Thursday, November 14, 2013

Sexy လို ၀တ်လိုက်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူးဆိုတဲ့ မြန်မာ မော်လ်ဒယ်လေး

အနုပညာလောကထဲကို ဖြေးဖြေးနဲ့မှန်မှန်ချဉ်းနင်း ၀င်ရောက်လာသူကတော့ နာမည်လေးလုံး ပိုင်ရှင် နွယ်ဒါလီထွန်းပဲ ဖြစ်ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေတင်မကဘဲ တီဗီကြော်ငြာတော်တော် များများ မှာပါ သူမရဲ့ ဟန်ပန်တချို့က ထင်ဟပ်နေတာကိုလည်း အားလုံးသတိထားမိကြမှာပါ။ Photo Model နဲ့ ကြော်ငြာတွေကိုပဲ အားသွန်ခွန်စိုက် ကြိုးစားရိုက်ကူးနေတဲ့ သူမရဲ့ လတ်တလော လှုပ်ရှားမှုတွေနဲ့ ဖက်ရှင် အကြောင်းတစေ့တစောင်း ခုလို မေးဖြစ်ခဲ့ချိန်မှာတော့

 
Q. အခုလတ်တလော လုပ်ဖြစ်နေတာက။
A. ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက် ကာဗာတွေရိုက်ပေးနေရတယ်။ ပြက္ခဒိန်တွေ ဘေဘုတ်တွေ ရိုက်ပေးဖြစ်တယ်။ ကြော်ငြာကတော့ မလွှင့်ရသေးတာတစ်ခု ရှိသေးတယ်။
Q. ကားရိုက်တဲ့ဘက်ကိုရော မကူးဖြစ်သေးဘူးလား။
A. ဟုတ်။ လောလောဆယ်တော့ မကူးဖြစ်သေးဘူး။ အနုပညာနဲ့ပတ်သတ်ရင် Photo Model နဲ့ သရုပ်ဆောင် ဒီလောက်ပါပဲ။ သီချင်းဆိုတာက ၀ါသနာတော့ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှမဖြစ်နိုင်သေးလို့။

 
Q. မိသားစုကရော ဘယ်လောက်ထိပံ့ပိုးပေးလဲ။
A. စစချင်းတုန်းက အဖေရော၊ အစ်မတွေကရော သဘောမတူဘူး။ အမေကတော့ စိတ်ဓာတ် အရရော ငွေကြေးအရရော ပံ့ပိုးပေးတယ်။
Q. ဖက်ရှင်ပေါ် အမြင်ကရော ဘယ်လိုလေးရှိလဲ။
A. ညီမက အမှန်အတိုင်းပြောရရင် ဖက်ရှင်ပိုင်းအရမ်းအားနည်းတယ်။ အခုနောက်ပိုင်းမှ နိုင်ငံခြား Website တွေကြည့်ဖြစ်တယ်။ ဖက်ရှင်Channel တွေကြည့်ဖြစ်တယ်။ အခုနောက်ပိုင်းမှ လေ့လာဖြစ်တာ များတယ်။ အရင်က သိပ်လည်းမသိဘူး။ ခရေစီဖြစ်ပြီး ၀င်လာတာလဲမဟုတ်တော့ ညီမကလုပ်ရင်းနဲ့မှ ၀ါသနာပါသွားတာလေ။ ဖက်ရှင်ပိုင်းကို အရမ်းကြီးလေ့လာတာမျိုးတော့ မဟုတ်ပါဘူး။ လုပ်ရင်းနဲ့မှပဲ အတွေ့ အကြုံယူပြီး ကြည့်သွားတယ်။

