အင်္ဂလိပ်ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာဟောင်း ဝက်ကာတာ
ရှာဖွေတွေ့ရှိခဲ့သော အီဂျစ် ရှေးဟောင်းဘုရင် တူတန် ခမန်၏ ဆေးစီရင်ထားသော
ရုပ်အလောင်းသည် မြင်းရထား အကြိတ်ခံရကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု
သတင်းထပ်မံ၍ထွက် ပေါ်လာ ခဲ့သည်။ဘီစီ၁၃၂၃ တွင် သေဆုံးသွား ခဲ့သော
ရှေးဟောင်းအီဂျစ်ဘုရင် တူတန် ခမန်၏ ဆေးစိမ်ရုပ်အလောင်း ကို
လွန်ခဲ့သောနှစ်၉ဝအကြာက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင်
ဒေါက်တာချာရစ်စ်နော့တန် က ဒေါက်တာကာတာ၏ မှတ်တမ်း များကို ဖတ်ရှုခဲ့ပြီးနောက်
ဘုရင် တူတန်ခမန်သည် အရှိန်ပြင်းစွာ မောင်းနှင် လာသော မြင်းရထား ဘီးတက်
ကြိတ်ခံရပြီး သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အဆိုပြု လိုက် သည်။
ဒေါက်တာနော့တန်က ဘု ရင်တူတန်ခမန်၏ ကိုယ်ထည်ပိုင်း သည်
အရှိန်မြင့်မောင်းနှင် လာ သော မြင်း ရထားဘီး ကြိတ်ခံရ ကာ
ပြင်းထန်စွာသေဆုံးခဲ့ပြီး သွေးထွက်လွန်ကာ ကိုယ်ခန္ဓာအ တွင်း သွေး
အနည်းငယ်သာကျန် ရှိခြင်းကြောင့် ရုပ်အလောင်းအား ဆေးစီရင်သူများကိုပါ အခက်အ
ခဲဖြစ်စေခဲ့ ဖွယ်ရှိသည်ဟု ဆိုသည်။ ၁၉၆၈ခုနှစ်တွင် လီဗာပူးလ် တက္ကသိုလ်မှ
ဘုရင်တူတန်ခမန် ၏ ဦးခေါင်းခွံအား ဌ-မပျေရိုက် ခဲ့ရာမှ သတ်ဖြတ်ခံကာ သေဆုံး
ခဲ့ခြင်းဖြစ်သည်ဟူသော သီအိုရီ သည် နှစ်လေး ဆယ် ကျော်ကြာ မြင့်ခဲ့သည်။
သို့သော် ယခုအခါ တွင် ဘုရင်တူတန်ခမန်၏ ဦး ခေါင်းခွံဒဏ်ရာသည် သေဆုံးခဲ့ ပြီးနောက်မှ ရရှိခဲ့သော ဒ ဏ်ရာ ဖြစ်သည်ဟု ယုံကြည်ကြသည်။
ဘုရင်တူတန်ခမန်၏ဆေး စိမ်ထားသောရုပ်ကြွင်းတွင် ဘယ် ဘက်ခြမ်း ဦးခေါင်းခွံမှာ
ကွဲအက်နေသကဲ့ သို့ ရင်ညွန့်ရိုးနှင့်နှလုံး တို့မှာလည်း
ပုံမှန်ထက်လျော့နည်း နေသည်ဟု သိရသည်။
Yangon Media Group
No comments:
Post a Comment