Sunday, November 3, 2013

အဝေးကွင်း ရှုံးပွဲ (၂)ပွဲရှိခဲ့ရတဲ့ ချယ်လ်ဆီးအသင်းအပေါ် နည်းပြ၏ သုံးသပ်ချက်


မနေ့ညက ပရီးမီးယားလိဂ် ဗွေဆော်ဦး ပွဲစဉ်ဖြစ်သည့် နယူးကာဆယ် အသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အိမ်ရှင် နယူးကာဆယ်မှ ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ထို့အတူ အဆုံးဖြတ် အနိုင်ဂိုးသွင်းခဲ့တဲ့ ရီမီ (Loic Remy) က သူ့ရဲ့  ပရီးမီးယားလိဂ် (၆) လုံးမြောက် ဂိုးအဖြစ်ရ ယူသွားနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ပထမပွဲစဉ်ကစားရတာမို့ နိုင်ခဲ့ရင် ဇယားထိပ်ကို တက်လှမ်းနိုင်ပေမည့်လည်း ဒုတိယပိုင်းခြေစွမ်းမပြနိုင်မှုနဲ့အတူ မော်ရင်ညို၏ ချယ်ဆီး အသင်းသား များဟာ အိမ်ရှင် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီး အဖိုးတန်အနိုင် (၃) မှတ်ကို လက်လွတ်ခဲ့ရပါတယ်။

ယနေ့ပွဲစဉ် အရှုံးသည် မော်ရင်ဟို၏ လက်ရှိ ပရီးမီးယားလိဂ် ရာသီ၏ အဝေးကွင်းပွဲစဉ် (၂) ပွဲရှုံး ခဲ့ရမှု ဖြစ်ခဲ့ပါတယ်။ ထို့အပြင် အဝေးကွင်းပွဲ (၅) ပွဲကန်အပြီးမှာ ရမှတ် (၅)မှတ်သာ ရရှိနေခြင်းက ချယ်ဆီးအတွက် ရှေ့ ဆက်အဝေးကွင်းပွဲစဉ်များအတွက်စိုးရိမ်စရာ အနေအထားတစ်ခု ဖြစ်လာခဲ့ သလို မော်ရင်ညိုမှလည်း ပွဲအပြီးတွင်အောက်ပါ မှတ်ချက်များပေးသွားပါသေးတယ်။ "သေချာတာပေါ့ ကျွန်တော်အခု ပူပင်သောကတွေဖြစ်နေရပြီ။ ပြီးခဲ့တဲ့ နှစ်ကရလဒ်တွေကို ပြန်ကြည့်မိတဲ့အခါ ယခုအဝေး ကွင်းရလဒ်တွေက အဲ့ဒီအတိုင်းဖြစ်နေတာတွေကို တွေ့နေရတယ်။ ပြီးခဲ့တဲ့ နှစ်များမှာ ချယ်လ်ဆီး အသင်းက Cup ပြိုင်ပွဲတွေမှာ အောင်မြင်တွေရှိခဲ့ပြီး၊ ပရီးမီးယားလိဂ်မှာတော့ အောင်မြင်မှု မရခဲ့ကြဘူး။ ရာသီအကုန်မှာ ချန်ပီယံအသင်းနဲ့ အမှတ် (၂၀)၊ (၁၅) မှတ်လောက် ပြတ်ကျန်ခဲ့တယ်။ တခါကလည်း သူတို့ဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၅) (၆) နဲ့ရပ်တည်ခဲ့သော်လည်း ထိုနှစ်က ချန်ပီလံလိဂ်မှာ ဖလားရခဲ့အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ရခဲ့တယ်။ အရင်နှစ် ဒီဇင်ဘာလကာလတွေမှာ သူတို့တွေက ဖလားလမ်းကြောင်းကို ပြိုင်ဘက်အသင်းထက်၂၀ မှတ်လောက် ပြတ်ပြီးကျန်ခဲ့တယ်။ ယခုလက်ရှိ ရာသီမှာလည်း အဝေးကွင်း (၅) ပွဲကစားခဲ့ပြီးပြီ၊ အဝေးကွင်းပွဲစဉ်တွေဟာ ခက်ခက်ခဲခဲ ကစားရတဲ့ ပွဲစဉ်တွေဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အဝေးကွင်း နိုင်ပွဲတစ်ပွဲ နှင့် ရှုးံပွဲ နှစ်ပွဲဖြစ်နေတာက ကျွန်တော့်အတွက် စိုး၇ိမ်ပူပန်စရာတွေ ဖြစ်လာနေခဲ့ရပြီ " ဟုမော်ရင်ဟိုက ပွဲအပြီးပြောကြား ခဲ့ခြင်းဖြစ်ပါသည်။

ကျွန်တော် အမှား ၁၁ ချက်လုပ်မိတယ်။ အမှား ၁၁ ချက်က ကျွန်တောာ် ကျန်တဲ့ ၁၁ ယောက်ကို သူတို့နေရာမှာ အစားထိုးကန်သင့်ခဲ့တယ်။ ဒီအမှား ၁၁ ချက်ကြောင့် ကျွန်တော့်မှာ ယခုလို ခံစား ချက်တွေဖြစ်လာရတယ်။ ပုံကြီးချဲ့ပြောရရင် ဒီ ၁၁ ယောက်ကို ပွဲထွက်အဖြစ်ရွေးချယ် ခဲ့မိတာ စိတ်မကောင်း ဖြစ်ရတယ် ဆိုပြီးလည်း မနေ့က နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ကြတဲ့ အသင်းသားတွေကို မော်ရင်ညိုက ပြစ်တင်သည့်အနေဖြင့် သုံးသပ်ပြောကြားခဲ့ကြောင်းကို ယူရိုစပေါ့ သတင်းဝက်ဆိုက်တွင်ဖော်ပြထားသည်ကို တွေ့ရပါတယ်။

ဒီနေ့ပွဲအကောင်းဆုံးကစားသမားအဖြစ် အနိုင်ဂိုးသွင်းနိုင်ခဲ့တဲ့  ရီမီ (Loic Remy) က ရရှိခဲ့ပြီးတော့ ပရီးမီးယားလိဂ် နောက်ဆုံး (၆) ပွဲမှာ ဂိုး (၆) ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်လာပါတယ်။ ယခုပရီးမီးယားလိဂ် ပွဲစဉ်၇လဒ်အရ ချယ်ဆီးအသင်းသည် ဇယားဒုတိယနေရာမှာရပ် တည်မြဲ ဖြစ်သော် လည်း အာဆင်နယ်အသင်းနဲ့ ၅ မှတ်ကွာ အနေအထားဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ ရမှတ် (၁၄) မှတ်ဖြင့်အဆင့် (၉)နေရာကို အသီးသီးရပ်တည်ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ချယ်ဆီး အသင်းသည် ချန်ပီယံလိဂ်ပွဲစဉ်များကို ကစားရန်လည်းရှိနေပါတယ် နောက်ပွဲစဉ်များမှာ အဝေးကွင်း ရလဒ်ဆိုးတွေကို ချယ်ဆီးလ်အသင်း ချေဖျက်နိုင်မလားဆိုတာကို စောင့်ကြည့်မျှော်လင့်ရင်း နည်းပြ၏ သုံးသပ်ဝေဖန်မှုတစ်ခုကို ရေးသားဖော်ပြလိုက်ပါတယ်။

Written by မိုးတိမ် (တမာမြေ)

No comments:

Post a Comment