Saturday, October 12, 2013

ကျန်းမာရေး ဆိုတာ...

Photo: ကျန်းမာရေး ဆိုတာ... 
Saturday, October 12, 2013

ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။

Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေး ကလည်း လူကို တော်တော် နှိပ်စက်တာ ပါ။ ဇူလိုင်လ ကုန်ခါနီးအပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲခန်း က အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲလို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲ ဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။

ကဲ ဘာတတ် နိုင်မှာလဲ ပေးဆိုပေးရုံပေါ့။ စစ်နေတုန်း ဘုရားတရား မြဲလိုက်ပုံတော့ ပြော မနေနဲ့တော့ လူဆိုတာတော့ သေမှာ ကြောက်တဲ့ အမျိုးချည်းပဲပေါ့။

အဖြေရတော့မယ့်နေ့ နေ့လယ်မှာ ဓာတ်ခွဲစစ်ဆေးတဲ့ ဆေးရုံက ဖုန်းဆက် တယ်။ ကျွန်မရင်တွေလည်း ခုန်နေလိုက် တာ တဒုန်းဒုန်းနဲ့ ခြေထောက်တွေလည်း ယိုင်နေတာပဲ။ အစ်မ ဒုတိယ ထပ်စစ် ရမယ့် အဆင့်မလိုတော့လို့ မြို့ထဲက ဓာတ်ခွဲခန်းမှာ ပိုက်ဆံပြန်ထုတ်လို့ရ တယ်တဲ့။ အဲဒီလို ကြားလိုက်တာ ဟုတ် မှ ဟုတ်ရဲ့လားလို့။ မယုံတယုံတောင် ဖြစ်နေသေးပါရဲ့။ ပြီးမှ ပျော်လိုက်တာ လေ။ ငါသေတွင်းက လွတ်ပြီကွလို့ပေါ့။ ဆရာဝန်ကို ဖောလိုးအပ်ပြန်ပြ တော့ ကျွန်မကို ဘာပြောတယ်မှတ်လဲ။ အခုတော့ မရှိဘူးတဲ့။ ဒါပေမဲ့ နောက် ဖြစ်လာမယ်၊ ဖြစ်မလာဘူး မပြောနိုင် ဘူးတဲ့။ ဟောတော် ဘယ်လိုကြီးတုန်း နဂိုကမှ ကြောက်ရတဲ့အထဲ။ အဲဒီတော့ ဆရာက အကြံပေးလိုက်တာက စိတ် အေးအေးနေသွားချင်ရင် အင်ဂျလီနာ ဂျိုလီလို လုပ်လိုက်ပါတဲ့။ ရော ဖြစ်မှဖြစ် ရလေ ဆရာရယ်လို့ပဲ တွေးနိုင်ပါတော့ တယ်။

သိပ်မကြာခင် ဖေ့စ်ဘွတ်သူငယ် ချင်း ကိုဇော်မင်းထွေး (Zawminn Htwe) သူတင်လိုက်တဲ့ စတေးတပ်အရ သူ့မှာ ကင်ဆာရောဂါစွဲကပ်နေပြီလို့ သိ လိုက်ရတယ်။ သူ့စတေးတပ်ဖတ်ပြီး တော်တော်လည်း စိတ်ထိခိုက်မိတယ်။ မကြာပါဘူး။ သူဆေးရုံရောက်နေပြီ။ အရေးပေါ် A Blood လိုနေတယ်ဆိုလို့ ကျွန်မသွေးနဲ့ တူနေလို့ လှူချင်တာ အဲဒီ အပတ်မှာ သွေးအားကျနေလို့ ကျွန်မ မလှူရဘူး။ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေ ဆီက ရမလားလို့ လိုက်ရှာတယ်။ လော လောဆယ်အတွက်တော့ အဆင်ပြေ သွားတယ်။ သူ့သူငယ်ချင်းလာလှူလိုက် တယ်။ ဒါပေမဲ့ ကျွန်မ နောက်ထပ်လိုရင် လှူပေးလို့ရရင် လှူမယ်ဆိုတာ ပြောရင်း သူ့ကို သျှင်ပါကူမှာ သွားအားပေးဖြစ် တယ်။ သူဘာပြောလဲဆိုတော့ စဖြစ် ဖြစ်ချင်း အူမကြီးမှာ ဖြစ်တယ်လို့ အဖြေ မထုတ်နိုင်ဘဲ အချိန်တွေ ကြာသွားတယ် တဲ့။ ဒီလောက်တိုးတက်လာတဲ့ ခေတ် ကြီးမှာ တောင်မှလေ။

နောက်ဆရာတစ် ယောက်နဲ့မှ အဆင်ပြေတယ်။ နောက် ဆုံး နိုင်ငံခြား ထွက်ကုပေမယ့် နောက် ကျသွားပြီ ဆိုတဲ့အကြောင်း ကိုဇော်မင်း ထွေးကပဲ မမောနိုင် မပန်းနိုင် ပြောပြ ရှာတယ်။ ကျွန်မလည်း စကားတွေသာ ပြောနေရတယ်။ ရင်ထဲမှာ ဆို့နေတာပဲ။ သူ့အမေကလည်း သူ့အကြောင်း ပြော ပြတယ်။ အရမ်းလိမ္မာတဲ့ သားလေးဖြစ်တဲ့ အကြောင်း၊ အလုပ်လည်း တအားလုပ်လို့ သူ့သူငယ်ချင်းပတ်ဝန်းကျင် အသိုင်းအ ဝိုင်းတစ်ခုလုံးက ချစ်ကြောင်း၊ သြော် လိမ္မာတဲ့ လူတွေကို ပြန်ပြန်ခေါ်တာ စောလိုက်တာနော်လို့ပဲ မချိမဆံ့ တွေး မိပါရဲ့။ သူက ဘာပြောသေးလဲဆိုတော့ ကျွန်တော် နှစ်တွေအကြာကြီး ရယ်ဒီ မိတ်ခေါက်ဆွဲထုပ်တွေနဲ့ ကော်ဖီမစ်တွေ ပဲ တော်တော်များများ စားဖြစ်တဲ့အ ကြောင်း ဒါကြောင့်လို့ထင်ကြောင်းပြော တယ်။

နောက် ကျွန်မတို့ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းထဲက တစ်ယောက် အူ ကင်ဆာဖြစ်လို့ ဘန်ကောက်မှာ ဆေး သွားကုတယ် ကြားရပြန်တယ်။ မနေ့က ပဲ တခြားသူငယ်ချင်းတစ်ယောက်က တင်တဲ့ ပို့စ်မှာ ဂျာမန်ဧည့်လမ်းညွှန် အဆုတ်ကင်ဆာဖြစ်တယ်။ ၄ ရက်နေ့ မြန်မာပြည်ကနေ ဘန်ကောက်သွား မယ်။ ကုသအောင်မြင်နိုင်ပါစေ။ မင်း ပြန်လာရင် သောက်ဖို့ သင်္ဘောရွက်ပြုတ် ရေရအောင် ငါသင်္ဘောပင်တွေ စိုက် နှင့်မယ်လို့ ရေးထားတယ်။

ဘာကြောင့်များ ကျွန်မတို့ နိုင်ငံ မှာ ကင်ဆာရောဂါရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံနေရပါလိမ့်။ ကျွန်မတို့ ဘယ်သူတွေကို ဘာကို ယုံကြည်ရမလဲ။ ခုတလော ထွက်နေတဲ့ သတင်းတွေအရ ဘာစား စရာမဆို ကြောက်စရာချည်းဘဲ ဖြစ်နေ ပါလား။ ကျွန်မဟာ ဘယ်သူတွေ ဘာ ပြောပြော ကျွန်မခေါင်းနဲ့ တွေးပြီးမှ ယုံတတ်တဲ့သူ။ ဘာဖြစ်ဖြစ် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူးလို့ ခံယူထားတဲ့ သူပါ။ဒါပေမဲ့ ဒီကျန်းမာရေးကိစ္စ ကျန်း မာရေးနဲ့ ဆက်နွှယ်တဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အစိုးရမှာပဲ တာဝန် လုံးလုံးရှိတယ်လို့ ပြောချင်ပါတယ်။

FDA ဘာလုပ်နေသလဲ။ Myanmar FDA ကို ကျွန်မတို့ ဘယ်အတိုင်း အတာထိယုံရမလဲ။ FDA က ဘယ် ပမာဏတွေထိ စမ်းသပ်စစ်ဆေးသလဲ။ အစိုးရကရော FDA စစ်သမျှ ယုံတာပဲလား။ Counter Check လုပ်သင့်တယ် ယူဆပြီး လုပ်သလား ကျွန်မ မသိပါ။ ကျွန်မသူငယ်ချင်း ပါရဂူဘွဲ့ယူဖို့ စာ တမ်းပြုစုတော့ တိုင်းရင်းဆေးတချို့ကို ဓာတ်ခွဲပါတယ်။ တော်တော်နာမည်ကြီး တဲ့ အကိုက်အခဲ ပျောက်လိမ်းဆေးမှာ အာဆင်းနစ်တွေပါတယ်။

သူ့ကို အဲဒီ ဆေးပိုင်ရှင်က အပြင်ကို မပြောဖို့ လာ တောင်းပန်ကြောင်း သိရတော့ ကျွန်မနဲ့ တောင် စကားများရပါသေးတယ်။ နောက် တစ်ခါ အင်အားပြင်း ဓာတ်မြေသြဇာ တွေ တင်သွင်းတဲ့ကိစ္စ မသွင်းရဘူးဆိုတဲ့ ဟာတွေကို Custom Clearing Agent တွေ အကူအညီနဲ့ ရအောင်သွင်းတဲ့ ကုမ္ပဏီတွေ ရှိခဲ့ဖူးတယ်။ ဒီဓာတ်မြေ သြဇာတွေကြောင့် မဖြစ်သင့်တဲ့အမှုတွေ ခဏခဏဖြစ်တယ်။ ကျွန်မတောင် တစ် ခါ ပန်းဂေါ်ဖီပွင့်ကြော်နဲ့ သေမလို ဖြစ် တယ်ဆိုတာ ရေးဖူးပါတယ်။

တစ်ခါ အသီးအနှံတွေမှာ အစား အသောက်တွေမှာ ကြာကြာခံအောင် ဓာတုဆေးဝါးတွေနဲ့ စီမံထားတာ။ တစ် တိုင်းပြည်လုံး တွင်တွင်ကျယ်ကျယ် စား နေတဲ့ ကွမ်းသတ်လို့သေတဲ့ လူပေါင်း လည်း များနေပြီ။ ကွမ်းသီးကို ပိုးမကျ အောင်ဖျန်းတဲ့ ပိုးသတ်ဆေးက အဓိက ထင်တာပဲ။ ကွမ်းသီးပွဲရုံ အလုပ်သမား ဟာ ဓာတုဆေးဝါးကျွမ်းကျင်သူ မဟုတ် လို့ဘယ်အတိုင်းအဆဖျန်းရင် အန္တရာယ် ရှိတယ် မရှိဘူးဆိုတာ သိမှာ မဟုတ်ဘူး။

အန္တရာယ်မရှိဘူးထင်ရပြီး တစ်ခါ တလေမှာ အန္တရာယ်ရှိတဲ့ သနပ်ခါး အ ကြောင်းလည်း သိသင့်ပါတယ်။ ကျွန်မ တို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တစ်နိုင်ငံလုံး နေရာအနှံ့ လျှောက်သွား နေရတဲ့ လူတွေပါ။ တစ်နိုင်ငံလုံး ဘယ် နေရာမှာ ဘာရပြီး ဘယ်နေရာက ဘာ တွေလုပ်နေတယ်ဆိုတာကို သိလည်း သိကြတယ်။ မြင်လည်း မြင်တယ်။

တစ် ခါတလေ ကိုယ်က မျက်စိရှန်းတောင် ကိုယ့်ဧည့်သည်တွေက ထောက်ပြပြီး ပြောသွားတာမျိုးတွေ ရှိကြတယ်။ အဲဒီ တော့ ပြောချင်တာက ဧည့်လမ်းညွှန်တွေ က သာမန်ပြည်သူပြည်သားတွေမသိတဲ့ ကိစ္စမျိုးတွေတောင် သိတယ်။ သိတာကို လည်း အများသိအောင် ချပြချင်တဲ့ စေ တနာနဲ့ သတ္တိလည်း ရှိကြတယ်ဆိုတာပါ။

သနပ်ခါးကို တချို့ရောင်းတဲ့သူ တွေက အရောင်ပိုလှအောင် ဆေးခြယ် လေ့ ရှိတယ်။ ပန်းချီဆေးခြယ်တာ ပြဿနာမဟုတ်ပေမယ့် ဘက်ထရီပလိပ် ပြားထောင်း အညိုရင့်ရင့် (စဥ့်အိုး အရောင်ခြယ်ရန်လည်း သုံးပါသည်)တွေခြယ်တာကတော့ တကယ့် ပြဿနာ ပဲ။ တစ်ခါတလေ အမေတွေက သနပ် ခါးသွေးရင်း ကလေးကို သနပ်ခါးခွံ့သေး တာ။ ဒီက အမျိုးသမီးတွေလည်း သနပ် ခါးပဲလိမ်းရင်းနဲ့ အမည်းကွက် အမည်း စက် တင်းတိပ်တွေ ထွက်တယ်ဆိုတာ အဲဒါတွေရဲ့ အကျိုးဆက်ပေါ့။ ဘက်ထရီ ပလိပ်ပြားမှုန့်ကတော့ ကင်ဆာပါဖြစ်မှာ အသေချာပဲ။ တချို့က သနပ်ခါးတုံးဖြတ်ရင်း အပွေးလေးတွေထွက်လာရင် လွှင့်မပစ်ဘူး။ ဆူပါဂလူးနဲ့ ပြန်ကပ်တာ တောင်ရှိတယ်။ ဒါကတော့ ကိစ္စမရှိပါ ဘူး။

အရင် ကျွန်မတို့ငယ်ငယ်က ဘယ် မှာ ကင်ဆာဆိုတာ ဖြစ်လို့လဲ။ ရှိတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ခုလိုတော့ ကမ္ဘာ မှာ ကင်ဆာဒုတိယအဖြစ်ဆုံး တိုင်းပြည် လို့ အခေါ်ခံရလောက်အောင် မရှိခဲ့ပါ ဘူး။ အဲဒါဘာကြောင့်လဲ သမ္မာအာဇီဝ မဖြစ်တဲ့လုပ်ငန်းတွေကြောင့် အများကြီး ပါတယ်လို့ မထင်ကြဘူးလား။ စိတ် ဖိစီးမှုတွေ ပတ်ဝန်းကျင်ကမ္ဘာကြီး ပူနွေး ဖောက်ပြန်လာမှုတွေလည်း ပါမှာပေါ့။ အစားအသောက်ကတော့ အဓိက ထင် ပါရဲ့။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သမ္မာအာဇီဝဆိုတာ သိကြပါတယ်။ သိ သိကြီးနဲ့ တချို့က ဝိသမလောဘသား ကောင်တွေအဖြစ်နဲ့ မသိချင်ယောင် ဆောင်နေကြတယ်။ သူခိုး ဓားပြမှ ငရဲ ကြီးမှာ မဟုတ်ဘူး။ မသမ္မာ အာဇီဝ လုပ်ရင်လည်း ကြီးမှာပဲ။ ဥပမာ ခု ခေတ်စားနေတဲ့ ငါးပိ ကိစ္စဆိုပါတော့ ရောင်းတဲ့သူကတော့ လူမသတ်ဘူး။ ဒါ ပေမဲ့ သူ့ဟာစားပြီး သေမယ်ဆိုရင် သူ လည်း ပါဏာတိပါတ ကံကျူးလွန်တာပဲ။ ငရဲမင်းကိုတော့ မသိလို့ပါလို့ အစစ်ခံ လို့ရမယ် မထင်ဘူး။ 'သင်မသိ ဟု ဆိုရုံ မျှဖြင့် . . . 'ဆိုတဲ့ ဥပဒေစကားတောင် ရှိတာပဲ။

ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်တွေကိုလည်း နေရာတကာမှာ သုံးကြပါတယ်။ အပူမထည့်ရင် ကိစ္စသိပ်မရှိပေမယ့် အပူတွေထည့်ရင်တော့ Chemical Reaction တွေ ဖြစ်မှာ အသေအချာပါပဲ။ အထူးသဖြင့် မုန့်ဟင်း ခါးဟင်းရည်ထည့်ကြတာလေ။ ကျွန်မ တော့ အိမ်က ချိုင့်ယူသွားခိုင်းတယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်တဲ့ အပူတွေ မြင်ရင် အဆိပ်လို့ ခံစားရတယ်။ အရင် တုန်းကလို ငှက်ပျောဖက် အင်ဖက်တို့နဲ့ ထုပ်တဲ့ ခေတ်ပြန်ရောက်ရင် ကောင်းမှာ ပါပဲ။

