Monday, December 30, 2013

မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်

မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန် အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။
အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော်နေထိုင်မှုနှင့်ပတ်သက်ပြီး မင်းကင်းမြို့ရှိ ဒေသခံလူအင်းအား ၁၀၀ က ဒီ ဇင်ဘာ ၂၉ ရက်တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ပြဿနာဖြေရှင်းပေးရန် ထုတ်ပြန်ကြေညာ ချက်အား နိုင်ငံတော်သမ္မတထံသို့ နေ့ချင်းအရောက် ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ထုတ်ပြန်ချက်ကို သမ္မတထံ ပေးပို့တယ်။ ထူးခြားမှုမရှိဘူးဆိုရင် ပြည်သူတွေနဲ့ပူးပေါင်းပြီး အားလုံး ဆန္ဒ ဖော်ထုတ်နိုင်အောင် ဆက်လက် ကြိုးစားသွားမယ်”ဟု ကိုကျော်မင်းထွဋ်က ဆက်လက် ရှင်းပြသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့် ပတ်သက်ပြီး ပုဒ်မ ၅၀၅ အရ နယ်စပ်ကျူးကျော်မှုများကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်ပေးရန်နှင့် ၂၀၀၄ ခုနှစ်တွင် ရေးဆွဲခဲ့ သော နယ်စပ်မြေပုံပါ နယ်နိမိတ်များအတိုင်း ပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုချက်များပါရှိကြောင်း သိရသည်။

အဆိုပါ တမူးနယ်စပ်ပြဿနာများနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်မွှေးလွင်က “ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အခုမနက် ဆန္ဒပြကြတယ်။ အမတို့အ နေနဲ့လည်း အားပေးတယ်။ ဘာကြောင့်ဆို ဒါဟာ အမျိုးသားရေးဖြစ်တယ်။ ဒါကို အစိုးရအနေနဲ့ ဖိဖိစီးစီး ဖြေရှင်းပေးသင့်တယ်။ မဟုတ်ဘူးဆိုရင် အုံကြွမှုတွေ အကြီးအကျယ်ထိ ဖြစ်လာနိုင်တယ်။ ကျွန်မအနေ နဲ့ကတော့ ဒီပြဿနာကို အခုလာမယ့်လွှတ်တော်မှာ တင်ပြဆွေးနွေးသွားမယ်”ဟု မှတ် ချက်ပြုပြောကြား ခဲ့သည်။

အိန်္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အပိုင်ဖြစ်သော မိုင်တိုင်အမှတ် ၇၆ နှင့် ၇၉ ကြားတွင် အိန်္ဒိယ နိုင်ငံ ဘက်မှ လူနေအိမ်လေးလုံးကို ၂၀၁၃ ခုနှစ် မေလအတွင်း လာရောက် ကျူးကျော်ဆောက်လုပ်ပြီး လက် ရှိမှာ အဆောက် အအုံဆောက်လုပ်ရန်အတွက် မြေများပြုပြင်ခြင်းကို စက်ကြီးများဖြင့် ဆက်လက်ဆောင် ရွက်နေသောကြောင့် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တမူးနယ်စပ်ဒေသများအပြင် အခြား မည်သည့်နယ်စပ်နေရာတွင်မဆို ကျူးကျော်မှုများကို မပြုလုပ်ရန် နှင့် ဆက်လက် ကျူးကျော်မှုများ ပြုလုပ်မှုများကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိ ပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ EITI အဖွဲ့ဝင်နိုင်ငံအဖြစ် အကောင်ထည်ဖော်မည့် အစီအစဉ်ကို လည်း ပါ ၀င်နိုင်ခြင်းမရှိအောင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ ထုတ်ပြန်ချက်များ ဖော်ပြပါ ရှိသည်။

တမူးနယ်စပ်ဘက်တွင် အိနိ္ဒယနိုင်ငံဘက်မှ လာရောက်ကျူးကျော် နေထိုင်မှုများနှင့်ပတ်သက်ပြီး မင်း ကင်းမြို့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက် နံနက် ၉နာရီအချိန်တွင် လူအင် အား ၁၅၀ ခန့်ဖြင့် ကလေးမြို့များတွင် နယ်စပ်ကျူးကျော်နေထိုင်မှုများနှင့်ပတ်သက်ပြီး ပထမအကြိမ် ဆန္ဒဖော် ထုတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အိနိ္ဒယနိုင်ငံဘက်ခြမ်းရှိ မဏိပူရ်နိုင်ငံရေးပါတီများကလည်း အိနိ္ဒယအစိုးရ အနေဖြင့် မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံကာ နယ်စပ်အငြင်းပွားမှု ပြဿနာကို ဆွေးနွေးဖြေရှင်းရန် ဒီဇင်ဘာ ၂၈ ရက်တွင် တောင်းဆိုထားသည်ဟု အာသံထရီဗျူး၏ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment