Tuesday, December 24, 2013

လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်

Photo: လူမျိုးစွဲ၍ သွေးကွဲသော် ပြည်ထောင်စုပြိုကွဲရေးသာ မြင်မိပါသည်
Tuesday, December 24, 2013

ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ် အစိုးရမှခွင့်ပြုချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည် နယ်အစိုးရအဖွဲ့အား လုံးဝအယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်စနစ်ဖြစ်သော် လည်း ဗဟိုချုပ်ကိုင်မှုများသောကြောင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသား လူမျိုးစုများမှ အလိုရှိလျက်ရှိပေသည်။ ဘာတေးလစ်တနာ၏ ဆောင်းပါးတွင် မြန်မာနိုင်ငံမှာ အခြားနိုင်ငံများလို ဖက်ဒရယ်မျိုးထူထောင်နိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ထောက်ပြသွားပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးကြီး(၈)မျိုး၊ လူမျိုးစုပေါင်း(၁၃၅)မျိုး တည်ရှိသဖြင့် လူမျိုးစုအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များပေးလိုက်ပါက ကမ္ဘာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ တိုင်း အများဆုံးနိုင်ငံ ဖြစ်သွားနိုင်ပေသည်။ ဒါကြောင့်လည်းထောက်ပြပြောဆိုသွားခြင်းဖြစ်မည်ထင်ပါသည်။ဘာကြောင့် လဲဆိုတော့ ကချင်ပြည်နယ်အစိုးရအနေဖြင့် Sea Game ကာလအတွင်း လိုင်ဇာတွင် လူထုဆန္ဒ ဖော်ထုတ်ပွဲလုပ်တော့ ခွင့်ပြုပြီး ရှမ်းနီလူမျိုးများ ဆန္ဒဖော်ထုတ်ဖို့ကြတော့ ခွင့်မပြုသဖြင့် ရှမ်းနီ လူမျိုးစုများမှ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခြင်းဖြစ်ပေသည်။
လူမျိုးစုများမတူသဖြင့် လူမျိုးစွဲများအပေါ်အခြေခံပြီး ဖြစ်ပွားလာသည့် ပြဿနာများပင် ဖြစ်ပေသည်။ အလားတူရှမ်းပြည်နယ်တွင်လည်း လူမျိုးစုပေါင်းများစွာနေထိုင်သဖြင့် ရှမ်းလူမျိုးများ မှ ရှမ်းပြည်နယ်အား သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေစဉ်မှာပဲ ရှမ်းပြည်နယ်ထဲရှိ “၀” လူမျိုးများမှလည်း သူတို့နေထိုင်သည့်ဒေသအား “၀” ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆို လာနေပြီဖြစ်သည်။ နောက်ထပ် တောင်းဆိုလာနိုင်သည့် လူမျိုးစုများလည်း ရှိလာနိုင်ပေသည်။ ထိုပြဿနာများကို မည်သို့ဖြေရှင်းမည်နည်း။ နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သော် စစ်ရေးနည်းဖြင့် ဖြေရှင်းကြပေမည်။ ဒါကြောင့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်များတောင်းဆိုရာတွင် နောင်ဖြစ်ပေါ်လာမည့် ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားစေချင် ပါသည်။ ကချင်ပြည်နယ်အတွင်းမှာပင် နေထိုင်ကြသည့် ကချင်နှင့် ရှမ်းနီ လူမျိုးတို့ အချင်းချင်းပင် လူမျိုးစွဲ၍ သွေးကွဲနေပေသည်။ နောင်တွင် ရှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာ သော် ကချင်လူမျိုးများလက်ခံနိုင်ပါမည်လား။ စဉ်းစားစေချင်ပါသည်။ လက်ရှိနိုင်ငံရေး စနစ်အရ အကြေအလည်ဆွေးနွေးနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သဖြင့် လူမျိုးစွဲများရှေ့တန်းမတင်ဘဲ ပြည်ထောင်စုကြီးမပြိုကွဲအောင် စည်းစည်းလုံးလုံးဖြင့် Sea Game တွင် ကမ္ဘာသိအောင်ပြသ သွားသည့် မြန်မာ ဆိုသည့်စိတ်ဓာတ်ကို အစဉ်စောင့်ထိန်းကြစေလိုကြောင်း ရေးသားလိုက်ရ ပါသည်။

စိန်ဝင်းမောင်(ညောင်ရွှေ)

https://www.facebook.com/photo.php?fbid=603725976367999&set=a.373854472688485.82239.373828456024420&type=1&relevant_count=1
ရှမ်းနီမျိုးနွယ်စုများမှ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စီတန်းလှည့်လည်ခွင့်အား ကချင်ပြည်နယ်အစိုးရမှ ခွင့်ပြု ချက်မရသဖြင့် ၀န်းသိုဘုန်းကြီးကျောင်းအတွင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အား လုံးဝ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခဲ့ကြပါသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်စနစ်ဖြစ်သော် လည်း ဗဟိုချုပ် ကိုင်မှုများသောကြောင့် ဗဟိုချုပ်ကိုင်မှုမရှိသည့် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသား လူမျိုးစုများမှ အလိုရှိ လျက်ရှိပေသည်။ ဘာတေးလစ်တနာ၏ ဆောင်းပါးတွင် မြန်မာနိုင်ငံမှာ အခြားနိုင်ငံများလို ဖက်ဒရယ်မျိုး ထူထောင်နိုင်ဖို့ မဖြစ်နိုင်သေးကြောင်း ထောက်ပြသွားပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးကြီး(၈)မျိုး၊ လူမျိုး စုပေါင်း (၁၃၅)မျိုး တည်ရှိသဖြင့် လူမျိုးစုအလိုက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်များပေးလိုက်ပါက ကမ္ဘာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်၊ တိုင်း အများဆုံးနိုင်ငံ ဖြစ်သွားနိုင်ပေသည်။ ဒါကြောင့် လည်းထောက်ပြပြောဆိုသွားခြင်းဖြစ်မည်ထင်ပါသည်။ဘာကြောင့် လဲဆိုတော့ ကချင်ပြည်နယ်အစိုးရ အနေဖြင့် Sea Game ကာလ အတွင်း လိုင်ဇာတွင် လူထုဆန္ဒ ဖော်ထုတ်ပွဲလုပ်တော့ ခွင့်ပြုပြီး ရှမ်းနီလူမျိုးများ ဆန္ဒဖော်ထုတ်ဖို့ကြတော့ ခွင့်မပြုသဖြင့် ရှမ်းနီ လူမျိုးစုများမှ အယုံအကြည်မရှိကြောင်း ထုတ်ပြန်ခြင်းဖြစ်ပေ သည်။

လူမျိုးစုများမတူသဖြင့် လူမျိုးစွဲများအပေါ်အခြေခံပြီး ဖြစ်ပွားလာသည့် ပြဿနာများပင် ဖြစ်ပေသည်။ အလားတူ ရှမ်းပြည်နယ်တွင်လည်း လူမျိုးစုပေါင်းများစွာနေထိုင်သဖြင့် ရှမ်းလူမျိုးများ မှ ရှမ်းပြည်နယ်အား သီးခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုနေစဉ်မှာပဲ ရှမ်းပြည်နယ်ထဲရှိ “၀” လူမျိုးများမှလည်း သူတို့နေထိုင် သည့်ဒေသ အား “၀” ပြည်နယ်အဖြစ်သတ်မှတ်ပေးရန် တောင်းဆို လာနေပြီဖြစ်သည်။ နောက် ထပ် တောင်းဆိုလာနိုင်သည့် လူမျိုးစုများလည်း ရှိလာနိုင်ပေသည်။ ထိုပြဿနာများကို မည်သို့ဖြေရှင်းမည် နည်း။ နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်သော် စစ်ရေးနည်းဖြင့် ဖြေရှင်းကြပေမည်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်များတောင်းဆိုရာတွင် နောင်ဖြစ်ပေါ် လာမည့် ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားစေချင် ပါသည်။ ကချင်ပြည်နယ်အတွင်းမှာ ပင် နေထိုင်ကြ သည့် ကချင်နှင့် ရှမ်းနီ လူမျိုးတို့ အချင်းချင်းပင် လူမျိုးစွဲ၍ သွေးကွဲနေပေသည်။ နောင်တွင် ရှမ်းနီပြည်နယ် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလာ သော် ကချင်လူမျိုးများလက်ခံနိုင်ပါမည်လား။ စဉ်းစားစေချင်ပါ သည်။ လက်ရှိနိုင်ငံရေး စနစ်အရ အကြေအလည်ဆွေးနွေးနိုင်သည့် အခွင့်အရေးများရှိနေပြီဖြစ်သဖြင့် လူမျိုးစွဲများရှေ့တန်းမတင်ဘဲ ပြည်ထောင်စုကြီးမပြိုကွဲအောင် စည်းစည်းလုံးလုံးဖြင့် Sea Game တွင် ကမ္ဘာသိအောင်ပြသ သွားသည့် မြန်မာ ဆိုသည့်စိတ်ဓာတ်ကို အစဉ်စောင့်ထိန်းကြစေ လိုကြောင်း ရေးသား လိုက်ရ ပါသည်။

စိန်ဝင်းမောင်(ညောင်ရွှေ)
https://www.facebook.com/photo.php?fbid=603725976367999&set=a.373854472688485.82239.373828456024420&type=1&relevant_count=1

No comments:

Post a Comment