Thursday, October 10, 2013

မန်ယူအသင်းမှာ ထွက်ခွာဖို့ ပြောကြားလာသည့် ဖေဘီယို


မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဖေဘီယို ဒါဆေးလ်ဗားဟာ မန်ယူအသင်းမှ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း၊ ငယ်စဉ်က ပါဝင်ကစားပေးခဲ့ဖူးသည့် ဖလူမီနီးစ်အသင်းသို့ ပြန် လည် ပြောင်းရွှေ့နိုင်ခြေ ရှိနေကြောင်း ပြောကြားလိုက်သည်။

ဖေဘီယိုက “အခုလောလောဆယ်တော့ မသိသေးပါဘူး။ ကျနော့်အထင်တော့ လာမယ့် အပြောင်းအရွှေ့ရာသီ၊ ဒါမှ မဟုတ် နောက်နှစ်မှာ ဖြစ်လာနိုင်ပါတယ်။ ကျနော် ထွက်ခွာသင့်ပြီလို့ ထင်ပါတယ်။ ဖြစ်လာနိုင်စရာတွေ အများကြီး ရှိနေပါတယ်။ ကျနော် အခု တစ်ခြားအသင်းတွေကို ကြည့်နေပါပြီ။ သေချာပေါက် ပြောနိုင်တာတော့ မရှိသေးပါဘူး။”

“ကျနော် ပျော်ရွှင်မှုတွေ လိုလားပါတယ်။ ပြီးတော့ ကျနော် ကစားခွင့် ရချင်ပါတယ်။ ကျနော် မိသားစုနဲ့လည်း နီးနီးကပ်ကပ်နေချင်ပါတယ်။ ကျနော် ဘရာဇီးလ်ကို ပြန်သွားနိုင်သလို၊ ဘရာဇီးလ်မဟုတ်တဲ့နေရာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျနော်အတွက် ဘယ်အရာက အကောင်းဆုံးလဲ ဆိုတာကို မန်နေဂျာနဲ့ သေသေချာချာ စစ်ဆေးနေပါတယ်။” ဟု ပြောကြားခဲ့သည်။

ဖေဘီယိုဟာ ဘရာဇီးလ်ကလပ် ဖလူမီနီးစ်မှာ ငယ်စဉ်က ပါဝင် ကစားပေးခဲ့ဖူးသည့် ကစားသမား ဖြစ်ပြီး ဖလူမီနီးစ်အသင်းမှာပြန်လည် ခြေချဖွယ်ရှိကြောင်းကိုလည်း အရိမ်အမြွက်မျှ ပြောကြားခဲ့သေးသည်။

“ဖလူမီနီးစ်အသင်းအပေါ်မှာ ထားတဲ့ ကျနော့် ခင်တွယ်မှုဟာ သိပ်ကို ကြီးမားပါတယ်။ သေချာတာပေါ့။ ကျနော် အဲဒီမှာ ၇ နှစ်တောင် ကစားခဲ့ပါတယ်။ တကယ်လို့များ ကျနော် အဲဒီကို ပြန်သွားပြီး ကစားရမယ်ဆိုရင် သိပ်ကို ဂုဏ်ယူမိမှာပါ။ ဘာလို့လဲဆိုတော့ ကျနော် သူတို့ကို သိပ်ခင်တွယ်လို့ပါပဲ။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

No comments:

Post a Comment