Wednesday, October 2, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ ဘုရင်၏ Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၁
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁ ရက် ဒေသ စံတော်ချိန် ၉ နာရီတွင် National Palace၌ ကျင်းပ ပြုလုပ်သည့် မလေးရှား တပ်မတော်၏ နှစ် (၈ဝ) မြောက်နေ့တွင် မလေးရှားနိုင်ငံ ဘုရင်မှ ပေးအပ် ချီးမြှင့်သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။

အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီး ဒေါ်ကြူကြူလှနှင့် မိသားစု ဝင်များ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နှင့်ဇနီး၊ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီ တာဝန်ခံ နှင့်ဇနီး၊ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ စစ်သံမှူးနှင့် ဇနီးတို့ တက်ရောက်ကြပြီး မလေးရှားနိုင်ငံမှ မလေးရှားဘုရင် Yang di-Pertuan Agong Tuanku Abdul Halim Mu'adzam Shah နှင့်မိဖုရား၊ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato' Sri Zulkifeili Bin Mohd Zin နှင့်ဇနီး၊ မလေးရှား တပ်မတော်မှ အရာရှိကြီးများ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနှင့်မလေးရှား တပ်မတော်တို့ အကြား နှစ်ဦးနှစ်ဖက် ချစ်ကြည် ရင်းနှီးမှု ပိုမို အားကောင်း လာအောင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုနှင့် တပ်မတော်နှစ် ရပ်အကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု များကို ဖော်ဆောင်နိုင်မှု တို့အတွက် ချီးကျူး ဂုဏ်ပြုသော အားဖြင့် မလေးရှား ဘုရင်မင်းမြတ်က  Honou-rary Malaysian Armed Forces Order For Valour (First Degree)-Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ ဖိလစ်ပိုင် တပ်မတော်နှင့် ယူအေအီး တပ်မတော်မှ ဦးစီးချုပ်များကိုလည်း ဘွဲ့တံဆိပ်များ အသီးသီး ပေးအပ် ချီးမြှင့်ကြောင်း သိရှိရသည်။
၎င်းနောက် ၉နာရီတွင် ဘွဲ့တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနားကို စတင်ပြီး ရှေးဦးစွာ မလေးရှား ဘုရင်မင်းမြတ်က မလေးရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ်အား ဘွဲ့တံဆိပ် ပေးအပ်ပြီး ဆက်လက်၍ ဖိလစ်ပိုင် ဦးစီးချုပ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ယူအေအီး ဦးစီးချုပ်၊ ဖိလစ်ပိုင် ရေတပ် ဦးစီးချုပ်၊ ဘရူနိုင်း ရေတပ် ဦးစီးချုပ်တို့အား ဘွဲ့တံဆိပ် ပထမအဆင့် အဆောင်အယောင် စလွယ်နှင့် အဆောင်အယောင် တံဆိပ်တို့အား လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေအား Honou-rary Malaysian Armed Forces Order For Valour (Second Degree)-Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ဒုတိယ အဆင့် လည်ဆွဲနှင့် အဆောင် အယောင် တံဆိပ်တို့အား လည်းကောင်း တပ်ဆင်ပေးပြီး ဂုဏ်ပြု နှုတ်ဆက်သည်။
ဘွဲ့တံဆိပ် ပေးအပ်ပွဲ အခမ်းအနား အပြီးတွင် စုပေါင်း၍ အမှတ်တရ ဓာတ်ပုံ ရိုက်ကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံ ဘုရင်မှ ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။           

Myawady     

No comments:

Post a Comment