားတယ်။ လယ်ယာတွေထဲမှာ သွပ်ဆူးကြိုးတွေ ခတ်နေတယ်။ အားလုံးက လျော်ကြေး ထုတ်ယူ မထားသေးဘူး။ စီမံကိန်းက ပြန်စဖို့ ပြင်နေပါပြီ။ ဒါကြောင့် ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ဖို့ သွားမှာပါ” ဟု တုံရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်ပိုင်း လက်ပံတောင်း ဒေသတွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပေါင်း ၃၀ အထိရှိခဲ့ကာ ယနေ့ဆန္ဒ ထုတ်ဖော်မှုတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့်အတွက် တားဆီးရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုသည်။

The Voice Weekly

ဝမ်ပေါင်ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးခွင့်ရရန် လူစုလူဝေး စီတန်း လမ်းလျှောက်လာသော လက်ပံတောင်းတောင် စီမံကိန်း ဧရိယာမှ ဒေသခံ ၂၀၀ ကျော်ကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း အချိန်တွင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးလမ်း တုံရွာနှင့် ရွှေလှေရွာကြားတွင် ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း လမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည့် လက်ပံတောင်းတောင် ဒေသခံတစ်ဦး က ပြောကြား သည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဝမ်ပေါင် ကုမ္ပဏီက လုပ်ငန်းအချို့ စတင်ရန်၊ ယာမြေများတွင် သွပ်ဆူးကြိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဒေသခံများက သွပ်ဆူးကြိုး ခတ်ခြင်းကို ဖယ်ရှားပေးရေး၊ ထိုက်တန်သော မြေယာလျော်ကြေး ရရှိရေး၊ လိပ်ခွံတောင်တွင် တပ်စွဲထားသော ရဲတပ်ဖွဲ့အား ဖယ်ရှားပေးရေးနှင့် လယ်ယာမြေများ လုပ်ကိုင်ခွင့် ရရှိရေးစသည့် အချက်များကို ကုမ္ပဏီနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် သွားရောက်စဉ် ရဲတပ်ဖွဲ့၏ တားဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ဆည်တည်း ရွာသစ်မှာ ဆက်ဆံရေးရုံး ရှိပေမယ့် ညှိနှိုင်းမှုတိုင်းမှာ ဒေသခံတွေရဲ့ တောင်းဆိုမှုတွေကို လူကြီးကို တင်ပြပေးမယ်။ အထက်ကို ပြောပေးမယ် ဆိုတာတွေနဲ့ပဲ ပြီးခဲ့ရတာပါ။ အခု စက်တင်ဘာ ၃၀ မှာလည်း နောက်ဆုံး ထုတ်ရမယ်ဆိုတဲ့ အမိန့်လိုစာကြီး ထုတ်ထားတယ်။ လယ်ယာတွေထဲမှာ သွပ်ဆူးကြိုးတွေ ခတ်နေတယ်။ အားလုံးက လျော်ကြေး ထုတ်ယူ မထားသေးဘူး။ စီမံကိန်းက ပြန် စဖို့ ပြင်နေပါပြီ။ ဒါကြောင့် ကုမ္ပဏီနဲ့ တိုက်ရိုက်တွေ့ဖို့ သွားမှာပါ” ဟု တုံရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီး နောက်ပိုင်း လက်ပံတောင်း ဒေသတွင် တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒထုတ်ဖော်မှုပေါင်း ၃၀ အထိရှိခဲ့ကာ ယနေ့ဆန္ဒ ထုတ်ဖော်မှုတွင် တရားဝင် ခွင့်ပြုချက်ရယူပြီး ဆန္ဒထုတ်ဖော်ခြင်း မဟုတ်သည့် အတွက် တားဆီးရခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment