Thursday, November 21, 2013

သင်္ချာမရတဲ့ တတိယတန်း ကျောင်းသူတွေကို အပြစ်ပေးတဲ့ အနေနဲ့ဖက်နမ်း ခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာ တရားရုံးမှာ တရားစွဲဆို

သင်္ချာမေးခွန်း မဖြေနိုင်တဲ့ ကျောင်းသူ(၅)ယောက်အား အတန်းဖေါ်ကျောင်းသား(၅)ယောက်ကို ဖက်နမ်းခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည် ဆိုပြီး ပြင်းထန်စွာ ရိုက်နှက် ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ ကျောင်းသူမိဘ များမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်။

ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများအား
သင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ထွက်စေခဲ့ပြီး ကျောင်းသား(၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာ
ယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်းခံနေရသည့် ကိစ္စကို
ကျောင်းသူများမှ မပြောဆိုရဲခဲ့ကြသော်လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူဦးကျော်ဌေးကို ပြောပြလိုက်မိရာမ ထိုသတင်းရွာထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်း တက်တက်ချင်း အနမ်းခိုင်းခဲ့သူ အတန်းပိုင်ဆရာမှ အနမ်းခံခဲ့ ရသူ ကျောင်းသူ (၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ ထုတ်၍ ပြင်းထန်စွာရိုက်နှက်ခဲ့ပါသည်၊

ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ သည်ဟု ဆိုပါသည်၊ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသား မိဘ များမှ ကျေနပ်ခြင်း မရှိသောကြောင့် ကသာမြို့နယ်ပညာရေးမှူးထံ အဖိုးဖြစ်သူ ဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင်ကြားခဲ့ပါသည်၊ထိုသို့တိုင်ကြားနေစဉ် အ.မ.က(၂၈)ကျောင်းအုပ်ဒေါ်ဥမ္မာစိုးရောက်လာသဖြင့် မြို့နယ်ပညာရေးမှူးမှ ရွာသို့ ပြန်၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ရာ ဦးကျော်ဌေးမှ မညှိနှိုင်းလိုကြောင်း ဌာနဆိုင်ရာအရေးယူ မှုသာ ပြုလုပ်ပေးရန်တောင်းဆိုတိုင်ကြားခဲ့သည်ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်။

ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊အခြားအနမ်း ခံရသူ ကျောင်းသူ(၄)ယောက်အား အတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက်ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်းချောက်နေကြောင်းလည်း ပြောပြပါသည်။

ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေးရန် ညွှန်ကြားသွား မည်ဖြစ်ကြောင်းအတည်ပြု ဖြေကြားသွားခဲ့ပါသည်။

(ဟာဂျူလီ-ကသာ) - facebook

No comments:

Post a Comment