Friday, November 22, 2013

" ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်ရှင်အမျိုးသမီး ခန္ဓာကိုယ်ပွတ်သပ်မှု ဒဂုံဆိပ်ကမ်းတွင်ဖြစ်ပွား "

ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ် ရှင် အမျိုးသမီး၏ ခန္ဓာကိုယ်အား ပွတ် သပ်၍မဖွယ်မရာပြုခဲ့မှု ဒဂုံဆိပ်ကမ်း မြို့နယ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက် ပိုင်း ၁ နာရီ အချိန် က ဖြစ်ပွားခဲ့ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၆၇) ရပ်ကွက်၊ ကျူးကျော်တဲ နေ မ….သည် ညီမဖြစ်သူနှင့် သူ ငယ်ချင်းနှစ်ဦးနှင့် အတူ အိပ်နေစဉ် ဆယ်အိမ်မှူးဆိုသူ ရောက်ရှိလာကာ

”ငါက ဒီရပ်ကွက်ရဲ့ ဆယ်အိမ်မှူး၊ ဧည့်စာရင်းစစ်မယ်” ဟု ပြောကာ
မ … ၏ ခန္ဓာကိုယ်အား ပွတ်သပ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း၊ မ …၏ သူ ငယ်ချင်းက ထိုသို့ မပြု လုပ်ရန် ပြောရာ ”မင်းက ဘာကောင်မို့လဲ၊ ငါ့အကြောင်းသိမယ်” ဟု ပြောကာ ပြန်လည် ထွက်သွားခဲ့ကြောင်း၊ ခဏ အကြာတွင် ဆယ်အိမ်မှူး ဆိုသူနှင့် အမည်မသိလူ နှစ်ဦးတို့ ပြန်ရောက်လာပြီး မ…၏ သူငယ်ချင်းကို ကြိုးဖြင့် လက်ပြန်တုပ်၍ ဝါယာ ကြိုးထုံးများဖြင့် ရိုက်နှက်ပြီး အိမ်ရှေ့ လမ်းမပေါ်တွင် ထိပ်တုံး ခတ်ထားခဲ့ ကြောင်း၊ ထို့နောက် မ…မှ အခြားရာ အိမ်မှူးထံသို့ သွားရောက် အကြောင်း ကြားမှသာ နံနက် ၂ နာရီ အချိန် တွင် ပြန်လွှတ်ပေး ခဲ့ကြောင်း သိရသည်။

ဆယ်အိမ်မှူးနှင့် အပေါင်းအပါ နှစ်ဦး၏ ရိုက်နှက်မှုကြောင့် မ…၏ သူငယ်ချင်း တွင် ဒဏ်ရာများ ရရှိပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ပြင်ပလူနာအဖြစ် ကုသ ရသောကြောင့် မ…တိုင်တန်းမှုကို ဒဂုံဆိပ်ကမ်း မြို့မ ရဲစခန်း မှ ပြစ်မှုပုဒ်မ-၃၅၄/၃၄၂/ ၃၂၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဇော်မျိုးသူ
Popular Myanmar News Journal

No comments:

Post a Comment