အကြော်တွေမှာ ပွဆေးတွေထည့် တာလည်း ရှိသေး။ ဒါကြောင့် သိပ်ပွ ရွနေတာတွေလည်း မစားရင်ကောင်း မယ်။ အကြော်(တင်ပူရာ)ဆိုလည်း ဆီ တစ်ခါကြော်ပြီးတိုင်းမှာ မသွန်နိုင်တာ ဒီတော့ စားချင်ရင် အိမ်မှာ ကြော်စား ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသားက တော့ တစ်ခုခုကြော်ပြီးရင် ဆီကို ဘတ်ခနဲ သွန်ပစ်တာ စမြင်ရတုန်းက ဗမာပီပီ နှမြောလိုက်တာ။ တိုးရစ်တွေ စားတဲ့ စားသောက်ဆိုင်တွေဆို MSG Free (အချိုမှုန့် မပါ) စားအုန်းဆီမသုံး စတာတွေ ဖော်ပြထားရတယ်။ နို့မို့ဆို ကျွေးလို့မရဘူး။ နိုင်ငံခြားသားကတော့ ကျန်းမာရေး လိုက်စားတယ်ဆို တကယ် ကို လိုက်စားတာပါ။ သူတို့က ကိုယ် လက်လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ကြ တဲ့ လူမျိုးတွေ။သူတို့ အစိုးရတွေကလည်း ဂရုစိုက်ကြတယ်။ တကယ်တော့ ဒီအ စားအသောက်တွေ မသန့်ရှင်းတာ အန္တရာယ်ရှိတာကို အစိုးရအနေနဲ့ ဖိဖိ စီးစီး တကယ်ကို စေတနာပါပါနဲ့ဆောင် ရွက်ပေးလို့ ရတာပဲ။ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ ကျန်းမာရေး ဆေးကု စရိတ်တွေနဲ့ လုံးလည်လိုက်ပြီး မမွဲစေ ချင်ရင်ပေါ့။ ခုတော့ မွဲလည်း မွဲသေး။ လူလည်း အသက်မရှင် ဆိုတာကတော့ မတန်ပါဘူးလေ။

မူလတန်းကျောင်းတွေမှာ ကလေး တွေကို သတ်တော့မလား အောက်မေ့ရ တယ်။ ခုတော့ တောင်တွင်းမှာ အစား အသောက်တွေနဲ့ပတ်သက်ပြီး အန္တရာယ် ရှိတဲ့အကြောင်းကို လူတွေသိအောင် Campaign လုပ်မယ်ပြောတယ်။ အရမ်းကြိုဆိုပါတယ်။ အဲဒါမျိုး တစ်နိုင်ငံလုံးမှာ လုပ်ရမယ်။ မလုပ်မရှုပ်မပြုတ်တွေ များနေရင်တော့ မလွယ်လှဘူးပေါ့။
အင်း ကျွန်မတို့ မြန်မာလူမျိုးတွေ ရဲ့ဘဝကတော့ ရင်လေးစရာ အတိပါပဲ။ အစိုးရမင်းများကိုပဲ တောင်းဆိုချင်ပါ တယ်။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်း မာတာကို စာရွက်ပေါ်မှာတင်မဟုတ် လက်တွေ့မြင်ချင်ကြပါလို့ ....။

အမရာ(ရူပ)
Popular Myanmar News Journal
ကျွန်မ အခုတလောမှာ စိတ်မ ကောင်းစရာသတင်းတွေပဲ ဆက်တိုက် ကြားနေရတယ်။ ပထမက ကျွန်မ ကိုယ်တိုင် ကျန်းမာရေး ချို့ယွင်းသွားတဲ့ကိစ္စ မေလမှာ ပုဂ္ဂလိက ဆေးရုံတစ်ခုနဲ့ ကျန်းမာရေးဆေးစစ်တဲ့ Package ဝယ်ပြီး သွားစစ်တယ်။ အား လုံးအကောင်းပါပဲ။
Cyst လေးတချို့ တွေ့တာလွဲလို့။ ပျော်ရွှင်စွာ ပြန်လာ တယ်။ နှစ်ပတ်လောက်ကြာတော့ အ လှပြင်ဆိုင်မှာ Armpit Hairs Removal ကို အပူပေးတဲ့စက်နဲ့လုပ်တယ်။ နှစ် ပတ်တစ်ခါ နှစ်ခါတိတိ လုပ်လိုက်တယ်။ ဇူလိုင်လ ကုန်လောက်မှာ ရေချိုးမလို့ လုပ်ရင်း အကျိတ် ဇီးဖြူသီးသေးသေး လောက်စမ်းလိုက်မိတယ်။ ဘယ်လိုပြော ရမလဲ။ ဝုန်းခနဲ ဖန်ဆင်းလိုက်သလိုထွက် လာတာ လူကို ပြာနောက်သွားတာပဲ။ ထုံးစံအတိုင်း ခွဲစိတ်အထူးကု ပြရတာ ပေါ့။ ထုံးစံအတိုင်းခွဲ လိုက်ရတာပေါ့။ ခွဲရတာတော့ မိုင်နာပါပဲ။ ဒါပေမဲ့ ကြောက်စိတ်တွေက ဖိစီးနေတာလေ။

ငါ ကင်ဆာဖြစ်နေပြီလားဆိုတဲ့အတွေးကလည်း လူကို တော်တော် နှိပ်စက်တာပါ။ ဇူလိုင်လ ကုန်ခါနီး အပတ်နဲ့ သြဂုတ် တစ်လလုံးဟာ ကျွန်မအတွက်တော့ မချိမဆန့်ခံစားနေရတဲ့ ရက်တွေပေါ့။ ခွဲစိတ်ပြီး Biopsy လုပ်တယ်။ အဲဒီအဖြေ မရမချင်း ကမ္ဘာပျက်နေသလိုပါပဲ။ တစ်ခါ Biopsy သွားလုပ်တော့ ဓာတ်ခွဲ ခန်းက အဆင့် ၂ ဆင့်လုံးအတွက် ပိုက်ဆံ တစ်ခါတည်းရှင်းရမယ်တဲ့။ စစ်တာရယ် စစ်ပြီး ကင်ဆာဆိုရင် ဘယ်အဆင့် ရောက်နေပြီလဲဆိုတာကိုစစ်ဖို့တဲ့။ ဘယ် လောက်များ သူတို့ ပိုက်ဆံရဖို့ကိုပဲ ဦးစားပေးသလဲ လို့။ လူနာကလည်း ဟုတ်ခဲ့ရင် ဘယ်သူမဆို ဘယ်အဆင့်လဲဆိုတာ စစ်ရမှာပါပဲ။ စစ်တာ ၈ သောင်း လောက်တောင်ကျတယ်။

ကဲ ဘာတတ် နိုင်မှာလဲ ပေးဆိုပေးရုံပေါ့။ စစ်နေတုန်း ဘုရားတရား မြဲလိုက်ပုံတော့ ပြော မနေနဲ့တော့ လူဆိုတာတော့ သေမှာ ကြောက်တဲ့ အမျိုးချည်းပဲပေါ့။

အဖြေရတော့မယ့်နေ့ နေ့လယ်မှာ ဓာတ်ခွဲစစ်ဆေးတဲ့ ဆေးရုံက ဖုန်းဆက် တယ်။ ကျွန်မရင်တွေလည်း ခုန်နေလိုက် တာ တဒုန်းဒုန်းနဲ့ ခြေထောက်တွေလည်း ယိုင်နေတာပဲ။ အစ်မ ဒုတိယ ထပ်စစ် ရမယ့် အဆင့်မလိုတော့လို့ မြို့ထဲက ဓာတ်ခွဲခန်းမှာ ပိုက်ဆံပြန်ထုတ်လို့ရ တယ်တဲ့။ အဲဒီလို ကြားလိုက်တာ ဟုတ် မှ ဟုတ်ရဲ့လားလို့။ မယုံတယုံတောင် ဖြစ်နေသေးပါရဲ့။ ပြီးမှ ပျော်လိုက်တာ လေ။ ငါသေတွင်းက လွတ်ပြီကွလို့ပေါ့။ ဆရာဝန်ကို ဖောလိုးအပ်ပြန်ပြ တော့ ကျွန်မကို ဘာပြောတယ်မှတ်လဲ။ အခုတော့ မရှိဘူးတဲ့။ ဒါပေမဲ့ နောက် ဖြစ်လာမယ်၊ ဖြစ်မလာဘူး မပြောနိုင် ဘူးတဲ့။ ဟောတော် ဘယ်လိုကြီးတုန်း နဂိုကမှ ကြောက်ရတဲ့အထဲ။ အဲဒီတော့ ဆရာက အကြံပေးလိုက်တာက စိတ် အေးအေးနေသွားချင်ရင် အင်ဂျလီနာ ဂျိုလီလို လုပ်လိုက်ပါတဲ့။ ရော ဖြစ်မှဖြစ် ရလေ ဆရာရယ်လို့ပဲ တွေးနိုင်ပါတော့ တယ်။

သိပ်မကြာခင် ဖေ့စ်ဘွတ်သူငယ် ချင်း ကိုဇော်မင်းထွေး (Zawminn Htwe) သူတင်လိုက်တဲ့ စတေးတပ်အရ သူ့မှာ ကင်ဆာရောဂါစွဲကပ်နေပြီလို့ သိ လိုက်ရတယ်။ သူ့စတေးတပ်ဖတ်ပြီး တော်တော်လည်း စိတ်ထိခိုက်မိတယ်။ မကြာပါဘူး။ သူဆေးရုံရောက်နေပြီ။ အရေးပေါ် A Blood လိုနေတယ်ဆိုလို့ ကျွန်မသွေးနဲ့ တူနေလို့ လှူချင်တာ အဲဒီ အပတ်မှာ သွေးအားကျနေလို့ ကျွန်မ မလှူရဘူး။ ဒါနဲ့ ကျွန်မ သူငယ်ချင်းတွေ ဆီက ရမလားလို့ လိုက်ရှာတယ်။ လော လောဆယ်အတွက်တော့ အဆင်ပြေ သွားတယ်။ သူ့သူငယ်ချင်းလာလှူလိုက် တယ်။ ဒါပေမဲ့ ကျွန်မ နောက်ထပ်လိုရင် လှူပေးလို့ရရင် လှူမယ်ဆိုတာ ပြော ရင်း သူ့ကို သျှင်ပါကူမှာ သွားအားပေးဖြစ် တယ်။ သူဘာပြောလဲဆိုတော့ စဖြစ် ဖြစ်ချင်း အူမကြီးမှာ ဖြစ် တယ်လို့ အဖြေမထုတ်နိုင်ဘဲအချိန်တွေ ကြာသွားတယ်တဲ့။ ဒီလောက်တိုးတက်လာတဲ့ ခေတ် ကြီး မှာ တောင်မှလေ။

နောက်ဆရာတစ် ယောက်နဲ့မှ အဆင်ပြေတယ်။ နောက် ဆုံး နိုင်ငံခြား ထွက်ကုပေမယ့် နောက် ကျသွားပြီ ဆိုတဲ့အကြောင်း ကိုဇော်မင်း ထွေးကပဲ မမောနိုင် မပန်းနိုင် ပြောပြ ရှာတယ်။ ကျွန်မလည်း စကားတွေသာ ပြောနေရတယ်။ ရင်ထဲမှာ ဆို့နေတာပဲ။ သူ့အမေကလည်း သူ့အကြောင်း ပြော ပြတယ်။ အရမ်းလိမ္မာတဲ့ သားလေးဖြစ်တဲ့ အကြောင်း၊ အလုပ်လည်း တအားလုပ်လို့ သူ့သူငယ်ချင်းပတ်ဝန်းကျင် အသိုင်းအ ဝိုင်းတစ်ခုလုံးက ချစ်ကြောင်း၊ သြော် လိမ္မာတဲ့ လူတွေကို ပြန်ပြန်ခေါ်တာ စောလိုက်တာနော် လို့ပဲမချိမဆံ့ တွေးမိပါရဲ့။ သူကဘာပြောသေးလဲဆိုတော့ ကျွန်တော် နှစ်တွေအကြာကြီး ရယ်ဒီ မိတ်ခေါက်ဆွဲထုပ်တွေနဲ့ ကော်ဖီမစ်တွေပဲ တော်တော်များများ စားဖြစ်တဲ့အ ကြောင်း ဒါကြောင့်လို့ ထင်ကြောင်းပြော တယ်။

နောက် ကျွန်မတို့ ဧည့်လမ်းညွှန် အသိုင်းအဝိုင်းထဲက တစ်ယောက် အူ ကင်ဆာဖြစ်လို့ ဘန်ကောက် မှာ ဆေး သွားကုတယ် ကြားရပြန်တယ်။ မနေ့က ပဲ တခြားသူငယ်ချင်းတစ်ယောက်က တင်တဲ့ ပို့စ်မှာ ဂျာမန်ဧည့်လမ်းညွှန် အဆုတ်ကင်ဆာဖြစ်တယ်။ ၄ ရက်နေ့ မြန်မာပြည်ကနေ ဘန်ကောက်သွား မယ်။ ကုသအောင်မြင်နိုင်ပါစေ။ မင်း ပြန်လာရင် သောက်ဖို့ သင်္ဘောရွက်ပြုတ် ရေရအောင် ငါသင်္ဘောပင်တွေ စိုက် နှင့်မယ်လို့ ရေးထားတယ်။

ဘာကြောင့်များ ကျွန်မတို့ နိုင်ငံ မှာ ကင်ဆာရောဂါရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံနေရပါလိမ့်။ ကျွန်မတို့ ဘယ် သူတွေကို ဘာကိုယုံကြည်ရမလဲ။ ခုတလော ထွက်နေတဲ့ သတင်းတွေအရ ဘာစား စရာမဆို ကြောက်စရာ ချည်းဘဲ ဖြစ်နေ ပါလား။ ကျွန်မဟာ ဘယ်သူတွေ ဘာ ပြောပြော ကျွန်မခေါင်းနဲ့ တွေးပြီးမှ ယုံတတ်တဲ့သူ။ ဘာဖြစ်ဖြစ် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘူးလို့ ခံယူထားတဲ့ သူပါ။ဒါပေမဲ့ ဒီကျန်းမာရေးကိစ္စ ကျန်း မာရေးနဲ့ ဆက်နွှယ်တဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာတော့ အစိုးရမှာပဲ တာဝန် လုံးလုံးရှိတယ်လို့ ပြော ချင်ပါတယ်။

FDA ဘာလုပ်နေသလဲ။ Myanmar FDA ကို ကျွန်မတို့ ဘယ်အတိုင်း အတာထိယုံရမလဲ။ FDA က ဘယ် ပမာဏတွေထိ စမ်းသပ်စစ်ဆေးသလဲ။ အစိုးရကရော FDA စစ်သမျှ ယုံတာပဲလား။ Counter Check လုပ်သင့်တယ် ယူဆပြီး လုပ်သလား ကျွန်မ မသိပါ။ ကျွန်မသူငယ်ချင်း ပါရဂူဘွဲ့ယူဖို့ စာ တမ်းပြုစုတော့ တိုင်းရင်းဆေးတချို့ကို ဓာတ်ခွဲပါတယ်။ တော်တော်နာမည်ကြီး တဲ့ အကိုက်အခဲ ပျောက်လိမ်းဆေးမှာ အာဆင်းနစ်တွေပါတယ်။

သူ့ကို အဲဒီ ဆေးပိုင်ရှင်က အပြင်ကို မပြောဖို့ လာ တောင်းပန်ကြောင်း သိရတော့ ကျွန်မနဲ့ တောင် စကား များရ ပါသေးတယ်။ နောက် တစ်ခါ အင်အားပြင်း ဓာတ်မြေသြဇာ တွေ တင်သွင်းတဲ့ကိစ္စ မသွင်းရဘူးဆိုတဲ့ ဟာတွေကို Custom Clearing Agent တွေ အကူအညီနဲ့ ရအောင်သွင်းတဲ့ ကုမ္ပဏီတွေ ရှိခဲ့ဖူးတယ်။ ဒီဓာတ်မြေ သြဇာတွေကြောင့် မဖြစ်သင့်တဲ့အမှုတွေ ခဏခဏဖြစ်တယ်။ ကျွန်မတောင် တစ် ခါ ပန်းဂေါ်ဖီ ပွင့်ကြော်နဲ့ သေမလို ဖြစ် တယ်ဆိုတာ ရေးဖူးပါတယ်။

