Thursday, October 24, 2013

တစ်ပတ်အတွင်း ရွှေဈေး ကျပ်တစ်သောင်း မြင့်တက်

ယခုလအတွင်း တည်ငြိမ်နေသည့် ပြည်တွင်းရွှေဈေး အတက်ဘက်သို့ ပြန် လည်ဦးမော့ လာနေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

အောက်ဘာ ၁၆ ရက်ဝန်းကျင်တွင် သင်္ကြန်အပြီး အနိမ့်ဆုံးဈေးဖြစ်သည့် ကျပ် ၆၇၉,၀၀၀ အထိ ဈေးကျ ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ကျပ် ၆၈၉,၀၀၀ အထိ တစ်ပတ်အတွင်း ကျပ် ၁၀,၀၀၀ခန့် မြင့်တက် သွားခြင်းဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် များက ဆိုသည်။ ပြည်တွင်းရွှေဈေးငြိမ်နေခြင်းနှင့် ၀ါကျွတ်ကာလဖြစ် သည့်အတွက် ၀ယ်လိုအားကောင်းနေကြောင်း ယင်းတို့က ဆိုသည်။

အောင်သမာဓိရွှေဆိုင် (မန္တလေးပင်ရင်း)မှ ဦးမော်က “ရွှေဈေးတက်လာတာက ကမ္ဘာ့ရွှေဈေးကြောင့်ပါပဲ။ ဒီလထဲမှာတော့ အခုပေါက်ဈေးက ဈေးအမြင့်ဆုံးပဲ။ ဒီ အချိန်က ၀ါကျွတ်ဆိုတော့ တောင်သူတွေလည်း သီးနှံပေါ်ချိန်ဖြစ်တော့ အရောင်းအ၀ယ်က ပုံမှန်ရှိပါတယ်”ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေးမှာ အောက်တိုဘာ ၁၅ ရက်တွင် ၁၂၆၄ ဒေါ်လာရှိပြီး အောက်တို ဘာ ၂၃ ရက်တွင် ၁၃၃၂ ဒေါ်လာဈေးအထိ မြင့်တက်လာသည်။

ပြည်တွင်းဝယ်လိုအား လိုက်လာသောကြောင့် ရွှေဈေးမြင့်တက်လာခြင်းမဟုတ် ကမ္ဘာ့ရွှေဈေးမြင့် တက် နေခြင်းကြောင့်သာ ပြည်တွင်းရွှေဈေးပါ မြင့်တက်လာငေ်း ရွှေဆိုင်များက သုံးသပ်သည်။

Mizzima - News in Burmese

No comments:

Post a Comment