Monday, October 7, 2013

ရင်ခေါင်းပူခြင်းကို ပျောက်စေသော လွယ်ကူသည့် နည်းလမ်းများ



(၁) ပီကေ၀ါးပါ
ပီကေ (chewing gum) ကို အစာစားပြီးသောအချိန်တွင် မိနစ် (၃၀)ခန့် ၀ါးပေးပါ။ အူတွင် အက်ဆစ် စုဆောင်းမှုကို လျင်မြန်စွာ ဖြေရှင်းပေးနိုင်သည်။
(၂) ရှားစောင်းလက်ပတ်
အစာမစားမီ ရှားစောင်းလက်ပတ် လက်ဖက်ရည်ခွက် တစ်ဝက်ကို သောက်ပေးပါ။ ရှားစောင်းဖျော်ရည် က အစာအိမ်ကိုအပြင် အစာပြွန်ရောင်ရမ်းခြင်းကို သက်သာစေမည်။
(၃) နွယ်ချို
အစာအိမ်ရောဂါများကို သက်သာစေသော သဘာဝဆေးဘက်ဝင် ပစ္စည်းတစ်ခုဖြစ်သည်။ နွယ်ချိုကို အစာမစားမီဝါးပေးပါက အစာအိမ်ကြောင့် ဖြစ်တတ်သော ဝေဒနာများ ကို သက်သာစေသည်။ နွယ်ချိုတွင် ဥပါဒ်ပေးစေတတ်သော glycyrrhi zic အက်ဆစ်မပါဝင်သော်လည်း သွေးတိုးစေနိုင်သဖြင့် အလွန်အမင်း မစားသင့်ပေ။
ဒေါန
Health Updates Journal

No comments:

Post a Comment