တစ်ခါ အသီးအနှံတွေမှာ အစား အသောက်တွေမှာ ကြာကြာခံအောင် ဓာတုဆေးဝါးတွေနဲ့ စီမံထားတာ။ တစ် တိုင်းပြည်လုံး တွင်တွင်ကျယ်ကျယ် စား နေတဲ့ ကွမ်းသတ်လို့သေတဲ့ လူပေါင်း လည်း များနေပြီ။ ကွမ်းသီးကို ပိုးမကျ အောင်ဖျန်းတဲ့ ပိုးသတ်ဆေးက အဓိက ထင်တာပဲ။ ကွမ်းသီးပွဲရုံ အလုပ်သမား ဟာ ဓာတုဆေးဝါးကျွမ်းကျင်သူ မဟုတ် လို့ဘယ်အတိုင်းအဆဖျန်းရင် အန္တရာယ် ရှိတယ် မရှိဘူးဆိုတာ သိမှာ မဟုတ်ဘူး။

အန္တရာယ်မရှိဘူးထင်ရပြီး တစ်ခါ တလေမှာ အန္တရာယ်ရှိတဲ့ သနပ်ခါး အ ကြောင်းလည်း သိသင့်ပါတယ်။ ကျွန်မ တို့က နိုင်ငံခြားသား ဧည့်သည်တွေနဲ့ တစ်နိုင်ငံလုံး နေရာအနှံ့ လျှောက်သွား နေရတဲ့ လူတွေပါ။ တစ်နိုင်ငံလုံး ဘယ် နေရာမှာ ဘာရပြီး ဘယ်နေရာက ဘာ တွေလုပ်နေတယ်ဆိုတာကို သိလည်း သိကြတယ်။ မြင်လည်း မြင်တယ်။

တစ်ခါတလေ ကိုယ်ကမျက်စိရှန်းတောင် ကိုယ့်ဧည့်သည်တွေက ထောက်ပြပြီး ပြောသွားတာမျိုးတွေ ရှိကြ တယ်။ အဲဒီ တော့ ပြောချင်တာက ဧည့်လမ်းညွှန်တွေက သာမန်ပြည်သူပြည်သားတွေမသိတဲ့ ကိစ္စ မျိုးတွေတောင် သိတယ်။ သိတာကိုလည်း အများသိအောင် ချပြချင်တဲ့ စေတနာနဲ့ သတ္တိလည်း ရှိကြတယ် ဆိုတာပါ။

သနပ်ခါးကို တချို့ရောင်းတဲ့သူ တွေက အရောင်ပိုလှအောင် ဆေးခြယ် လေ့ ရှိတယ်။ ပန်းချီဆေးခြယ် တာ ပြဿနာမဟုတ်ပေမယ့် ဘက်ထရီပလိပ် ပြားထောင်း အညိုရင့်ရင့် (စဥ့်အိုး အရောင်ခြယ်ရန်လည်း သုံးပါသည်)တွေခြယ်တာကတော့ တကယ့် ပြဿနာ ပဲ။ တစ်ခါတလေ အမေတွေက သနပ် ခါးသွေးရင်း ကလေးကို သနပ်ခါးခွံ့သေး တာ။ ဒီက အမျိုးသမီးတွေလည်း သနပ် ခါးပဲလိမ်းရင်းနဲ့ အမည်းကွက် အမည်း စက် တင်းတိပ်တွေ ထွက်တယ်ဆိုတာ အဲဒါတွေရဲ့ အကျိုးဆက်ပေါ့။ ဘက်ထရီ ပလိပ်ပြားမှုန့်ကတော့ ကင်ဆာပါဖြစ်မှာ အသေချာပဲ။ တချို့က သနပ်ခါးတုံးဖြတ်ရင်း အပွေးလေးတွေထွက်လာရင် လွှင့်မပစ်ဘူး။ ဆူပါဂလူးနဲ့ ပြန်ကပ်တာ တောင်ရှိတယ်။ ဒါကတော့ ကိစ္စမရှိပါ ဘူး။

အရင် ကျွန်မတို့ငယ်ငယ်က ဘယ် မှာ ကင်ဆာဆိုတာ ဖြစ်လို့လဲ။ ရှိတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ ခုလိုတော့ ကမ္ဘာ မှာ ကင်ဆာဒုတိယအဖြစ်ဆုံး တိုင်းပြည် လို့ အခေါ်ခံရလောက်အောင် မရှိခဲ့ပါ ဘူး။ အဲဒါ ဘာကြောင့်လဲ သမ္မာအာဇီဝ မဖြစ်တဲ့လုပ်ငန်းတွေကြောင့် အများကြီး ပါတယ်လို့ မထင်ကြဘူးလား။ စိတ် ဖိစီးမှုတွေ ပတ်ဝန်းကျင်ကမ္ဘာကြီး ပူနွေး ဖောက်ပြန်လာမှုတွေလည်း ပါမှာပေါ့။ အစားအသောက် ကတော့ အဓိက ထင် ပါရဲ့။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း သမ္မာအာဇီဝဆိုတာ သိကြပါတယ်။ သိ သိကြီးနဲ့ တချို့က ဝိသမလောဘ သား ကောင်တွေအဖြစ်နဲ့ မသိချင်ယောင် ဆောင်နေကြတယ်။ သူခိုး ဓားပြမှ ငရဲ ကြီးမှာ မဟုတ်ဘူး။ မသမ္မာ အာဇီဝ လုပ်ရင်လည်း ကြီးမှာပဲ။ ဥပမာ ခု ခေတ်စားနေတဲ့ ငါးပိ ကိစ္စဆိုပါတော့ ရောင်းတဲ့ သူ ကတော့ လူမသတ်ဘူး။ ဒါ ပေမဲ့ သူ့ဟာစားပြီး သေမယ်ဆိုရင် သူ လည်း ပါဏာတိပါတ ကံကျူးလွန်တာပဲ။ ငရဲမင်းကိုတော့ မသိလို့ပါလို့ အစစ်ခံ လို့ရမယ် မထင်ဘူး။ 'သင်မသိ ဟု ဆိုရုံ မျှဖြင့် . . . 'ဆိုတဲ့ ဥပဒေ စကားတောင် ရှိတာပဲ။

ကြွပ်ကြွပ်အိတ်လို့ခေါ်တဲ့ ပလတ်စတစ်အိတ်တွေကိုလည်း နေရာတကာမှာ သုံးကြပါတယ်။ အပူမထည့်ရင် ကိစ္စသိပ်မရှိပေမယ့် အပူတွေထည့်ရင်တော့ Chemical Reaction တွေ ဖြစ်မှာ အသေအချာပါပဲ။ အထူးသဖြင့် မုန့်ဟင်း ခါးဟင်းရည်ထည့်ကြတာလေ။ ကျွန်မ တော့ အိမ်က ချိုင့်ယူသွားခိုင်းတယ်။ ကြွပ်ကြွပ်အိတ်ထဲ ထည့်တဲ့ အပူတွေ မြင်ရင် အဆိပ်လို့ ခံစားရတယ်။ အရင် တုန်းကလို ငှက်ပျောဖက် အင်ဖက်တို့နဲ့ ထုပ်တဲ့ ခေတ်ပြန်ရောက်ရင် ကောင်းမှာ ပါပဲ။

အကြော်တွေမှာ ပွဆေးတွေထည့် တာလည်း ရှိသေး။ ဒါကြောင့် သိပ်ပွ ရွနေတာတွေလည်း မစား ရင်ကောင်း မယ်။ အကြော်(တင်ပူရာ)ဆိုလည်း ဆီ တစ်ခါကြော်ပြီးတိုင်းမှာ မသွန်နိုင်တာ ဒီတော့ စားချင် ရင် အိမ်မှာ ကြော်စား ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသားက တော့ တစ်ခုခုကြော်ပြီးရင် ဆီကို ဘတ်ခနဲ သွန်ပစ်တာ စမြင်ရတုန်းက ဗမာပီပီ နှမြောလိုက်တာ။ တိုးရစ်တွေ စားတဲ့ စားသောက်ဆိုင်တွေဆို MSG Free (အချိုမှုန့် မပါ) စားအုန်းဆီမသုံး စတာတွေ ဖော်ပြထားရ တယ်။ နို့မို့ဆို ကျွေးလို့မရ ဘူး။ နိုင်ငံခြား သားကတော့ ကျန်းမာရေး လိုက်စားတယ်ဆို တကယ်ကို လိုက်စားတာပါ။ သူတို့က ကိုယ် လက်လေ့ကျင့် ခန်း လည်း မှန်မှန်လုပ်ကြ တဲ့ လူမျိုးတွေ။သူတို့ အစိုးရတွေကလည်း ဂရုစိုက်ကြတယ်။ တကယ်တော့ ဒီအ စားအသောက်တွေ မသန့်ရှင်းတာ အန္တရာယ်ရှိတာကို အစိုးရအနေနဲ့ ဖိဖိ စီးစီး တကယ်ကို စေတနာပါ ပါနဲ့ဆောင် ရွက်ပေးလို့ ရတာပဲ။ ကိုယ့်တိုင်းပြည်သူ ပြည်သားတွေ ကျန်းမာရေး ဆေးကု စရိတ်တွေနဲ့ လုံးလည် လိုက်ပြီး မမွဲစေ ချင်ရင်ပေါ့။ ခုတော့ မွဲလည်း မွဲသေး။ လူလည်း အသက်မရှင် ဆိုတာကတော့ မတန်ပါဘူးလေ။

မူလတန်းကျောင်းတွေမှာ ကလေး တွေကို သတ်တော့မလား အောက်မေ့ရ တယ်။ ခုတော့ တောင်တွင်းမှာ အစား အသောက်တွေနဲ့ပတ်သက်ပြီး အန္တရာယ် ရှိတဲ့အကြောင်းကို လူတွေသိအောင် Campaign လုပ်မယ်ပြောတယ်။ အရမ်းကြိုဆိုပါတယ်။ အဲဒါမျိုး တစ်နိုင်ငံလုံးမှာ လုပ်ရမယ်။ မလုပ်မရှုပ်မပြုတ်တွေ များနေရင်တော့ မလွယ်လှဘူးပေါ့။
အင်း ကျွန်မတို့ မြန်မာလူမျိုးတွေ ရဲ့ဘဝကတော့ ရင်လေးစရာ အတိပါပဲ။ အစိုးရမင်းများကိုပဲ တောင်းဆို ချင်ပါ တယ်။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်း မာတာကို စာရွက်ပေါ်မှာတင်မဟုတ် လက်တွေ့မြင်ချင်ကြ ပါလို့ ....။

အမရာ(ရူပ)
Popular Myanmar News Journal

No comments:

Post a Comment