Tuesday, December 24, 2013

ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့

Photo: ငွေနှစ်သောင်းပေးမှ ဆရာဝန်လက်မှတ် ရတဲ့အတွက် လူသေဖို့တောင် ခက်နေတဲ့ 
======================================
Tuesday, December 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ်လွန်သူ များအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေး မှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။

““၉၆ ပါးသောရောဂါနဲ့သေတဲ့ အခါမှာ အမှန်တကယ်သေကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ် ပါမှဒေသန္တရကသေစာရင်းထုတ် ပေးတာဖြစ်တဲ့အတွက် ရပ်ကွက် ထဲမှာ လူသေတဲ့အခါအရပ်ထဲက ဆရာဝန်တွေဆီကနေပြီး အမှန် တကယ်သေကြောင်း ထောက်ခံ ချက်လက်မှတ်တောင်းတဲ့အခါမှာ သူတို့ကုတဲ့လူမဟုတ်ရင်လက်မှတ် မပေးဘူး။ မသာကြီးကသင်္ဂြိုဟ်လို့ မရဘဲလည်နေရော။ ဒါပေမဲ့ ဆရာဝန်တွေကိုပိုက်ဆံပေးရင် တော့ သူတို့ကုကုမကုကုအပင်ပန်း ခံပြီး စမ်းပေးတယ်။ ထောက်ခံ ပေးတယ်။ အဲဒီလက်မှတ်တစ်ခါ ရဖို့ကို (၂)သောင်းပေးရပါတယ်။ ကျွန်တော်တို့ (၁၆/၂)ရပ်ကွက်မှာ သေဖို့တောင် တော်တော်ခက်တဲ့ အနေအထားဖြစ်နေပါတယ်””ဟု (၁၆/၂)ရပ်ကွက် ဓမ်္မာရုံဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လွှတ်တော်တွင် အနိမ့်ဆုံးအနေဖြင့် ကြယ်ပွင့်မပြ မေးခွန်းမေးရန်အစီစဉ်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ““ဒီကိစ္စကိုကျွန်တော် တော်တော် လေးအံ့သြသွားတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားက ဒီလောက်တောင်ထိခိုက်နေပြီ လား။ ကျွန်တော်နားလည်ထား သလောက်ပြောရရင် ဆရာဝန် တစ်ယောက်ဟာ မိမိကုသည်ဖြစ် စေ၊ မကုသည်ဖြစ်စေ လူတစ် ယောက်ကွယ်လွန်တာဟုတ်မဟုတ် ဆိုတဲ့ ဆန်းစစ်မှုကိုအဖြေပေးဖို့ လိုတယ်။ ဒါဟာ လူနာဆေးကု တာမှမဟုတ်ဘဲ။ သူ့တာဝန်တစ် ရက် သူဆောင်ရွက်ပေးတဲ့အခါမှာ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ကိုယ့် တိုင်းပြည်အတွက် မှန်မှန်ကန်ကန် လုပ်တယ်။ လူထုအတွက်နောက် ဆုံးအချိန်မှာ ပူဆွေးနေတဲ့မိသားစု ကို ကိုယ်ကူညီတယ်ဆိုတဲ့စိတ်မျိုး ထားရင် အခုလိုငွေကြေးရမှလိုက် တယ်ဆိုတဲ့ဟာက ပညာရှင် လောကအတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ရပ်တွေပဲလို့ပြော ပါရစေ။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာအနည်းဆုံးကြယ်ပွင့် မပြမေးခွန်းတော့ မေးရမှာပေါ့””ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

ညီညီအောင်
Hot News Journal
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂) ရပ်ကွက်တွင် ရောဂါအမျိုးမျိုး ကြောင့် အိမ်တွင်ကွယ် လွန်သူများအား သင်္ဂြိုဟ်ရာတွင်လိုအပ် သော ဒေသန္တရမှသေစာရင်းရယူ ရန်အတွက်၊ ဆရာဝန်၏ထောက် ခံချက်ယူရာ၌ ငွေနှစ်သောင်းပေးမှသာ ဆရာဝန်၏ထောက်ခံချက် လက်မှတ်ရသဖြင့် သေဖို့ပင်ခက် ခဲနေကြောင်း သိရသည်။
““၉၆ ပါးသောရောဂါနဲ့သေတဲ့ အခါမှာ အမှန်တကယ်သေကြောင်း ဆရာဝန်ရဲ့ထောက်ခံချက်လက်မှတ် ပါမှဒေသန္တရကသေစာရင်းထုတ် ပေးတာဖြစ်တဲ့အတွက် ရပ်ကွက် ထဲမှာ လူသေတဲ့အခါအရပ်ထဲက ဆရာဝန်တွေဆီကနေပြီး အမှန် တကယ်သေကြောင်း ထောက်ခံ ချက်လက်မှတ်တောင်းတဲ့အခါမှာ သူတို့ကုတဲ့လူမဟုတ်ရင်လက်မှတ် မပေးဘူး။ မသာကြီးကသင်္ဂြိုဟ်လို့ မရဘဲလည်နေရော။ ဒါပေမဲ့ ဆရာဝန်တွေကိုပိုက်ဆံပေးရင် တော့ သူတို့ကုကုမကုကုအပင်ပန်း ခံပြီး စမ်းပေးတယ်။ ထောက်ခံ ပေးတယ်။ အဲဒီလက်မှတ်တစ်ခါ ရဖို့ကို (၂)သောင်းပေးရပါတယ်။ ကျွန်တော်တို့ (၁၆/၂)ရပ်ကွက်မှာ သေဖို့တောင် တော်တော်ခက်တဲ့ အနေအထားဖြစ်နေပါတယ်””ဟု (၁၆/၂)ရပ်ကွက် ဓမ်္မာရုံဥက္ကဋ္ဌ ဦးမျိုးလွင်က ပြောကြားခဲ့သည်။

အထက်ပါအကြောင်းအရာ နှင့်ပတ်သက်၍ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်မှပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုး သားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က လွှတ်တော်တွင် အနိမ့်ဆုံးအနေဖြင့် ကြယ်ပွင့်မပြ မေးခွန်းမေးရန်အစီစဉ်ရှိကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ““ဒီကိစ္စကိုကျွန်တော် တော်တော် လေးအံ့သြသွားတယ်။ ကျွန်တော် တို့တိုင်းပြည်ရဲ့ ကိုယ်ကျင့်တရားက ဒီလောက်တောင်ထိခိုက်နေပြီလား။ ကျွန်တော်နားလည်ထား သလောက်ပြော ရရင် ဆရာဝန် တစ်ယောက်ဟာ မိမိကုသည်ဖြစ် စေ၊ မကုသည်ဖြစ်စေ လူတစ် ယောက် ကွယ် လွန်တာ ဟုတ်မဟုတ် ဆိုတဲ့ ဆန်းစစ်မှုကိုအဖြေပေးဖို့ လိုတယ်။ ဒါဟာ လူနာဆေးကု တာမှ မဟုတ် ဘဲ။ သူ့တာဝန်တစ် ရက် သူဆောင်ရွက်ပေးတဲ့အခါမှာ ကိုယ့်လိပ်ပြာသန့်သန့်နဲ့ ကိုယ့် တိုင်းပြည် အတွက် မှန်မှန်ကန်ကန် လုပ်တယ်။ လူထုအတွက်နောက် ဆုံးအချိန်မှာ ပူဆွေးနေတဲ့မိသားစု ကို ကိုယ် ကူညီတယ် ဆိုတဲ့စိတ်မျိုး ထားရင် အခုလိုငွေကြေးရမှလိုက် တယ်ဆိုတဲ့ဟာက ပညာရှင် လောကအတွက် အင်မတန်မှ ၀မ်းနည်းစရာဖြစ်ရပ်တွေပဲလို့ပြော ပါရစေ။ ကျွန်တော်အနေနဲ့ လွှတ်တော်မှာအနည်း ဆုံးကြယ်ပွင့် မပြမေးခွန်းတော့ မေးရမှာပေါ့””ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြောခဲ့သည်။

ညီညီအောင်
Hot News Journal

No comments:

Post a Comment