Friday, November 29, 2013

ရုရှားမှာ ကားပိသေဖို့ အသက်ဘေးက လွတ်သွားသူ

ရုရှားနိုင်ငံဟာ ကားသမားအတွက်ကော၊ ကားလမ်းပေါ်က လူတွေ အတွက်ကော အန္တရာယ် များတဲ့ နိုင်ငံ တစ်ခု အဖြစ် ပြောစမတ် ပြုပါတယ်။ အဲဒါ တကယ်ပါ။ စစ်တမ်းအရ ကမ္ဘာ့ ကားအက်ဆီးဒန့် အများဆုံး နိုင်ငံများ စာရင်းထဲမှာ ရုရှားက ပါဝင်နေပါတယ်။

ယခုလည်း ပုံမှာ မြင်တွေ့ရသလို လူတစ်ဦး ကားပိသေဖို့ တကယ် သီသီလေးပါ။ ကား အရောင်းစင်တာ တစ်ခုမှာ အလုပ်လုပ်ပြီး Audi ဆလွန်းတစ်စီးကို အပေါ်တင်ပါတယ်။ စက်နဲ့တင်တာပါ။ သို့ပေမယ့် သူက Hand Brake ဆွဲခဲ့ဖို့ မေ့သွားပါတယ်။ ဒါနဲ့ တင်နေရင်း အပေါ်က ကျလာပြီး သူထိန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။ နောက်ဆုံးတော့ အနောက်ကို အမြန် ရွေ့ လိုက်မှ ကားအကျကိုလွဲခဲ့ ပါတယ်။

ကားအရှေ့  Shell ကတော့ ပျက်ဆီးသွားပါတယ်။ အကယ်၍ လူသာ ရှိနေရင် လူသေမယ့်ကိန်းပါ။ ရင်ဘတ် တည့်တည့်ဆိုတော့ မသေရင်တောင် အရိုးတွေ အကောင်းအတိုင်း ပြန်မရ နိုင်ပါတယ်။ ဖြစ်ရပ်မှန် သဲထဲရင် ဖို့ တွေ့ချင်သူများ အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/ZL_if7FAzV4

Colay.com.mm

No comments:

Post a Comment