Wednesday, October 16, 2013

ဆီးဂိမ်း အားကစားသမားများ တည်းခိုမည့် ဟိုတယ် ၃၃ လုံးကို လုံခြုံရေး စစ်ဆေးမှု ပြုလုပ်သွားမည်

ဆီးဂိမ်းအားကစားသမားများ တည်းခိုမည့်ဟိုတယ် ၃၃လုံးကို လုံခြုံရေး အတွက် တိုးမြှင့်စစ်ဆေး မှုများဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
မကြာမီတွင် ကျင်းပတော့ မည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ (SEA Games) တွင် အာကစားသမားများ၊ မီဒီ ယာများ၊ လေ့လာသူများတည်း ခိုမည့် ဟိုတယ်၃၃လုံးကို ဟိုတယ် နှင့်ခရီး သွားလာရေးဝန်ကြီးဌာ န၊ ဟိုတယ် လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)တို့မှ လုံခြုံရေး အရ လိုအပ် သည် များ ကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ယင်းက''လာမယ့်ဒီဇင်ဘာ ၂၁ရက် မှာကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲမှာ ကစားနည်း ၁ဝမျိုး လောက်လာကစားမှာဆိုတော့ ရန်ကုန်ကဟိုတယ် ၃၃လုံးမှာ အားကစားသမားတွေ၊ မီဒီယာ သမားတွေနဲ့ လေ့လာမယ့်သူတွေ တည်းကြမှာဖြစ်တဲ့အတွက် တိုင်း ပြည်ရဲ့ ပုံရိပ်ကျဆင်းမှုမရှိအောင်၊ ခရီးသွားလုပ်ငန်းရဲ့ ပုံရိပ်မကျ အောင် လုံခြုံရေးကိစ္စတွေကို ဝိုင်း ပြီးတော့ လုပ်ဆောင်ဖို့လိုပါတယ်'' ဟု ပြောသည်။ ဟိုတယ်များတွင် လုံခြုံရေးများ ကို အောက်ခြေဝန်ထမ်းများနှင့် တာဝန်ရှိသူ အကြီး အကဲ များ ပူး ပေါင်း ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဟိုတယ်များတွင် မဖြစ် မနေ CCTV ကင်မရာများ တပ် ဆင်ခြင်းများ ပြုလုပ်ရန်လိုအပ် ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

မြန်မာ နိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များအသင်း(ရန်ကုန်ဇုန်) မှ ဥက္ကဋ္ဌ ဦးတင်ဝင်းက''ကျွန်တော် တို့ ရန်ကုန် ဟိုတယ်ဇုန်ကနေပြီး ဆီးဂိမ်းမှာလာမယ့်သူတွေတည်း ခိုမယ့် ဟိုတယ်တွေကို လုံခြုံမှုပေး နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွား မယ်။ ဟိုတယ် တွေကို ပူးပေါင်း စစ်ဆေးမယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ဟိုတယ်လုံခြုံ ရေးများကို အထူးတလည်ဆောင် ရွက်ရခြင်းမှာ အောက်တိုဘာ၁၄ ရက်တွင် ရန်ကုန်မြို့ကုန်သည် ကြီးများဟိုတယ်၏ အခန်းတွင်း တွင် ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲ မှုမျိုးထပ်မံ မဖြစ်ပွားစေရန် ကြို တင်ပြင်ဆင်မှု များ ပြုလုပ် နေကြ ခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment