Tuesday, December 17, 2013

တောင်တွင်းကြီးမြို့နယ်တွင် သားဖြစ်သူက ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်

တောင်တွင်းကြီးမြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း၏ အနောက် တောင်ဘက်ခြောက်မိုင်ခန့်အကွာတွင် ယမန်နေ့ ညနေ ၄ နာရီချိန်က မတင်တင်မြင့် အသက် (၁၈)နှစ် ကြို့ချောင်းအလယ်ရွာအုပ်စုနေသူ သည် တစ်အိမ်တည်းနေ ဖခင်ဖြစ်သူဦးအောင်သာနှင့်အတူ မီးလှုံနေ စဉ် တစ်ဝိုင်းတည်း အိမ်တောင် ဘက်ကပ်လျက် အိမ်တွင် တစ်ဦးတည်း နေထိုင်သည့် အစ်ကိုဖြစ်သူကိုမြင့်ဇော်က ဖခင်၏ဆိုဆုံးမမှုကို မကျေ နပ်သဖြင့် နေအိမ်ပေါ်မှဝါးရိုးတပ်အရိုးအသွား ၂၂လက်မ၊ဗျက်ခြောက် လက်မခန့်ရှိ တောင်သူ ဓားမကိုင်၍ ဖခင်ဖြစ်သူအားခုတ်ရာ ဖခင်ဖြစ် သူသေဆုံးသွားခဲ့ကြောင်းသိရသည်။

ဦးခေါင်းထိပ် ခြောက်လက်မ ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာဘက်လက်ပြင်ပြတ်ရှဒဏ်ရာ၊ ယာဘက် ခြေ သလုံးပြတ်ရှ ဒဏ်ရာများ ရရှိခဲ့သဖြင့် သမီးဖြစ်သူ မတင်တင်မြင့် က အကူအညီတောင်းရာ ရွာသူရွာသား များရောက်ရှိလာသဖြင့် မြင့်ဇော်မှာထွက်ပြေးသွားကြောင်း၊ ဖခင်ဖြစ်သူကို ကုက္ကိုကုန်းတိုက် နယ်ဆေးရုံသို့ ပို့အပ်ဆေးကုသခဲ့ပြီး မြင့်ဇော်အားအရေးယူပေးပါရန် မတင်တင်မြင့်က တရားလိုပြု လုပ်တိုင်တန်း ခဲ့ရာ တောင်တွင်းကြီး မြို့နယ် ကုက္ကိုကုန်းနယ်မြေရဲစခန်း က (ပ)၅၆/၂ဝ၁၃၊ပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ထားရာမှ လူနာမှာဆေး ကုသမှုခံယူနေစဉ်သေဆုံးသွားသဖြင့် ပုဒ်မ ၃၂၆ မှ၃ဝ၂ သို့ပြောင်းလဲ အမှုဖွင့် ထားကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment