Saturday, November 16, 2013

၁၉၉၄ ကမ္ဘာ့ဖလား၏အရိပ်ဆိုးများက ခြောက်လှန့်နေဆဲဟု ဒက်ချမ့်စ်ဆို

ပြင်သစ်လက်ရွေးစင်အသင်း၏ နည်းပြ ဒီဒီယာဒက်ချမ့်စ်က ဘူလ်ဂေးရီးယား အသင်းအား ခြေစစ်ပွဲ Play-off အဆင့်တွင် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းကို မေ့ပျောက်နိုင်ခြင်း မရှိသေးေ ကြာင်း ၀န်ခံလိုက်သည်။
ပြင်သစ်အသင်း၏ ကွင်းလယ်ကစားသမားဟောင်း ဒက်ချမ့်စ်သည် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ပြင်သစ် လက်ရွေးစင်အသင်းနှင့်အတူ ပါဝင်ကစားခဲ့ပြီး ခြေစစ်ပွဲအဆင့် Play-off ပွဲစဉ်တွင် ဘူလ်ဂေးရီးယားကို ရှုံး နိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

ဒက်ချမ့်စ်က “ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ လောက်က အဖြစ်အပျက် ကျွန်တော့်ကို ခြောက်လှန့်နေတုန်းပါပဲ။ ဒီ လိုအတွေ့အကြုံမျိုးကို ကျွန်တော်ထပ်မရချင်တော့ပါဘူး။ ကျွန်တော်တို့ဟာ Play-off ပြိုင်ပွဲတွေမှာ ရလဒ်မကောင်းတတ်ဖူးဆိုတဲ့ နာမည်ဆိုးမကျန်ခဲ့အောင် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ” ဟုဆိုသည်။

ရဲရင့်ဌေး
Mizzima - News in Burmese

No comments:

Post a Comment