Thursday, December 5, 2013

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ

မွေးသာမွေး၍ မကျွေးနိုင်ရှာသူ မိခင် လေးမြွှာပူး ရင်းသွေးလေးများအတွက် နို့မှုန့် အလှူခံ
Thursday, December 5, 2013

ကျွန်မတို့လင်မယား မစားရင်နေပါစေ ကလေးတွေအတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါစကားကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူးကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာပူးမောင်နှမ တို့၏ မွေးသမိခင်ဖြစ်သည်။ မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့်အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦးကို မွေးဖွားခဲ့ သည်။

သို့သော် ထိုအမြွှာညီအစ်ကို မှာ ကံမကောင်းစွာပင် မီးတွင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်း တွင် ကိုမြင့်ထွေးတို့လင်မယားသည် သမီးမိန်းကလေးနှစ်ဦးကို ရှေ့ဆင့် နောက်ဆင့် ထပ်မံမွေးဖွားခဲ့သည်။ ယခုအခါ သမီးကြီးမှာ အသက်ကိုးနှစ် အရွယ် တတိယတန်းကျောင်းသူ ဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ် အရွယ် လူမမည်အရွယ်ကလေးငယ် တစ်ဦးဖြစ်သည်။ ၂၀၁၃ မေ ၁ရရက် နံနက် ၁၁ နာရီခွဲခန့်တွင် မသီတာသည် သူမ ၏ လေးမြွှာပူး ရင်သွေးငယ် လေးဦးကို သထုံပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ သည်။ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေအရ ထိုနေ့ညနေပိုင်းတွင် ရန်ကုန် ဟယ်လ်ပင်ကလေး အထူးကု ဆေးရုံသို့ လွှဲပြောင်းဆေးကုသစေခဲ့ သည်။

''မွေးဖွားစကတော့ လူတွေစိတ် ဝင်စားလို့ ငွေကြေးနဲ့ အစားအစာတို့ လှူဒါန်းပေးကြတာ ရှိပါတယ်။ ခုတော့ လူတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ် နေလို့ ကျွန်တော်တို့မှာ ဒီကလေး လေး ဦးနဲ့ အတော်ဒုက္ခရောက်နေပါတယ်။ ပြီးတော့ ကလေးတွေရဲ့ နို့မှုန့်ဖိုးက လဲ အခုဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ လောက် ကုန်နေတယ်။ ကျွန်တော် တို့မှာ စားဖို့အနိုင်နိုင် သူတို့နို့မှုန့်ဖိုး ကို ဘယ်လိုရှာရမှန်းလဲမသိတော့ဘူး။ ကလေးတွေက ခုနစ်လသားအရွယ် ဖြစ်လာပြီဆိုတော့ စားသောက် နှုန်း တွေကလဲ တစ်နေ့ ထက်တစ်နေ့ တိုးတိုး နေပါတယ်။ တခြား ထမင်းနဲ့ဖြည့် စွက်စာတွေလဲ ထပ်ကျွေးနေရတော့ ကျွန်တော်တို့မှာ ဘယ်လိုမှ မတတ် နိုင်တော့ဘူး''ဟု ကိုမြင့်ထွေးက ပြောသည်။ ကလေးများအား အချိန်ပြည့် ထိန်းနေရ ၍ သူကိုယ်တိုင် အလုပ်မ လုပ်နိုင်ဖြစ် နေသောကြောင့် အိမ်တွင်း ရှိ မိသားစုဝင်ရှစ်ဦး၏ စားဝတ်နေရေး မှာ အလွန်ဒုက္ခရောက်လျက်ရှိနေ ကြောင်း ကိုမြင့်ထွေးက ဆက်ပြော သည်။ ''ကျွန်တော်က ရွာထဲမှာရှိတဲ့ ကျောက်မိုင်းမှာ နေ့စား အလုပ် လုပ် ပါတယ်။ မိန်းမကတော့ အုတ်ဖုတ် လုပ်ငန်းမှာ နေ့စားလုပ်ပါတယ်။ ခု တော့ နှစ်ဦးစလုံး ကလေးထိန်းနေရ လို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒါကြောင့် ဝင်ငွေလဲတစ် ပြားမှ မရှိတော့ဘူး''ဟု ယင်းကဆက် ပြောသည်။

ကလေးငယ် များ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဇင်းကျိုက်နှင့် ပေါင် မြို့နယ်ရှိ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများက အခမဲ့ ကုသပေးလျက် ရှိသော်လည်း လိုအပ်သည့် အာဟာ ရအတွက် မည်သည့်အထောက်အပံ့ မှ မရရှိပုံကို မသီတာက ယခုကဲ့ သို့ ပြောပြသည်။ ''ကလေးတွေမွေးခါစ အချိန်တုန်း က မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန် တစ်အိတ်နဲ့ ဆီတစ်ပုံး လာလှူပေး သွားခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ နောက် ပိုင်းတော့ တစ်ခေါက်မှ မလာ တော့ ဘူး။ ပေါင်မြို့မှာရှိတဲ့ စိတ္တသုခနာရေး ကူညီမှုအသင်းကတော့ နို့မှုန့် ငါးပါ ကင်ကို ငါးကြိမ်တိုင်တိုင် လာလှူပေး ခဲ့တယ်။ ပြီးတော့ ငွေကြေးတချို့ကို လည်းလှူခဲ့တယ်။ ဒါပေမဲ့ အခုကလေး တွေရဲ့ နို့မှုန်သောက်တဲ့ပမာဏက နှစ် ရက် ကို တစ်ဘူး နှုန်းဖြစ်နေတော့ ဘယ် လိုမှ မလောက်တော့ဘူး။ လက်ထဲ မှာလဲ ပိုက်ဆံမရှိတော့ ဒီကလေးတွေ ကို ဘယ်လိုဆက်ကျွေးမွေးရမှန်းလဲ မသိတော့ဘူး''ဟု ယင်းကပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် အဆိုပါ လေးမြွှာ ပူးကလေးငယ်လေးဦး၏ ကျန်းမာရေး အတွက် လိုအပ်သည့် နို့မှုန့်ဘူးများ ကို ထောက်ပံ့ပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက UNICEF ကဲ့သို့ အဖွဲ့ များနှင့် ဆက်သွယ်ပေးပြီး သူတို့မိသား စု၏အခက်အခဲကို ကူညီပေးစေလို ကြောင်း ကိုမြင့်ထွေးက မေတ္တာရပ်ခံ ထားသည်။

ယင်းနှင့်ပတ်သက်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကို ရန်ကုန်တိုင်းမ်ဂျာ နယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ တာဝန် ရှိသူမှ ''ကျွန်တော်တို့ လူမှုဝန် ထမ်းဌာနအနေနဲ့ ဒုက္ခရောက် နေတဲ့ သူတွေကို အကူအညီပေးဖို့ တာဝန်ရှိ ပါတယ်။ အခုလို သုံးမြွှာပူးနဲ့အထက် မွေးဖွားတဲ့မိသားစုကို ကနဦး Initial Supporting အဖြစ် ငွေကျပ်ငါးသိန်း ထောက်ပံ့ဖို့ သတ်မှတ် ထားပါတယ်။ အဲဒီလေး မြွှာပူး ကလေးငယ် များကို မွေးဖွားပေးခဲ့တဲ့ မိဘများအနေနဲ့ လို အပ်တဲ့အကူအညီကိုရရှိဖို့ မွန်ပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ကို ဆက်သွယ်ပြီး အကူအညီတောင်း ခံဖို့ လမ်းညွှန်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ မွန်ပြည်နယ်လူမှုဝန် ထမ်းဌာန ဦးစီးမှူးထံ ဖုန်းဆက်ပြီး အဲဒီ ကလေးတွေကို အကူအညီပေး ဖို့ အကြောင်းကြားပေးပါမယ်''ဟု ပြန် လည်ဖြေကြားခဲ့သည်။

