Thursday, October 24, 2013

ရွှေသား ပါဝင်ဖွဲ့စည်းနေသည့် သစ်ပင်များ



Photo: ရွှေသား ပါဝင်ဖွဲ့စည်းနေသည့် သစ်ပင်များ
Thursday, October 24, 2013

သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။

ဩစတြေးလျ နိုင်ငံမှ သုတေသီများက မိမိတို့သည် ရွှေထွက်သည့် သစ်ပင်များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။ သို့သော်လည်း ယင်းသည် သစ်ပင်က ရွှေသား အသီးအပွင့်များ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြေကြီးထဲမှ ရွှေသားကို စုပ်ယူသည့် အလေ့အထမျိုးကြောင့်သာ ဖြစ်ကြောင်း သိရှိရသည်။ Nature Communications သုတေသန စာစောင်တွင် ယခုကဲ့သို့ ရွှေသားပါဝင်နေသည့် သစ်ပင်များအကြောင်း တွေ့ရှိချက်များကို ဖော်ပြထားခဲ့သည်။

ယူကလစ်ပင်များနှင့် အကေးရှား ထနောင်းမျိုး သစ်ပင်များသည် သဘာဝအရ ရှည်လျားသော အမြစ်သွယ်တန်းမှု စနစ်မျိုး ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့သည် ဩစတြေးလျ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ သဲဆန်သော မြေများတွင် ပေါက်ရောက်သောအခါ မြေကြီးထဲသို့ အမြစ်များက အလွန်နက်ရှိုင်းစွာ တိုးဝင်လေ့ရှိသည်။ အထူးသဖြင့် မိုးခေါင်ရေရှားသည့် အချိန်များ၌ ယင်းသစ်မြစ်များက ပိုမို၍ ရှည်လျားစွာ ဖြန့်ကျက်ပြီး စုပ်ယူနိုင်မည့် မြေအောက်ရေ အရင်းအမြစ်ကို ရှာဖွေတတ်ကြသည်။ ထိုအချိန်တွင် မြေကြီးထဲရှိ ရေကိုသာမက ဓာတ်သတ္တုများကိုပါ အမြစ်က စုပ်ယူလေ့ရှိရာ သစ်ပင်တွင် ရွှေဓာတ် ကိန်းအောင်းလာသည့် သဘောမျိုးဟု ရုက္ခဗေဒ ပညာရှင်များက ယူဆထားသည်။

ရွှေကို မည်ကဲ့သို့ စုပ်ယူသည်ဆိုသော ဇီဝဓာတု နည်းလမ်းကို သုတေသီများက စိတ်ဝင်တစား စူးစမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့က ရွှေဓာတ်ကို စုပ်ယူထားသည့် သစ်ပင်များမှ အရွက်တစ်ရွက်ချင်းစီမှ အရွက်များကို လေ့လာသည့်အခါ တစ်ဘီလျံပုံလျှင် အပုံ(၈၀)စာ ရွှေသားပါဝင်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သစ်ခေါက်များတွင်မူ ရွှေဓာတ်ပါဝင်မှု ပိုနည်းပြီး အပုံတစ်ဘီလျံတွင်မှ (၄)ပုံသာ ရွှေသား ခိုအောင်းနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သီအိုရီအရ သစ်ပင်မှ ရွှေထွက်သည်ဟု ပြောဆိုနိုင်သည့်တိုင် လက်တွေ့အားဖြင့် ယင်းရွှေသားကို မျက်စိဖြင့်ပင် မြင်နိုင်မည် မဟုတ်ဟု ဂျာနယ်က ရေးသားဖော်ပြထားခဲ့သည်။

Planet Myanmar Network
သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေသတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။

ဩစတြေးလျ နိုင်ငံမှ သုတေသီများက မိမိတို့သည် ရွှေထွက်သည့် သစ်ပင်များကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ သာမန်အားဖြင့် အဖိုးထိုက်တန်သော ရွှေ သတ္တုသည် မြေကြီးထဲမှသာ တူးဖော် ရရှိသော်လည်း အချို့သော သစ်ပင်များတွင် ရွှေသား ပါဝင်နေကြောင်း သုတေသီများက ဆိုသည်။ သို့သော်လည်း ယင်းသည် သစ်ပင်က ရွှေသား အသီးအပွင့်များ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ မြေကြီး ထဲမှ ရွှေသားကို စုပ်ယူသည့် အလေ့အထမျိုးကြောင့်သာ ဖြစ်ကြောင်း သိရှိရသည်။ Nature Communications သုတေသန စာစောင်တွင် ယခုကဲ့သို့ ရွှေသားပါဝင်နေသည့် သစ်ပင်များ အကြောင်း တွေ့ရှိချက်များကို ဖော်ပြထားခဲ့သည်။

ယူကလစ်ပင်များနှင့် အကေးရှား ထနောင်းမျိုး သစ်ပင်များသည် သဘာဝအရ ရှည်လျားသော အမြစ်သွယ်တန်းမှု စနစ်မျိုး ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့သည် ဩစတြေးလျ အနောက်ပိုင်းနှင့် တောင်ပိုင်းရှိ သဲဆန်သော မြေများတွင် ပေါက်ရောက်သောအခါ မြေကြီးထဲသို့ အမြစ်များက အလွန်နက်ရှိုင်းစွာ တိုးဝင်လေ့ရှိသည်။ အထူးသဖြင့် မိုးခေါင်ရေရှားသည့် အချိန်များ၌ ယင်းသစ်မြစ်များက ပိုမို၍ ရှည်လျားစွာ ဖြန့်ကျက်ပြီး စုပ်ယူနိုင်မည့် မြေအောက်ရေ အရင်းအမြစ်ကို ရှာဖွေတတ်ကြသည်။ ထိုအချိန်တွင် မြေကြီးထဲရှိ ရေကိုသာမက ဓာတ်သတ္တုများကိုပါ အမြစ်က စုပ်ယူလေ့ရှိရာ သစ်ပင်တွင် ရွှေဓာတ် ကိန်းအောင်းလာသည့် သဘောမျိုးဟု ရုက္ခဗေဒ ပညာရှင်များက ယူဆထားသည်။

ရွှေကို မည်ကဲ့သို့ စုပ်ယူသည်ဆိုသော ဇီဝဓာတု နည်းလမ်းကို သုတေသီများက စိတ်ဝင်တစား စူးစမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့က ရွှေဓာတ်ကို စုပ်ယူထားသည့် သစ်ပင်များမှ အရွက်တစ်ရွက်ချင်းစီမှ အရွက်များကို လေ့လာသည့်အခါ တစ်ဘီလျံပုံလျှင် အပုံ(၈၀)စာ ရွှေသားပါဝင်မှု ရှိနေကြောင်း ပြောကြား ခဲ့သည်။ သို့သော်လည်း သစ်ခေါက်များတွင်မူ ရွှေဓာတ်ပါဝင်မှု ပိုနည်းပြီး အပုံတစ်ဘီလျံတွင်မှ (၄)ပုံသာ ရွှေသား ခိုအောင်းနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် သီအိုရီအရ သစ်ပင်မှ ရွှေထွက် သည်ဟု ပြောဆိုနိုင်သည့်တိုင် လက်တွေ့အားဖြင့် ယင်းရွှေသားကို မျက်စိဖြင့်ပင် မြင်နိုင်မည် မဟုတ်ဟု ဂျာနယ်က ရေးသားဖော်ပြထားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment