Thursday, October 10, 2013

၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံ ရရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ


Photo: ၂၀၁၂-၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ လေးဘီလျံ ရရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
Thursday, October 10, 2013

မြန်မာနိုင်ငံသည် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်အမေရိကန်ဒေါ်လာ လေးဘီလျံထိ ရရှိခဲ့ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ နှစ်လယ်စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု (GDP)ကို ပြန်ကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်းလည်း ဖော်ပြထားပြီး ယင်းကဲ့သို့ တိုးတက်ခဲ့သည့် အကြောင်းများထဲတွင် ခရီးသွားကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်လာခဲ့ခြင်း၊ ငွေကြေးလုပ်ငန်းများ တိုးတက်လာခဲ့ခြင်းလည်း ပါဝင်ကြောင်း၊ ထို့အတူ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းထိ စီးဝင်လာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

''မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဓာတ်ငွေ့ ရောင်းရတဲ့ဝင်ငွေတွေ၊ ဆောက်လုပ်ရေးကဏ္ဍက ရတဲ့ဝင်ငွေတွေ၊ ၀န်ဆောင်မှုကဏ္ဍက ရတဲ့ဝင်ငွေတွေ ရှိနေတယ်။ ပြည်ပကို သဘောဝဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၁၁-၂၀၁၂ မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၄ ဘီလျံအထိ ရောက်ခဲ့တယ်။

ဝန်ဆောင်မှုကဏ္ဍမှာဆိုရင်လည်း ခရီးသွားလုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ တိုးတက်လာတာကို တွေ့ရတယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဆိုရင်လည်း ၂၀၁၁-၂၀၁၂ မှာ ဂျီဒီပီရဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိ တက်လာတာ တွေ့ရတယ်။ နောက်တစ်ခုက အာရှမှာ အင်အားကြီးတဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ထိုင်းနိုင်ငံထက်ပိုပြီး စိတ်ဝင်စားနေပါတယ်''ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။

ယင်းသို့ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုများတွင် စွမ်းအင်ကဏ္ဍ၊ အထည်ချုပ်လုပ်ငန်း၊ အိုင်တီလုပ်ငန်းများ၊ အစားအစာနှင့် အဖျော်ရည်ယမကာ လုပ်ငန်းများ အဓိကပါဝင်နေကြောင်း၊ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဆန်စပါးထုတ်လုပ်မှု ကဏ္ဍများတွင် ကျဆင်းနေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ရေကြီးရေလျံမှု များဖြစ်ခဲ့သည့်အတွက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း အဆိုပါစစ် တမ်းတွင် ဖော်ပြထားသည်။

Eleven Media Group

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသုံး ပိုက်လိုင်းတင်ဆောင်လာသည့် ကားတစ်စီးအား တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်တွင် တွေ့ရစဉ်

http://www.myanmaronlinenews.net/2013/10/blog-post_6007.html

မြန်မာနိုင်ငံသည် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ လေးဘီလျံထိ ရရှိခဲ့ကြောင်း မကြာမီက ထုတ်ပြန်လိုက်သည့် ကမ္ဘာ့ဘဏ်၏ နှစ်လယ် စာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု (GDP)ကို ပြန်ကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်းလည်း ဖော်ပြထားပြီး ယင်းကဲ့သို့ တိုးတက်ခဲ့သည့် အကြောင်းများထဲတွင် ခရီးသွားကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်လာ ခဲ့ခြင်း၊ ငွေကြေးလုပ်ငန်းများ တိုးတက်လာခဲ့ခြင်းလည်း ပါဝင်ကြောင်း၊ ထို့အတူ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို ကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဂျီဒီပီ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းထိ စီးဝင်လာခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

''မြန်မာနိုင်ငံ စီးပွားရေးတိုးတက်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဓာတ်ငွေ့ ရောင်းရတဲ့ ၀င်ငွေတွေ၊ ဆောက်လုပ်ရေးကဏ္ဍက ရတဲ့ဝင်ငွေတွေ၊ ၀န်ဆောင်မှုကဏ္ဍက ရတဲ့ဝင်ငွေတွေ ရှိနေ တယ်။ ပြည်ပကို သဘောဝဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၁၁-၂၀၁၂ မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၄ ဘီလျံအထိ ရောက်ခဲ့တယ်။

ဝန်ဆောင်မှုကဏ္ဍမှာဆိုရင်လည်း ခရီးသွားလုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ တိုးတက်လာတာ ကို တွေ့ရ တယ်။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ ဆိုရင်လည်း ၂၀၁၁-၂၀၁၂ မှာ ဂျီဒီပီရဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းကနေပြီးတော့ ၂၀၁၂-၂၀၁၃ မှာ ၅ ဒသမ ၂ ရာခိုင်နှုန်းထိ တက်လာတာ တွေ့ ရတယ်။ နောက်တစ်ခုက အာရှမှာ အင်အားကြီးတဲ့ ဂျပန်နိုင်ငံလို နိုင်ငံမျိုးက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ထိုင်းနိုင်ငံထက်ပိုပြီး စိတ်ဝင်စားနေပါတယ်''ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြခဲ့သည်။

ယင်းသို့ ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ စီးဝင်လာသော ရင်းနှီးမြှုပ်နှံမှုများတွင် စွမ်းအင်ကဏ္ဍ၊ အထည်ချုပ်လုပ်ငန်း၊ အိုင်တီလုပ်ငန်းများ၊ အစားအစာနှင့် အဖျော်ရည်ယမကာ လုပ်ငန်းများ အဓိကပါဝင်နေကြောင်း၊ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဆန်စပါးထုတ်လုပ်မှု ကဏ္ဍများတွင် ကျဆင်းနေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ရေကြီးရေလျံမှု များဖြစ်ခဲ့သည့် အတွက်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း အဆိုပါစစ် တမ်းတွင် ဖော်ပြ ထားသည်။

Eleven Media Group

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသုံး ပိုက်လိုင်းတင်ဆောင်လာသည့် ကားတစ်စီးအား တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်တွင် တွေ့ရစဉ်

No comments:

Post a Comment