Thursday, November 21, 2013

ကြောက်စရာ ကောင်းတဲ့ pacu ငါး

ကြောက်စရာ ကောင်းတဲ့ pacu ငါးမျိုးစိတ်ဟာ piranha ငါးမျိုးစိတ် နဲ့ဆင် တူပြီး ယောကျာင်္း တွေရဲ့ ဝှေးစေ့ ကို သူတို့ ရဲ့ အစာ ဖြစ်တဲ့အသီး တစ်မျိုးနဲ့ မှားပြီး ကိုက်ဖြတ် စားသောက် တတ် ပါတယ်။

Jim DePersia ဆိုတဲ့ ငါးဖမ်းသမား ဟာ Cedar Lake, Illinois မှာ သူဖမ်း မိတဲ့ ငါးဟာ piranha ငါး အမျိုး အစားလို့ ထင်ခဲ့ ပေမယ့် အမှန်တော့ ကြောက် စရာ ငါး အမျိုး အစား တစ်ခု ဖြစ်နေတာ ကိုတွေ့ခဲ့ ရပါတယ်။ ဒီ ငါးအမျိုး အစား ကိုတော့ pacu လို့ခေါ်ပြီး သူဟာ ယောကျာ်း တွေရဲ့ ဝှေးစေ့ကို ကိုက်ဖြတ် စားသောက် တတ်တဲ့ ငါးမျိုးပဲ ဖြစ်ပါတယ်။ DePersia ဟာ ဒီငါးကို သူ့ အိမ်နား မှာရှိတဲ့ ရေကန် ထဲကနေ ဖမ်းမိ ခဲ့တာ ဖြစ်ပြီး ဒီငါးရဲ့ ချွန်ထက် တဲ့ သွား တွေကို ကြည့်ပြီးတော့ သူဟာ ကြောက်စရာ ကောင်းတဲ့ အမေဇုန် မျိုးစိတ် ငါးကို ဖမ်းမိ တာလို့ သိရှိခဲ့ ပါတယ်။ သူဖမ်းမိ တဲ့ ငါးဟာ ၇ ပေါင်ခန့် လေးပြီး ၂၀ လက်မခန့် အရှည် ရှိပါတယ်။ ဒီကြောက် စရာ ကောင်းတဲ့ pacu ငါးမျိုး စိတ်ဟာ piranha ငါးမျိုး စိတ်နဲ့ ဆင်တူပြီး ဒီငါး တွေဟာ သူတို့ရဲ့အစာ တစ်မျိုးဖြစ်တဲ့ အသီး တစ်မျိုးနဲ့ မှားပြီး ယောကျာ်း တွေရဲ့ ဝှေးစေ့ကို ကိုက်ဖြတ် စား သောက်တာ ဖြစ်ပါတယ်။

2011 ခုနှစ်မှာ New Guinea ရှိ ယောကျာ်း နှစ်ယောက် ဟာ pacu ငါး သူတို့ရဲ့ တန်ဖိုး ထားရတဲ့ အရာ ကို ကိုက်ဖြတ် သွားတဲ့ အတွက် သွေးထွက် လွန်ပြီး သေဆုံး ခဲ့ရ ပါတယ်။ ဒီ pacu ငါးတွေကို Illinois မှာ တွေ့ရှိတာ ဒါ ပထမဆုံး အကြိမ် မဟုတ် ပါဘူး။ 2012 July မှာ Lake Lou Yaeger မှာ တစ်ကောင် တွေ့ခဲ့ပြီး မျက်မြင သက်သေ တွေ ပြော ကြားချက် အရ နောက် တစ်ကောင် ဟာလဲ လွတ်နေ သေးတယ်လို့ ယူဆ ရပါတယ်။ Pacu ငါးမျိုး စိတ်ကို US အနှံ့ တွေ့ရှိရပြီး 2013 September တုန်းကလဲ Tom Boylan ဆိုတဲ့ ငါးဖမ်း သမားဟာ Passaic County, New Jersy က ရေကန် တစ်ခုမှာ တစ်ကောင်ဖမ်းမိ ခဲ့ပါ သေးတယ်။ Pacu ငါးတွေ နယ်ချဲ့လာမှုဟာ Europe မှာလဲ တွေ့ရှိ ရပြီး Paris မှာ September တုန်းက တစ်ကောင် တွေ့ရှိပြီး Sweden မှာ August တုန်းက တစ်ကောင် တွေ့ခဲ့ ရပါတယ်။


No comments:

Post a Comment