မင်းညီ
လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ

ွှThe Yangon Times 
ကျွန်မတို့လင်မယား မစားရင်နေပါစေ ကလေးတွေအတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါစကားကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူးကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာပူးမောင်နှမ တို့၏ မွေးသမိခင်ဖြစ်သည်။ မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့်အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦးကို မွေးဖွားခဲ့ သည်။

သို့သော် ထိုအမြွှာညီအစ်ကို မှာ ကံမကောင်းစွာပင် မီးတွင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရသည်။ နောက်ပိုင်း တွင် ကိုမြင့်ထွေးတို့လင်မယားသည် သမီးမိန်းကလေးနှစ်ဦးကို ရှေ့ဆင့် နောက်ဆင့် ထပ်မံမွေးဖွားခဲ့သည်။ ယခုအခါ သမီးကြီးမှာ အသက်ကိုးနှစ် အရွယ် တတိယတန်းကျောင်းသူ ဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ် အရွယ် လူမမည်အရွယ်ကလေးငယ် တစ်ဦးဖြစ်သည်။ ၂၀၁၃ မေ ၁ရရက် နံနက် ၁၁ နာရီခွဲခန့်တွင် မသီတာသည် သူမ ၏ လေးမြွှာပူး ရင်သွေးငယ် လေးဦးကို သထုံပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ သည်။ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေအရ ထိုနေ့ညနေပိုင်းတွင် ရန်ကုန် ဟယ်လ်ပင်ကလေး အထူးကု ဆေးရုံသို့ လွှဲပြောင်းဆေးကုသစေခဲ့ သည်။

''မွေးဖွားစကတော့ လူတွေစိတ် ဝင်စားလို့ ငွေကြေးနဲ့ အစားအစာတို့ လှူဒါန်းပေးကြတာ ရှိပါတယ်။ ခုတော့ လူတွေလဲ မေ့မေ့ပျောက်ပျောက်ဖြစ် နေလို့ ကျွန်တော်တို့မှာ ဒီကလေး လေး ဦးနဲ့ အတော် ဒုက္ခရောက်နေ ပါတယ်။ ပြီးတော့ ကလေးတွေရဲ့ နို့မှုန့်ဖိုးက လဲ အခုဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ လောက် ကုန်နေတယ်။ ကျွန်တော် တို့မှာ စားဖို့အနိုင်နိုင် သူတို့နို့မှုန့်ဖိုး ကို ဘယ်လိုရှာရ မှန်းလဲ မသိတော့ဘူး။ ကလေးတွေက ခုနစ်လသားအရွယ် ဖြစ်လာပြီဆိုတော့ စားသောက် နှုန်း တွေကလဲ တစ်နေ့ ထက်တစ်နေ့ တိုးတိုး နေပါ တယ်။ တခြား ထမင်းနဲ့ဖြည့် စွက်စာတွေလဲ ထပ်ကျွေးနေရတော့ ကျွန်တော်တို့မှာ ဘယ်လိုမှ မတတ် နိုင်တော့ဘူး''ဟု ကိုမြင့်ထွေးက ပြောသည်။ ကလေးများအား အချိန်ပြည့် ထိန်းနေရ ၍ သူကိုယ်တိုင် အလုပ်မ လုပ်နိုင်ဖြစ် နေသောကြောင့် အိမ်တွင်း ရှိ မိသားစုဝင်ရှစ်ဦး၏ စားဝတ်နေရေး မှာ အလွန် ဒုက္ခရောက်လျက်ရှိနေ ကြောင်း ကိုမြင့်ထွေးက ဆက်ပြော သည်။ ''ကျွန်တော်က ရွာထဲမှာ ရှိတဲ့ ကျောက်မိုင်းမှာ နေ့စားအလုပ် လုပ်ပါတယ်။ မိန်းမကတော့ အုတ်ဖုတ် လုပ်ငန်းမှာ နေ့စားလုပ်ပါတယ်။ ခု တော့ နှစ်ဦးစလုံး ကလေးထိန်းနေရ လို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒါကြောင့် ဝင်ငွေလဲတစ် ပြားမှ မရှိတော့ဘူး''ဟု ယင်းကဆက် ပြောသည်။

ကလေးငယ် များ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဇင်းကျိုက်နှင့် ပေါင် မြို့နယ်ရှိ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများက အခမဲ့ ကုသပေးလျက် ရှိသော်လည်း လိုအပ်သည့် အာဟာ ရအတွက် မည်သည့်အထောက် အပံ့ မှ မရရှိပုံကို မသီတာက ယခုကဲ့ သို့ ပြောပြသည်။ ''ကလေးတွေမွေးခါစ အချိန်တုန်း က မြို့နယ် အုပ်ချုပ်ရေးမှူးက ဆန် တစ်အိတ်နဲ့ ဆီတစ်ပုံး လာလှူပေး သွားခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ နောက် ပိုင်းတော့ တစ်ခေါက်မှ မလာ တော့ ဘူး။ ပေါင်မြို့မှာရှိတဲ့ စိတ္တသုခနာရေး ကူညီမှုအသင်းကတော့ နို့မှုန့် ငါးပါ ကင်ကို ငါးကြိမ်တိုင်တိုင် လာလှူပေး ခဲ့တယ်။ ပြီးတော့ ငွေကြေးတချို့ကို လည်းလှူခဲ့တယ်။ ဒါပေမဲ့ အခုကလေး တွေရဲ့ နို့မှုန်သောက်တဲ့ပမာဏက နှစ် ရက် ကို တစ်ဘူး နှုန်းဖြစ်နေတော့ ဘယ် လိုမှ မလောက်တော့ဘူး။ လက်ထဲ မှာလဲ ပိုက်ဆံမရှိတော့ ဒီကလေးတွေ ကို ဘယ်လိုဆက်ကျွေးမွေးရမှန်းလဲ မသိတော့ဘူး''ဟု ယင်းကပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် အဆိုပါ လေးမြွှာ ပူးကလေးငယ်လေးဦး၏ ကျန်းမာရေး အတွက် လိုအပ်သည့် နို့မှုန့်ဘူးများ ကို ထောက်ပံ့ပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက UNICEF ကဲ့သို့ အဖွဲ့ များနှင့် ဆက်သွယ်ပေးပြီး သူတို့မိသား စု၏အခက်အခဲကို ကူညီပေးစေလို ကြောင်း ကိုမြင့်ထွေးက မေတ္တာရပ်ခံ ထားသည်။

ယင်းနှင့်ပတ်သက်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကို ရန်ကုန်တိုင်းမ်ဂျာ နယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ တာဝန် ရှိသူမှ ''ကျွန်တော်တို့ လူမှုဝန် ထမ်းဌာနအနေနဲ့ ဒုက္ခရောက် နေတဲ့ သူတွေကို အကူအညီပေးဖို့ တာဝန်ရှိ ပါတယ်။ အခုလို သုံးမြွှာပူးနဲ့အထက် မွေးဖွားတဲ့မိသားစုကို ကနဦး Initial Supporting အဖြစ် ငွေကျပ်ငါးသိန်း ထောက်ပံ့ဖို့ သတ်မှတ် ထားပါတယ်။ အဲဒီလေး မြွှာပူး ကလေးငယ် များကို မွေးဖွားပေးခဲ့တဲ့ မိဘများအနေနဲ့ လို အပ်တဲ့အကူအညီကိုရရှိဖို့ မွန်ပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ကို ဆက်သွယ်ပြီး အကူအညီတောင်း ခံဖို့ လမ်းညွှန်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ မွန်ပြည်နယ်လူမှုဝန် ထမ်းဌာန ဦးစီးမှူးထံ ဖုန်းဆက်ပြီး အဲဒီ ကလေးတွေကို အကူအညီပေး ဖို့ အကြောင်းကြားပေးပါမယ်''ဟု ပြန် လည်ဖြေကြားခဲ့သည်။

မင်းညီ
လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ

ွှThe Yangon Times

No comments:

Post a Comment