Tuesday, December 17, 2013

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ

လူသတ်မှု ဖြစ်ပွား၍ ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်နှစ်ဦး ကောလင်း ရဲစခန်းသို့ လာရောက်အဖမ်းခံ


စစ်ကိုင်းတိုင်းဒေသကြီး၊  ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅)ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက်ဘက်(၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂)ချက်ဖြင့် သေဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာတည်းနေ ဇော်လင်း(၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများရန်ဖြစ်ကြပြီး မောင်စန်းကို ဓားချွန်ဖြင့် ထိုး သတ်၍ထွက်ပြေးသွားကြောင်း ပြောပြသိရှိရသောကြောင့် ကောလင်းရဲစခန်းသို့တိုင်ကြား       ရာကောလင်းရဲစခန်းက(ပ) ၄၀၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီးတရားခံ များ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အဆိုပါ ဇော်လင်းနှင့် ဖို တုတ်(ခ)မင်းမင်းထိုက်တို့သည် ၎င်းတို့ကျေးရွာမှ ကန့်ဘလူမြို့ နယ်ရှိတောင်ဇော်တောတိုက်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ဇော် ဆိပ်ကမ်းမှ စက်လှေဖြင့် ထီးချိုင့် မြို့နယ်၊ မြတောင်ကျေးရွာသို့ ဒီဇင်ဘာ(၇)ရက်နေ့တွင် ရောက် ရှိခဲ့ပြီး ထိုမှတစ်ဆင့် ငအိုးကျေး ရွာသဆက်လက်ထွက်ခွာကာငအိုး ကျေးရွာအရောက်တွင် မိမိတို့ အမှားကို သိရှိပြီး ကျန်ရစ်ခဲ့သော မိဘများကို သနားသဖြင့်ငအိုး ကျေးရွာလမ်းဆုံမှ မော်တော်ယာဉ် ဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ဒီဇင်ဘာ  (၁၀)ရက်နေ့ နံနက်(၃)နာရီခန့် အချိန် ကောလင်းမြို့နယ်၊ ပေ ကုန်းကျေးရွာသို့ပြန်လည်ရောက် ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိဘများထံအသိပေးအကြောင်း ကြားကာ နံနက်(၁၀)နာရီ အချိန် ခန့်တွင် ကောလင်းရဲစခန်းသို့သွား ရောက် သတင်းပို့ဖမ်းဆီးခံခဲ့သည့် အတွက် အမှုစစ်ဒုတိယရဲမှူး အောင်မြင့်က ၎င်းတို့နှစ်ဦးကို စစ်ဆေးဆောင်ရွက်ပြီး အမှုကိုခိုင် မာအောင်တည်ဆောက်၍ မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင် ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Hot News Journal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကျောက်တန်း အုပ်စု၊ ပေကုန်းရွာတွင် ၂၀၁၃ ဒီဇင်ဘာ(၅) ရက်နေ့ ည(၈)နာရီ အချိန်ခန့်က ဦးဝင်းလှိုင် (၃၇) နှစ် သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အိမ်မြောက် ဘက် (၂)ဖာလုံခန့် အကွာမှ အော်သံများကြားရသဖြင့် သွားရောက်ကြည့်ရှုရာ ဦး အောင်ငြိမ်းဆိုသူ၏ နေအိမ်ရှေ့ လမ်းမပေါ်တွင် အစ်ကိုဖြစ်သူ မောင်စန်းသည် သွေးများစိုရွဲနေပြီး ဓားဒဏ်ရာ(၂) ချက်ဖြင့် သေ ဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဦးအောင်ငြိမ်းအားမေးမြန်းရာတွင် တစ်ရွာ တည်းနေ ဇော်လင်း (၂၀) နှစ်၊ ဖိုးတုတ်(ခ)မင်းမင်းထိုက်၊(၂၀) နှစ်တို့နှင့်လမ်းပေါ်တွင်မောင်းစန်း တို့စကားများ
ရန်ဖြစ်ကြပြီး မောင်စန်းကို ဓားချွန်ဖြင့် ထိုး သတ်၍ထွက်ပြေး သွားကြောင်း ပြောပြ သိရှိ ရသောကြောင့် ကောလင်းရဲစခန်းသို့တိုင်ကြား ရာကောလင်းရဲစခန်းက(ပ) ၄၀၇/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူပြီးတရားခံ များ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

အဆိုပါ ဇော်လင်းနှင့် ဖို တုတ်(ခ)မင်းမင်းထိုက်တို့သည် ၎င်းတို့ကျေးရွာမှ ကန့်ဘလူမြို့ နယ်ရှိတောင်ဇော်တောတိုက်သို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ဇော် ဆိပ်ကမ်းမှ စက်လှေဖြင့် ထီးချိုင့် မြို့နယ်၊ မြတောင်ကျေးရွာသို့ ဒီဇင်ဘာ(၇)ရက်နေ့တွင် ရောက် ရှိခဲ့ပြီး ထိုမှတစ်ဆင့် ငအိုးကျေး ရွာသဆက်လက်ထွက်ခွာကာငအိုး ကျေးရွာအရောက်တွင် မိမိတို့ အမှားကို သိရှိပြီး ကျန်ရစ်ခဲ့သော မိဘများကို သနားသဖြင့်ငအိုး ကျေးရွာလမ်းဆုံမှ မော်တော်ယာဉ် ဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ဒီဇင်ဘာ (၁၀)ရက်နေ့ နံနက်(၃)နာရီခန့် အချိန် ကောလင်းမြို့နယ်၊ ပေ ကုန်းကျေးရွာသို့ပြန်လည်ရောက် ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မိဘများထံအသိပေးအကြောင်း ကြားကာ နံနက်(၁၀)နာရီ အချိန် ခန့်တွင် ကောလင်းရဲစခန်းသို့သွား ရောက် သတင်းပို့ဖမ်းဆီးခံခဲ့သည့် အတွက် အမှုစစ် ဒုတိယ ရဲမှူး အောင်မြင့် က ၎င်းတို့နှစ်ဦးကို စစ်ဆေးဆောင်ရွက်ပြီး အမှုကိုခိုင် မာအောင်တည်ဆောက်၍ မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင် ရန် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Hot News Journal

No comments:

Post a Comment