 
Q. ကိုယ့်ရဲ့ ဖက်ရှင်ပိုင်းမှာကော သူငယ်ချင်းတွေက ဘယ်လိုအကြံဥာဏ်ပေးလဲ
A. တချို့သူငယ်ချင်းတွေကshoppingထွက်ရင် လိုက်ပြီးဝယ်ပေးတာမျိုးရှိတယ်။ လိုက်ရွေးပေးတာ မျိုးတွေ ရှိတယ်။ အခုနောက်ပိုင်းတော့ ရိုက်စရာရှိရင် မိတ်ကပ်သမားနဲ့ တိုင်ပင်တာမျိုးတွေ ရှိတယ်။ ကြော်ငြာဆို ဒီဇိုင်နာတွေနဲ့ အပ်ဖြစ်တယ်။
Q. အပြင်ဆိုင်တွေဆို ဘယ်ဆိုင်တွေမှာဝယ်တာများလဲ။
A. Too Cool, Queen Collection, Tip Top, Orchid House တို့မှာ ၀ယ်ဖြစ်တယ်။
Q. ကိုယ့်ရဲ့ အသားအရေကကော ဘယ်လိုအရောင်မျိုးနဲ့ လိုက်ဖက်တယ်လို့ထင်လဲ။
A. ညီမကတော့ အရောင်ဆို လွင်လွင်တောက်တောက်လေးတွေကြိုက်တယ်။ ကိုယ့်ကိုကိုယ် လွင်ပြီး တောက်ပသွားတယ်လို့ ခံစားမိတယ်။ တချို့ ဒီဇိုင်နာတွေကတော့ ညီမကို အရောင်ဖျော့ဖျော့လေးတွေ ကြိုက်တယ်။

 
Q. ဒီလောကထဲကို စ၀င်ဖြစ်တာက။
A. Max2O ဘေလ်ဘုတ်ကိုစခဲ့ရင်း ရောက်လာတာပါ။ ဒါပေမဲ့ တကယ်လုပ်ဖြစ်တာကတောOramin F မှာ Queen ရပြီးတဲ့ နောက်ပိုင်းစလုပ်ဖြစ်တာပေါ့။
Q. ဘယ်လို ဖက်ရှင်ပုံစံမျိုးတွေက ကိုယ့်ကိုပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။
A. အရမ်း ဆန်းဆန်းပြားပြားကြီးတွေတော့ ညီမက ၀တ်လေ့မရှိဘူး။ ရှုတင်မှာ ဒီဇိုင်နာတွေဆင်တဲ့အခါ sexy ဘက်ရောက်သွားရင်တော့ ပြောင်းလဲသွားတယ်လို့ ခံစားမိတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလဲ မရှိဘူး။ မလိုက်ဘူးလို့လဲ ထင်တယ်။

 
Q. ဘယ်လို ပုံစံတွေကကော ဒါလီ့ကို လွှမ်းမိုးနိုင်လဲ။
A. အခုတလာကတော့Princess ပုံလေးတွေ လွှမ်းမိုးနေတယ်။ အဲလိုလေးတွေဝတ်ဖြစ်နေတယ်။
Q. ပရိသတ်တွေကကော ဒါလီ့ကို ဘယ်လိုဝေဖန်ကြလဲ။
A. ညီမကိုCute ပုံစံလေးတွေနဲ့ ပိုလိုက်တယ်လို့ပြောကြတယ်။ sexy နဲ့သိပ်မလိုက်ဘူးလို့ပြောကြတယ်။ ညီမလဲ တော်ရုံတန်ရုံသိပ်မရိုက်ပါဘူး။ တခါတလေကျရင် မဂ္ဂဇင်းတွေရဲ့ Creation အရရိုက်ဖြစ်တာပါ။
Q. ဒါလီရဲ့ ချစ်သူကရော ဘယ်လို ဖက်ရှင်ကို ပိုင်ဆိုင်ထားတဲ့ ယောကျာ်းကလေးမျိုးလဲ။
A. သူက အမြဲတမ်း စမတ်ကျနေတဲ့ပုံစံမျိုးပေါ့။ အမြဲလိုလို စမတ်ကျပြီးတော့fashionable ဖြစ်တဲ့အထဲမှာ ပါတယ်။

 
Q. ဒါလီရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး အပြင်သွားခါနီးရင် ဘာလေးကိုလုပ်လိုက်ရမှ ပြီးပြည့်စုံသွားတယ်လို့ ခံစားမိလဲ။
A. နားကပ်ပေါ့။ အရမ်းကြိုက်တယ်။
Q. ညီမလေးရဲ့ ပရိသတ်တွေကိုရော စကားလက်ဆောင်အနေနဲ့ ဘာပြောချင်လဲ။
A. ညီမကို အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အားမပေးသေးတဲ့ ပရိသတ်တွေ အတွက်လည်း အများကြီး ကြိုးစားသွားပါဦးမယ်။ ညီမက အသစ်တစ်ယောက်ဖြစ်တဲ့ အတွက် ပရိသတ် အားပေးမှုလဲလိုအပ်ပါတယ်။ ပရိသတ်တွေကလည်း ညီမကိုချစ်ကြပါ။ အားပေးကြပါလို့ ပြောချင်ပါ တယ်။
By Trend Myanmar

No comments:

Post a Comment