Friday, November 29, 2013

ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်တွင် လူသတ်မှုဖြစ်

၂၈.၁၁.၂၀၁၃ရက်နေ့၂၀၃၀အချိန်ဣစ္ဆိတံဆယ်လုံးတန်းရှေ့တဲတန်းလျား (ကျူးကျော်) (၁၇)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူ ကျော်ဝင်းနိုင်သည် အိမ်နီးချင်းဖြစ်သူ မပပခိုင်နှင့် စကားပြောနေစဉ် လှမြိုင် (ဘ)ဦးတင်လှိုင် (လိပ်စာတူ)မှ “ဟေ့ကောင်“ စိုးနိုင်လားဟုပြောဆိုကာ ဓါးဖြင့်ထိုးသဖြင့်ကျော်ဝင်းနိုင် တွင် ယာဘက်နံဘေး ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီးကျော်ဝင်းနိုင်မှ ၎င်း၏အစ်ကိုဖြစ်သူ စိုးနိုင်အား “အစ်ကိုလေး
လှမြိုင်မှ ဓါးဖြင့်ထိုးသွားလို”ဟု ဟော်ဟစ်ပြောဆိုရာ စိုးနိုင်(ဘ)ဦးထွန်းနိုင်(လိပ်စာတူ)မှ ရောက်ရှိလာပြီး လှမြိုင်နှင့်လုံးထွေးသတ်ပုတ်စဉ် လှမြိုင်မှ စိုးနိုင်အားဓါးဖြင့်ထိုးသဖြင့် ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲနံဘေးထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲလက်မောင်းထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်စဉ် စိုးနိုင်မှာသေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ကျော်ဝင်းနိုင်အား ပြင်ပ လူနာအဖြစ် ကုသ ရသောကြောင့် စိုးနိုင်၏ဇနီးဖြစ်သူ မဇင်မာစိုးမှ လှမြိုင်အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် ဒဂုံတောင်မြို့မရဲစခန်း(ပ)၁၀၃၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၄ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment