Thursday, December 19, 2013

အကြော် များများ စားရင် အသည်း အတွက် မကောင်း

Photo: အကြော် များများ စားရင် အသည်း အတွက် မကောင်း
Thursday, December 19, 2013

အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်း ရောဂါ hepatitisလို ဖြစ်တာနဲ့ တူတယ်လို့ The Doctors အမည်ရ တီဗွီ အစီစဉ် တစ်ခုမှာ ထုတ်လွင့် သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်းမှာ ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကြက်ကြော်၊ ကြက်သွန်ကြော်၊ အာလူးကြော်တွေက အဆိုးဆုံး ဖြစ်ပြီး အဲဒီအထဲမှာ ထည့်ထားတဲ့ ပါဝင်တဲ့ ပစ္စည်း တချို့က ကျန်းမာရေး အတွက် မကောင်းဘူးလို့ သိရ ပါတယ်။ ဥပမာ - အာလူးကြော်မှာ ဆားထည့်တယ်၊ ဆီထဲထည့် ကြော်တာကို သိကြပါတယ်။ ဒါပေမဲ့ သကြားလည်း ထည့်သုံးတယ်၊ ဘာကြောင့် လဲဆိုတော့ ရွှေရောင် တမ်းပြီး ကြွတ်ရွနေတာ ဖြစ်အောင် သုံးတာ ဖြစ်ပါတယ်။ ဆားရယ်၊ ဆီရယ်၊ သကြားရယ် မကောင်းတဲ့ အရာ ၃ မျိုး ပါဝင်နေပါတယ်။ သုံးထားတဲ့ ဆီပမာဏ တွေကြောင့် ကြာလာရင် အသည်း အဆီဖုံးတာ ဖြစ်လာကြတယ်၊ အသည်း ထဲက အင်ဇိုင်းဓာတ်တွေ ပြောင်းလဲသွားပြီး အဲဒါက အသည်းရောဂါဖြစ်ပုံနဲ့ သွားတူနေတယ်လို့ Dr. Drew Ordon က ရှင်းပြပါတယ်။

fast food ဆိုင်တွေမှာ အကြော်တွေ မစားဘဲ ကျန်းမာမယ် လတ်ဆတ် မယ်လို့ ထင်ရတဲ့ အရွက်စုံ သုတ် (salad) ကို မှာစားရင်လဲ ဓာတုပစ္စည်း ထည့်သုံးခြင်း ရှိမရှိ မသိရတာကြောင့် စိတ်မချ ရပါဘူး။ တချို့ဆိုင် တွေမှာ အရွက်တွေထဲမှာ propylene glycol ဓာတု ပစ္စည်း ထည့်ထားပြီး အဲဒါက အရွက်တွေ မနွမ်းအောင် မညှိးအောင် ထိန်းပေးတာ ဖြစ်ပါတယ်။ propylene glycol ဆိုတာက anti-freeze အမျိုးအစားလို ဖြစ်ပြီး စားသုံးဖို့ မသင့်ကြောင်း Dr. Drew Ordon က ပြောသွားပါတယ်။

(Ref; Daily Mail, Feb 16, 2013, Eating fast food regularly has the same impact on the liver as hepatitis, study finds)

Myanmar1
မြ၀တီ

No comments:

Post a Comment