Thursday, December 19, 2013

ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ

Photo: ကျိုက်ထီးရိုး စေတီတော်၌ တည်းခိုခဈေးနှုံး ကြီးမြင့်နေ
Thursday, December 19, 2013

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်ရှိသော ကျိုက်ထီးရိုး စေတီတော် တောင်ပေါ် တောင်အောက် တည်းခိုခနှုန်း ထား များသည် ယခုရက်ပိုင်းတွင် ဈေးနှုန်း ကြီးမြင့်နေသည်ဟု ကျိုက်ထီးရိုး ဘုရားဖူးပြန်လာသူများဆီက သိရသည်။

တောင်အောက်ထမင်းဆိုင်များက တည်းခိုခန်းများသည် တစ်ယောက်ကို တစ်သောင်းနှုန်းယူပြီး တောင်ပေါ် ထမင်းဆိုင်တည်းခိုခန်းများက မိသားစု အခန်းတစ်ခန်းကို တစ်ညအိပ်ငါးသောင်းနှုန်းယူသည်ဟု သိရသည်။

သီးသန့်ဖွင့်လှစ်ထားသော တည်းခိုခန်းများက နှစ်ယောက်ခန်းတစ်ခန်းကို သုံးသောင်းမှ ငါးသောင်းအထိ အစားစားရှိသည်ဟု သိရသည်။

ထို့အပြင် တောင်အောက်ကင်ပွန်းစခန်းမှ တောင်ပေါ်အထိ တောင်တက် ယာဉ်စီးခသည် ရှေ့ခန်းကားခေါင်း ခန်း က စီးလျှင် အသွားအပြန် (၇၀၀၀)နှုန်းရှိပြီး နောက်ခန်းကစီးလျှင် ကျပ်(၅၀၀၀)နှုန်းရှိသည်ဟု သိရ သည်။တောင်တက်ကားစီးရေ(၁၄၃)စီးရှိပြီး အစီးတိုင်းလူအပြည့်ဖြစ်ပြီး အသွားအပြန်တစ်ခေါက်ကို ကျပ် (၃)သိန်းကျော် ရသည့်အတွက် တောင်တက်ကားများအနေဖြင့် အမြတ်အစွန်းကြီးမား ပြီးစီးပွားဖြစ်နေသည် ဟုသိရသည်။ 

လူထမ်းသော တောင်တက်အထမ်းငှားရမ်းနှုန်းသည် ကုန်ပစ္စည်းဆိုရင်အသွားတစ်ခေါက် ကျပ်(၃၀၀၀)နှုန်း လူကို ထမ်းရလျှင် ကျပ်(၈၀၀၀)နှုန်းရှိပြီး ကျိုက်ထီးရိုးရင်ပြင်တော်၌ ဖျာတစ်ချပ်ငှားမည်ဆိုလျှင် စပေါ် တစ်ထောင်နှင့် ငှားရမ်းခ(၅၀၀)တို့ကိုပေးရသည်ဟု သိရသည်။

လူဦးရေလေးယောက်ပါဝင်သော မိသားစုတစ်စုအတွက် ရန်ကုန်မှ ကျိုက်ထီးရိုးဘုရားဖူးတစ်ည အိပ်ခရီး စဉ် သည် ရန်ကုန်-ကျိုက်ထို ကားခ အပါအ၀င် နေစရိတ်စားစရိတ် စုစုပေါင်းတစ်သိန်း ခွဲလောက် ကုန်ကျနေကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment