Thursday, November 14, 2013

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် တစ်ပြိုင်တည်း ဆွေးနွေးရခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင် ပြီးမြောက်စေမည်ဟု UNFC ထောက်ပြ

တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးကို တညီတညွတ်တည်း တစ်ပြိုင်တည်း တွေ့ ဆုံ ဆွေးနွေး ရခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အောင်မြင်ပြီးမြောက်စေမည့် အခွင့်အလမ်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC က နိုဝင်ဘာ ၁၂ ရက် က သဘောထား ထုတ်ပြန်ချက်ဖြင့် ထောက်ပြ ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့နှင့် တစ်ဖွဲ့ချင်း ဆွေးနွေးရသော အခက်အခဲ ကို ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းအနေဖြင့် မကြာခဏ ညည်းညူလေ့ ရှိခဲ့သည်ဟု UNFC ၏ ကြေညာချက် တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း အနေဖြင့်လည်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင် တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးရာတွင် များစွာ ပင်ပန်းကြောင်းနှင့် ကြိုတင် ညှိနှိုင်းရမှုများရှိကြောင်း ပြောကြားသည်။

အုပ်ချုပ်သူ အဆက်ဆက်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ကြွေးကြော်နေကြသော်လည်း လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် လိုင်ဇာကွန်ဖရင့်ကို ကျင်းပခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစစအရာရာ ကူညီပေးခဲ့သော သမ္မတဦးသိန်းစိန် . . .
ထို့ပြင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက "အခုမြစ်ကြီးနားမှာ လုပ်ခဲ့တဲ့ပွဲဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ တစ်ကြိမ်တည်းမှာ ဆွေးနွေးရတာပါ။ အဲဒီတော့ ဘယ်လောက်ထိ လက်ဝင်မယ် ဆိုတာကတော့ မှန်းကြည့်လို့ ရပါတယ်။ ဒီ ၁၇ ဖွဲ့ကနေ သဘောတူညီချက် တစ်ခုရတာကိုက ကျွန်တော်တို့အတွက် အောင်မြင်မှုလို့ ပြောလို့ရပါတယ်"ဟု ပြောကြားသည်။
နိုဝင်ဘာ ၁၂ ရက် UNFC ၏ သဘောထား ထုတ်ပြန်ချက်တွင် အုပ်ချုပ်သူ အဆက်ဆက်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ကြွေးကြော်နေကြသော်လည်း လက်တွေ့ကျကျ ဆောင် ရွက်နိုင် ခဲ့ခြင်း မရှိကြောင်း၊ သို့ရာတွင် လိုင်ဇာကွန်ဖရင့်ကို ကျင်းပခွင့်ပေးခဲ့ပြီး ခရီးသွားလာရေး အစစအရာရာ ကူညီပေးခဲ့သော သမ္မတဦးသိန်းစိန် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် MPC  အဖွဲ့တို့သည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လက်တွေ့ ဆောင်ရွက်ပေးခြင်း ဖြစ် သည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။  
 
Eleven 

No comments:

Post a Comment