၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ကောက်ယူရေး ဟောပြောပွဲ ကျင်းပနေသည်ကို တွေ့ရစဉ်
နိုဝင်ဘာ ၂ ရက်တွင် NLD ပါတီ ပြုလုပ်လျက်ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ ဆန္ဒ သဘောထား ကောက်ယူရေး ဟောပြောပွဲ များအား
တောင်ဥက္ကလာပမြို့နယ်၊ မရန်းကုန်းမြို့နယ်ရှိ မျက်မမြင်ကျောင်းနှင့်
စမ်းချောင်းမြို့နယ်တို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် ဦးမောင်ဖေတင်က ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ
ပြည်သူအများစု၏ ဘုံသဘောတူညီချက်ဖြင့် ရေးဆွဲခြင်းဖြစ်ပြီး
ထိုသို့ရေးဆွဲထားသည့် ဘုံသဘော တူညီချက်ဖြင့် ရွေးကောက် ခံရသည့် အစိုးရအဖွဲ့က
အုပ်ချုပ်ပါမယ်ဟု ကတိပြုရသည့် ဘုံသဘောတူညီချက်အဖြစ် ၎င်းလက်ခံသည်ဟု
ပြောကြားသည်။
ထို့နောက် ၂၀၀၈ အခြေခံ ဥပဒေတွင် အငြင်းပွားဖွယ်ရာ အချက်များကို
ထုတ်နုတ်ပြောကြား ခဲ့သည်။ တောင်ဥက္ကလာပမြို့နယ်တွင် တက်ရောက်လာသူ
တစ်ထောင်ကျော် ပတ်ဝန်းကျင်ရှိပြီး အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ၉၉
ရာနှုန်းကျော် ထောက်ခံခဲ့ကြောင်းလည်း သိရသည်။
မရမ်းကုန်းမြို့နယ်တွင် ကျင်းပသည့်ပွဲတွင် တက်ရောက်သူ
နှစ်ထောင်ကျော်ရှိပြီး ၉၈ ရာနှုန်းကျော်က အခြေခံဥပဒေ ပြင်ဆင်ရေးကို
ထောက်ခံခဲ့ကြောင်း သတင်းရရှိသည်။
မရမ်းကုန်းမြို့နယ်မှ ၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရပ်ကျေးအဆင့်မှ
စတင်ကာ ပါတီဝင်များ က ပြည်သူလူထုထံ လိုက်လံဟောပြောကာ ဆန္ဒတောင်းခံ ကြသည်ဟု
မရမ်းကုန်းမြို့နယ်မှ NLD ပါတီဝင် ဒေါ်ခင်နွဲ့သန်းက ပြောပြခဲ့သည်။
ဟောပြောပွဲသို့ တက်ရောက်လာသည့် ဦးခင်မောင်ဝင်းက "ဘာပဲဖြစ်ဖြစ်
ကျွန်တော်တို့က ပြင်ဆင်ဖို့ အရင်ကြိုးစားရမှာပဲ။ လုံးဝပြင်ဆင်ဖို့
မဖြစ်နိုင်ဘူး ဆိုရင်တော့ အသစ်ရေးရမှာပေါ့" ဟု The Daily Eleven သို့
ဖြေကြားသည်။
Eleven
No comments:
Post a Comment