Sunday, October 6, 2013

ကင်ဆာ ရောဂါကို ကာကွယ်နိုင်သော သဘာဝ ဟင်းသီးဟင်းရွက်များ

ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်။
ကင်ဆာဟာ မျိုးရိုးဗီဇ ဆိုင်ရာ ရောဂါလည်းဖြစ်တယ်။ မျိုးဗီဇဟာဖရီးရယ် ဒီကယ်ခေါ်ဓာတ်တိုးပစ္စည်းများ၊ ဓာတ်ရောင်ခြည် ဗိုင်းရပ်စ်ပိုးများ ဝင်ရောက်ခြင်းနဲ့ ဓာတုဗေဒ ပစ္စည်းများကြောင့် ပျက်စီးလေ့ရှိတယ်။ ဒါ့ပြင် အစားအသောက်များမှာ ပြည့်ဝဆီများ လွန်ကဲစွာပါဝင်ခြင်း၊ နေရောင်ခြည်နဲ့ အပူလှိုင်း ဒဏ် လောင်ကျွမ်းတဲ့ အစားအသောက်များမှာ အဆိပ်သင့်ဓာတုပစ္စည်းများပါဝင်မှု၊ ကားမီးခိုးငွေ့၊ ပိုး သတ်ဆေးများ၊ တာရှည်ခံ ပြုလုပ်ထားတဲ့ အစားအသောက်များ၊ ဟော်မုန်းဓာတ်များခြင်းနဲ့ သံလိုက်စက် ကွင်း မလွတ်ခြင်း စတာတွေကြောင့်ကင်ဆာရောဂါ ပိုဖြစ်စေတယ်။

ကင်ဆာဟာ လွန်လွန်ကဲကဲ စားသောက်လေ့ရှိတဲ့ အစားအသောက်များနဲ့ ဆက်နွှယ်လေ့ရှိတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့များဟာ အူမကြီးကင် ဆာ ဖြစ်ပွားမှုနဲ့ ပတ်သက်နေတယ်။ အစားအသောက်မှာ အဆီ ဓာတ်မြင့်မားစွာ ပါဝင်နေခြင်းဟာ အီစထရိုဂျင်ကို ထွက်စေပြီး ရင်သား ကင်ဆာနဲ့ သားဥအိမ် ကင်ဆာ ဖြစ်စေတယ်။ ကင်ဆာကို ကာကွယ်နိုင်ရန် ဆီကြော် အစားအသောက် ရှောင်ပါ။ ဖရီးရယ်ဒီ ကယ်များ ရဲ့တိုက်ခိုက်မှု လျော့နည်းစေတယ်။ အစားအသောက်များစီမံရာမှာ ပေါင်း၍ဖြစ်စေ ၊ ပြုတ် ၍ဖြစ်စေ စားပါ။ မီးဖြင့်တိုက်မချက်ဘဲ သဘာဝအတိုင်း စားသောက်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်။ ဘာသီကျူးကဲ့သို့ အသားကင်များမှာ အဆီဓာတ်များတဲ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ကာစီနိုဂျင် ပစ္စည်းများပါဝင်နေတယ်။ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ နည်းနိုင်သမျှ နည်းပါစေ။ ဖရီးရယ်ဒီကယ်များနဲ့ ထိတွေ့မှုနည်းအောင် ကားအိပ်ဇော မီးခိုးငွေ့များ၊ လူတို့ပြုလုပ်တဲ့ မီးခိုးငွေ့များ၊ မိုဘိုင်းလ်ဖုန်းများ၊ မိုက်ခရိုဝေ့နဲ့ လျှပ်စစ်အသုံးအဆောင် များကြောင့် ရနိုင်တဲ့ လျှပ်စီး လိုင်းများနည်းနိုင်သမျှ နည်းပါစေ။ လျှပ်စစ်နာရီများ၊ ဟမ်ဖုန်းများ အိပ်ရာဘေးမှာ မထားရ။ ဓာတုဆိုးဆေး များ၊ ဓာတုပိုးသတ်ဆေး လို သေဆေးများ မသုံးရ။ ဓာတ်မြေသြဇာအစား သဘာဝမြေသြဇာကို သုံးရမည်။

သဘာဝ ဟင်းသီးဟင်းရွက်များ ပိုမိုစားသင့်တယ်။ မုန်လာဥနီ၊ ပဲပုပ်၊ တို့ဟူး၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ပန်းမုန်လာနဲ့ ကြက်သွန်ဖြူတို့ဟာ ကင်ဆာရောဂါများကို တိုက်ခိုက်နိုင်တယ်။ မုန်လာဥနီမှာ ဗီတာ ကယ်ရိုဓာတ် ကြွယ်ဝ၍ ယင်းဟာကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်။ မုန်လာဥနီ နှစ်ဥ၊ ပန်းဂေါ်ဖီစိမ်း နှစ်ပွင့်၊ တို့ဟူးတစ်ချပ် ဟင်းရွက်ပြုတ်ရည် ရေနဲ့အတူထည့်မွှေ၊ ငရုတ်ကောင်းထည့်ရင် ခုခံအားမြှင့်တင်တဲ့ စွပ်ပြုတ်ရည်ရနိုင်တယ်။ ပဲနို့ရည်နဲ့ ဟင်းခပ်အမွှေးအကြိုင်တို့လည်းထည့်နိုင်တယ်။ ပဲပိစပ်၊ ပဲပုပ်စေ့၊ ပဲကျားနဲ့ ပဲနို့ရည်တို့ဟာ ကင်ဆာကို ခုခံနိုင်စွမ်းရှိတဲ့ အစားအစာများ ဖြစ်တယ်။ ပဲမှရရှိသော ဖိုင်တို အီစထဂျင်နဲ့ လက်စီသင်တို့ဟာ ကင်ဆာရောဂါ ကင်းဝေးစေတယ်။ မုန်လာဥနီ၊ ဆလတ်ရွက်နဲ့ တခြား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ များဟာ ကင်ဆာဖြစ်စေတယ်။ ဟင်းသီးဟင်းရွက်ရဲ့ အပြင်ဘက် အကျဆုံး အလွှာကို ခွာ၍ လွှင့်ပစ်ပါ။

လတ်ဆတ်ကြပ်ရွတဲ့ ဂေါ်ဖီထုပ် အပတ်စဉ်စားရင် အူမကြီးကင်ဆာ ကာကွယ်နိုင်တယ်။ လတ်ဆတ်တဲ့ သစ်သီးကို သုံးစိတ်လောက်စားပါ။ ကင်ဆာဝေဒနာရှင်များ အတွက် ဗီတာကယ်ရိုတင်း၊ အက်ပီကော့၊ ကန်စွန်းဥ၊ ကညွတ်၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊ ငရုပ်ကောင်း၊ ဟင်းနုနယ်ရွက်၊ မုန် ညင်းရွက်၊ တရုတ်နံနံ၊ဖရဲသီး၊ သရက်သီးနဲ့ ခရမ်းချဉ်သီးမှာ ဗီတာ ကယ်ရိုတင်းဓာတ် အထူးကြွယ်ဝသလို ဗီတာမင်များ ပါဝင်သောကြောင့် နေ့စဉ်စားသုံးပါ။ စားသောက်တဲ့ အဓိက အစားအစာမှာ ပဲအမျိုးမျိုး၊ အစေ့အဆန်နဲ့ သစ်စေ့ အထူးသဖြင့် မုယောစပါး၊ ဆန်လုံးညို၊ ပဲနီလေး၊ ဗာဒံစေ့နဲ့ နေကြာစေ့တို့က ကင်ဆာရောဂါ ကာကွယ်နိုင်တယ်။

ဇင့်နဲ့ ဆီလီနီယမ်ပါတယ်။ သကြားနဲ့ အရက်လျှော့ပါ။ ခန္ဓာကိုယ်လိုအပ်တဲ့ အဆီလောက်သာစားပါ။ နေ့ စဉ်နာရီဝက် လေ့ကျင့်ခန်း အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီးပါ။

မြ၀တီ

No comments:

Post a Comment