Monday, November 4, 2013

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ

မဖျားနာခင် ကြိုတင်ကာကွယ်နည်းများ
Monday, November 4, 2013

(၁) ဆားရည်ပလုတ်ကျင်းပါ
– လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ်ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိမဖြစ်အောင်လျှော့ချပေးသည်။

(၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ

– နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး နှာခေါင်းရှင်းအောင် ဂရုစိုက်ပါ။ နှာစေးသက်သာစေရန် ဆေးဝယ်သောက်ပါ။ ခေါင်းကိုက်ခြင်း အစ ပျိုးလာပါကပါရာစီတမောကဲ့သို့ ဆေးများကြိုသောက် ထားပြီး နိုးကြားနေစေရန် ဂရုပြုပါ။

(၃) ချောင်းဆိုးပျောက်ဆေး မ၀ယ်ပါနှင့်

-ချောင်းဆိုးလာ မှာစိုး၍ ချောင်းဆိုးပျောက်ဆေး မ၀ယ်ထားပါနှင့်။ ချောင်းဆိုး ချင်သလိုလို ဖြစ်လာပါက ပျားရည်တစ်ဇွန်းမှ နှစ်ဇွန်းခန့် ရေနွေး ထဲရောသောက်ပါ။

(၄) ရေဓာတ်ဖြည့်တင်းပါ –

အအေးမိဖျားနာအစပျိုးလာသည်နှင့် ရေဓာတ်ခမ်းခြောက်ပြီး အာခေါင် ခြောက်လာသည်။ နှာရည်တရွှဲရွှဲကျ လာမည်ဆိုလျှင် ရေဓာတ်ပိုဆုံးရှုံးသည်။ ရေ၊ ဖျော်ရည်၊ ရေနွေး၊ လက်ဖက်ရည်ဖြစ်စေ တစ်ခုခုကို အမြဲမပြတ်သောက်နေပြီး ရေဓာတ် မဆုံးရှုံးစေရန် သတိပြုပါ။

(၅) အလုပ်နားပါ –

အဖျားစ၀င်ဝင်ချင်းမှသည်နောက် ခြောက်နာရီအတွင်း ရောဂါပိုးများနှင့် ခုခံအားတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ဖြစ်ရာ အလုပ်နားလိုက်ခြင်းသည် ခုခံအားစနစ်ကို ပိုမိုအထောက်အပံ့ ဖြစ်စေသည်။ မလွဲမရှောင်သာ အလုပ်သွားရမည်ဆိုပါက အယ်ကိုဟော ပါဝင်သော လက်သန့်ဆေးရည် ယူဆောင်သွားပြီး မကြာခဏလက်သန့် စင်ပေးခြင်းဖြင့် လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုင်ဘက်များထံ ရောဂါပိုးမကူးစက်စေရန် ကာကွယ်ပါ။

လူဗိုလ်ဟူသည်မှ
Health Updates Journal No. 89
(၁) ဆားရည်ပလုတ်ကျင်းပါ
– လည်ပင်းနာချင်သလိုလို၊ လည်ချောင်းခြောက်ကပ်ကပ်ဖြစ်သလိုလို ကြုံလာသည်နှင့် ဆားရည်ပလုတ် ကျင်းပါ။ ဆားရည်က လည်ချောင်းအတွင်းရှိ အကျိတ်ကလေးများတွင် ခိုအောင်းနေသော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များကို ဖယ်ရှားရှင်းလင်းပေးပြီး ပိုးပမာဏကို ဖျားနာစေ သည်အထိ မဖြစ်အောင်လျှော့ချပေးသည်

(၂) အသက်ရှူလမ်းကြောင်းကို ရှင်းလင်းထားပါ

– နှာစေးနှာပိတ်ဖြစ်လာသည်နှင့် ရေနွေးနှင့် ရေချိုးပြီး နှာခေါင်းရှင်းအောင် ဂရုစိုက်ပါ။ နှာစေး သက်သာစေရန် ဆေးဝယ်သောက်ပါ။ ခေါင်းကိုက်ခြင်း အစ ပျိုးလာပါကပါရာစီတမော ကဲ့သို့ ဆေးများကြိုသောက် ထားပြီး နိုးကြားနေစေရန် ဂရုပြုပါ။

(၃) ချောင်းဆိုးပျောက်ဆေး မ၀ယ်ပါနှင့်

-ချောင်းဆိုးလာ မှာစိုး၍ ချောင်းဆိုးပျောက်ဆေး မ၀ယ်ထားပါနှင့်။ ချောင်းဆိုး ချင်သလိုလို ဖြစ်လာပါက ပျားရည်တစ်ဇွန်းမှ နှစ်ဇွန်းခန့် ရေနွေး ထဲရောသောက်ပါ။

(၄) ရေဓာတ်ဖြည့်တင်းပါ –

အအေးမိဖျားနာအစပျိုးလာသည်နှင့် ရေဓာတ်ခမ်းခြောက်ပြီး အာခေါင် ခြောက် လာသည်။ နှာရည် တရွှဲရွှဲကျ လာမည်ဆိုလျှင် ရေဓာတ်ပိုဆုံးရှုံးသည်။ ရေ၊ ဖျော်ရည်၊ ရေနွေး၊ လက်ဖက်ရည်ဖြစ်စေ တစ်ခုခုကို အမြဲမပြတ်သောက်နေပြီး ရေဓာတ် မဆုံးရှုံးစေရန် သတိပြုပါ။

(၅) အလုပ်နားပါ –

အဖျားစ၀င်ဝင်ချင်းမှသည်နောက် ခြောက်နာရီအတွင်း ရောဂါပိုးများနှင့် ခုခံအားတို့ အပြန်အလှန် တိုက်ခိုက်ကြသည်ဖြစ်ရာ အလုပ်နားလိုက်ခြင်းသည် ခုခံအားစနစ်ကို ပိုမိုအထောက်အပံ့ ဖြစ်စေသည်။ မလွဲမရှောင်သာ အလုပ်သွားရမည်ဆိုပါက အယ်ကိုဟော ပါဝင်သော လက်သန့်ဆေးရည် ယူဆောင် သွားပြီး မကြာခဏလက်သန့် စင်ပေးခြင်းဖြင့် လုပ်ငန်းခွင်နှင့် လုပ်ဖော်ကိုင်ဘက် များထံ ရောဂါပိုး မကူးစက်စေရန် ကာကွယ်ပါ။

လူဗိုလ်ဟူသည်မှ
Health Updates Journal No. 89

No comments:

Post a Comment