Thursday, November 14, 2013

ဟိန္ဒား သတ္တု တွင်းမှ စွန့် ပစ်ရေနှင့် မြေ စာ များ တ န င်္သာ ရီမြစ် အတွင်း စီးဝင် သည့် အ တွက် မြစ် တစ်လျှောက် ရေ ထု ညစ် ညမ်း မှု များ ဖြစ်ပေါ်နေ ပြီး ကျေး ရွာ အ များ စု သောက် သုံးရေ အခက် အခဲနှင့် ရင် ဆိုင်နေ ရ

 
တနင်္သာရီတိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်နေသည့် ဟိန္ဒားသတ္တုတွင်းမှ စွန့်ပစ်ရေများ သည် တနင်္သာရီမြစ်အတွင်း စီးဝင်သည့်အတွက် တနင်္သာရီမြစ် တစ်လျှောက်လုံး ရေထုညစ်ညမ်းမှု များ ဖြစ်ပေါ်နေပြီး ကျေးရွာအများစုမှာ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ် ဒေ သ ခံ များထံမှ သိရသည်။

"သတ္တုတူးဖော်ရေး လုပ်ငန်းတွေအနေနဲ့ ကျွန်တော်တို့ဒေသမှာ အဓိကတူးနေတာက ဟိန္ဒားသတ္တုတွင်းနဲ့ ဘ၀ပင် သတ္တုတွင်းတွေ ဖြစ်ပါတယ်။ ဟိန္ဒားသတ္တုတွင်းက စွန့်ပစ်တဲ့ မြေစာတွေကို ဥပဒေနဲ့အညီ မစွန့်ပစ်လို့ အနီးပတ်ဝန်းကျင်က မြောင်းပြိုကျေးရွာမှာ လူနေအိမ်ခြေ၊ ဥယျာဉ်ခြံမြေတွေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုပဲ စွန့်ပစ် မြေစာတွေ၊ ရေတွေဟာ ချောင်းတွေထဲ ပြည့်နေပြီး အရင်က ပေ ၁၀၀ လောက်ကျယ်ပြီး ပေ ၅၀ လောက်နက်တဲ့ ချောင်းဟာ ရွာရဲ့ မြေမျက်နှာပြင်နဲ့ အတူတူ ဖြစ်နေပါပြီ။ ဟိန္ဒားသတ္တုတွင်းကနေ စီးလာတဲ့ ရေတွေဟာ တနင်္သာရီမြစ်ထဲကို စီးဝင်တဲ့အတွက် မြစ် တစ်လျှောက် လုံး ရေထု ညစ်ညမ်းမှုဖြစ်ပြီး ကျေးရွာတွေမှာ သောက်သုံးရေ အခက်အခဲ ဖြစ်နေကြ ရပါ တယ်"ဟု ထားဝယ်မြို့နယ်၊ ၀ကုန်းကျေးရွာမှ ဦးစောဖိုးနီက ပြောကြားသည်။

အလားတူ ဘ၀ပင် သတ္တုမိုင်းသည်လည်း စွန့်ပစ်ရေနှင့် မြေစာများကို စည်းကမ်းတကျ မထိန်းသိမ်း သည့်အတွက် ချောင်းရေများ နီရဲနောက်ကျိပြီး ချောင်းတစ်လျှောက် ကျေးရွာ များ အတွက် ရေ အခက်အခဲ ဖြစ်နေရကြောင်း၊ ထို့ပြင် ချောင်းရေထဲ ဆင်းမိသူများတွင်လည်း အရေပြား ယားယံ မှုများ၊ အဖုအပိန့် ထွက်ခြင်းများဖြစ်ပေါ်ကာ ကျန်းမာရေး ထိခိုက်သည့် ဖြစ် စဉ်များ ဖြစ်ပေါ် လျှက်ရှိကြောင်း ထားဝယ်မြို့နယ်ရှိ ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့လို ကျေးရွာတွေမှာ နေတဲ့သူတွေမှာ သားငါးရှာတာ ဖြစ်ဖြစ် ၊ သောက် သုံးရေ ဖြစ်ဖြစ် ချောင်းရေကို အဓိက အမှီပြုကြတဲ့အတွက် ရေညစ်ညမ်းမှုဟာ ကျွန်တော်တို့ နေ့စဉ် ဘ၀တွေအတွက် တော်တော် အခက်အခဲဖြစ်စေပါတယ်"ဟုလည်း ဦးစောဖိုးနီက ဆက်လက် ပြော ကြားသည်။

"ဒီလိုစည်းကမ်းမဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေကို အရေးယူပေးဖို့ ကျွန်တော်တို့ အစိုးရဆီကို တိုင်ကြားစာ ပေးပို့ပေမယ့် ဒီနေ့အထိ ဘာမှ ထူးမလာသေးဘူး။ ကျွန်တော်တို့ ဒေသမှာ ဒီလိုသယံဇာတကို အလွန်အကျွံ ထုတ်ယူတူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ စည်းကမ်း မဲ့မှုတွေ ဟာ ဒေသခံတွေရဲ့ အခြေခံ လူ့အခွင့်အရေးဖြစ်တဲ့ ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသလို ဒေသခံ တိုင်းရင်းသားတွေရဲ့ စားဝတ်နေရေးကို များစွာ ဒုက္ခဖြစ်စေပါတယ်"ဟုလည်း ထားဝယ်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထားဝယ်မြို့နယ် ၀ကုန်းကျေးရွာအနီး ချောင်းထဲမှ သောက်သုံးရေ ခပ်ယူနေစဉ်

No comments:

Post a Comment