Tuesday, October 22, 2013

၂၀၁၄ အာဆီယံ လူထုညီလာခံအတွက် ကျပ်ငွေသိန်းသုံးထောင်ကျော် ကုန်ကျမည်


Photo: ၂၀၁၄ အာဆီယံ လူထုညီလာခံအတွက် ကျပ်ငွေသိန်းသုံးထောင်ကျော် ကုန်ကျမည်
Tuesday, October 22, 2013

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အာဆီယံ လူထုညီလာခံ ကျင်းပရန်အတွက် ကျပ်သိန်းသုံးထောင်ကျော် ကုန်ကျမည် ဖြစ်ကြောင်း ယင်းညီလာခံ ဖြစ်မြောက်ရေး ဘဏ္ဍာရေး ကော်မတီ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောကြားသည်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ Crystal Jade Restauarnt တွင် အောက်တိုဘာ ၂၁ ရက်၌ ပြုလုပ်သည့် အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး ညှိနှိုင်း အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အကြမ်းတွက်ချက်လိုက်တော့ သိန်းခြောက်ထောင် ကျော်သွားတယ်။ လျှော့နိုင် သလောက်ကို လျှော့ချတော့ သိန်းသုံးထောင်ကျော် ထွက်လာတယ်၊ ဒါက အခုကတည်းက ညီလာခံအတွက် ပြင်ဆင်မှုတွေဖြစ်တဲ့ ဆွေးနွေးပွဲတွေ၊ လွှတ်တော်၊ အစိုးရတွေနဲ့ တွေ့ဆုံမှုတွေပါ အားလုံးထည့်တွက်ထားတဲ့ ကုန်ကျငွေပါ” ဟု ၎င်းကဆိုသည်။

ယင်းညီလာခံ ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် အစိုးရနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ ထောက်ပံ့ငွေကို လက်ခံ မခံကိုမူ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအတွင်း ညှိနှိုင်းဆဲ ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မတီ အဖွဲ့ဝင် ဦးဆုတင်က ဆိုသည်။
“အရင်က ထိုင်းနယ်စပ်တွေမှာ လှုပ်ရှားခဲ့တဲ့ လူမှုအဖွဲ့အစည်းတချို့က အစိုးရရဲ့ထောက်ပံ့ငွေကို မယူချင်ဘူး။ တချို့က ပြည်သူတွေအတွက် လုပ်တာဖြစ်တဲ့အတွက် ခရိုနီတွေရဲ့ ထောက်ပံ့ငွေကို လက်မခံသင့်ဘူးပေါ့။ ဆွေးနွေးဆဲပါ” ဟု ၎င်းက ရှင်းပြသည်။

အာဆီယံ လူထုညီလာခံသည် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် တစ်လအတွင်း ပြုလုပ်လေ့ရှိပြီး လူထုညီလာခံ၏ ထုတ်ပြန်ချက် ရလဒ်များကို ထိပ်သီး ညီလာခံသို့ ပေးပို့ရကြောင်း ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်မျိုးမင်းက ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၅ ရက်နေ့တွင် ကျင်းပနိုင်ရန် သတ်မှတ်ထားသော်လည်း အာဆီယံ နိုင်ငံများနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက ဆိုသည်။

၂၀၁၃ အာဆီယံ လူထုညီလာခံကို ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဒါရူဆလမ်မြို့တွင် လက်ခံကျင်းပခဲ့သည်။

The Voice Weekly

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အာဆီယံ လူထုညီလာခံ ကျင်းပရန် အတွက် ကျပ်သိန်းသုံးထောင်ကျော် ကုန်ကျမည် ဖြစ်ကြောင်း ယင်းညီလာခံ ဖြစ်မြောက်ရေး ဘဏ္ဍာရေး ကော်မတီ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောကြားသည်။


ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ Crystal Jade Restauarnt တွင် အောက်တိုဘာ ၂၁ ရက်၌ ပြုလုပ်သည့် အဆိုပါ ညီလာခံ ဖြစ်မြောက်ရေး ညှိနှိုင်း အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အကြမ်းတွက်ချက်လိုက်တော့ သိန်းခြောက်ထောင် ကျော်သွားတယ်။ လျှော့နိုင် သလောက်ကို လျှော့ ချတော့ သိန်းသုံးထောင်ကျော် ထွက်လာတယ်၊ ဒါက အခုကတည်းက ညီလာခံအတွက် ပြင် ဆင်မှုတွေဖြစ် တဲ့ ဆွေးနွေးပွဲတွေ၊ လွှတ်တော်၊ အစိုးရတွေနဲ့ တွေ့ဆုံမှုတွေပါ အားလုံးထည့်တွက်ထားတဲ့ ကုန်ကျငွေပါ” ဟု ၎င်းကဆိုသည်။

ယင်းညီလာခံ ဖြစ်မြောက်ရေး ရန်ပုံငွေအတွက် အစိုးရနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ ထံမှ ထောက်ပံ့ငွေကို လက်ခံ မခံကိုမူ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီအတွင်း ညှိနှိုင်းဆဲ ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မတီ အဖွဲ့ဝင် ဦးဆုတင်က ဆိုသည်။
“အရင်က ထိုင်းနယ်စပ်တွေမှာ လှုပ်ရှားခဲ့တဲ့ လူမှုအဖွဲ့အစည်းတချို့က အစိုးရရဲ့ထောက်ပံ့ငွေကို မယူချင်ဘူး။ တချို့က ပြည်သူတွေအတွက် လုပ်တာဖြစ်တဲ့အတွက် ခရိုနီတွေရဲ့ ထောက်ပံ့ငွေကို လက်မခံသင့်ဘူးပေါ့။ ဆွေးနွေးဆဲပါ” ဟု ၎င်းက ရှင်းပြသည်။

အာဆီယံ လူထုညီလာခံသည် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်ခင် တစ်လအတွင်း ပြုလုပ်လေ့ရှိပြီး လူထုညီလာခံ၏ ထုတ်ပြန်ချက် ရလဒ်များကို ထိပ်သီး ညီလာခံသို့ ပေးပို့ ရကြောင်း ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်မျိုးမင်းက ပြောကြားသည်။

အာဆီယံထိပ်သီး အစည်းအဝေးကို မေလ ၅ ရက်နေ့တွင် ကျင်းပနိုင်ရန် သတ်မှတ်ထားသော်လည်း အာဆီယံ နိုင်ငံများနှင့် ညှိနှိုင်းဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာန တွဲဖက်အထွေထွေ ဒါရိုက်တာ ဦးအောင်ထူးက ဆိုသည်။

၂၀၁၃ အာဆီယံ လူထုညီလာခံကို ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဒါရူဆလမ်မြို့တွင် လက်ခံကျင်းပ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment