Thursday, December 19, 2013

စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်

Photo: စင်ကာပူ အိန္ဒိယရပ်ကွက် ဆူပူမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည်
Thursday, December 19, 2013

စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေဆုံးသွားခြင်းကို အစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေထိုင်ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြသည်။

ယခုစင်ကာပူမှ နှင်ထုတ်မည့် နိုင်ငံခြား လုပ်သား ၅၃ ဦးတွင် အိန္ဒိယ နိုင်ငံသား ၅၂ ဦး ပါဝင်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း စင်ကာပူ ရဲမင်းကြီး Ng JooHee က ပြောကြားသည်။

ဒီဇင်ဘာလ အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုသည် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေ့ရှိသော စင်ကာပူ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးဆုံး ဆူပူမှု ဖြစ်သည်။

တရားစစ်ဆေးခြင်း မရှိဘဲ ခုံသမာဓိ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံမှ နှင်ထုတ်ခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း စင်ကာပူရှိ အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည့် Workfair Singapore အဖွဲ့က ပြောကြားသည်။

ယမန်နှစ်က စင်ကာပူတွင် ဘတ်စ်ကား မောင်းနှင်နေသော တရုတ်နိုင်ငံသား ယာဉ်မောင်းတစ်ဦး၏ ဆန္ဒပြမှုကြောင့် စင်ကာပူရှိ အချို့သော နိုင်ငံခြားသား လုပ်သားများ၏ လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေကို လူအများ အာရုံစိုက်မှု ဖြစ်စေခဲ့သည်။

ထို့ပြင် စင်ကာပူ နိုင်ငံသား ယာဉ်မောင်းများထက် လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေအပေါ် မကျေမနပ်ဖြစ်ကာ တောင်းဆိုခဲ့သော နိုင်ငံခြားသား ယာဉ်မောင်းလေးဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly
စင်ကာပူနိုင်ငံရှိ အိန္ဒိယ ရပ်ကွက်တွင် ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၅၃ ဦးကို နိုင်ငံမှ နှင်ထုတ်မည် ဖြစ်ကြောင်း စင်ကာပူ အစိုးရ၏ ပြောကြားချက်ကို BBC သတင်း တွင် ဖော်ပြ ထားသည်။
ထို့ပြင် အဆိုပါကိစ္စတွင် ပါဝင် ပတ်သက်သော နောက်ထပ် လူ ၂၈ ဦးကိုလည်း ရာဇဝတ်မှုများဖြင့် တရား စွဲဆိုမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူတွင် လာရောက် အလုပ် လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားတစ်ဦး ဘတ်စ်ကား တိုက်မိပြီး သေ ဆုံးသွားခြင်းကိုအစပြု၍ အိန္ဒိယနိုင်ငံလေးဟု တင်စားခေါ်ဝေါ်သည့် စင်ကာပူရှိ အိန္ဒိယနိုင်ငံသားများ နေ ထိုင် ရာ ရပ်ကွက်တွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူပူမှုတွင် နိုင်ငံခြားသား လုပ်သား ၄၀၀ ခန့်မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး ရဲကားများ၊ အရေးပေါ် ကားများကို မီးရှို့ခဲ့ကြရာ ဒီဇင်ဘာလ ၈ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူ ၁၈ ဦး ဒဏ်ရာရခဲ့ကြသည်။

ယခုစင်ကာပူမှ နှင်ထုတ်မည့် နိုင်ငံခြား လုပ်သား ၅၃ ဦးတွင် အိန္ဒိယ နိုင်ငံသား ၅၂ ဦး ပါဝင်ပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး ပါဝင်ကြောင်း စင်ကာပူ ရဲမင်းကြီး Ng JooHee က ပြောကြားသည်။

ဒီဇင်ဘာလ အစောပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ဆူပူဆန္ဒပြမှုသည် တင်းတင်းကျပ်ကျပ် အုပ်ချုပ်လေ့ ရှိသော စင်ကာပူ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း အဆိုးဆုံး ဆူပူမှု ဖြစ်သည်။

တရားစစ်ဆေးခြင်း မရှိဘဲ ခုံသမာဓိ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံမှ နှင်ထုတ်ခြင်းမှာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း စင်ကာပူရှိ အလုပ်သမားများ၏ အခြေအနေနှင့် ပတ်သက်၍ လှုပ်ရှားနေသော အဖွဲ့ဖြစ်သည့် Workfair Singapore အဖွဲ့က ပြောကြားသည်။

ယမန်နှစ်က စင်ကာပူတွင် ဘတ်စ်ကား မောင်းနှင်နေသော တရုတ်နိုင်ငံသား ယာဉ်မောင်းတစ်ဦး၏ ဆန္ဒပြ မှုကြောင့် စင်ကာပူရှိ အချို့သော နိုင်ငံခြားသား လုပ်သားများ၏ လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေကို လူအများ အာရုံစိုက်မှု ဖြစ်စေခဲ့သည်။

ထို့ပြင် စင်ကာပူ နိုင်ငံသား ယာဉ်မောင်းများထက် လုပ်ခလစာ နည်းပါးမှုနှင့် နေထိုင်ရမှု အခြေအနေအပေါ် မကျေမနပ်ဖြစ်ကာ တောင်းဆိုခဲ့သော နိုင်ငံခြားသား ယာဉ်မောင်းလေးဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment