Friday, December 6, 2013

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန်ဖွရွာမှ ရွာသား ၂၀ ကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်းကို KIO ဗဟိုက မသိရှိသေးကြောင်း တုံ့ပြန်

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ရှိ မန်ဖွကျေးရွာမှ ရွာသား ၂၀ ဦးကျော်ကို KIA တပ်ရင်း ၁ က ခေါ်ဆောင်သွားခြင်း ကို KIO ဗဟိုက မသိရှိရသေးကြောင်း သိ ရှိရပါသည်။
" ကျွန်တော်တို့ရဲ့ ပေါ်လစီမှာ ပေါ်တာဆွဲတာ မရှိဘူး။ မန်စီ၊ မန်ဖွဆိုတော့ KIA တပ်ရင်း ၁ လှုပ်ရှားတဲ့ နယ်မြေပေါ့။ အဲဒီ နယ်မြေမှာ ရွာသားတွေကို ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်း ကျွန်တော်တို့ဆီရောက် တာ မရှိသေးဘူး " ဟု KIO ဗဟိုမှ တာဝန် ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားခဲ့သည်။
မန်စီမြို့မှ နှစ်မိုင်ခန့်ကွာဝေးသော မန်ဖွရွာမှ လယ်ကွင်းများအတွင်း စပါးသိမ်းနေ သော ရွာသား ၃၀ ကျော်ကို KIA တပ်ရင်း ၁ က ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံ များက ပြောကြားသည်။ ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားရာ၌ သက်ကြီးပိုင်းအချို့ကို လမ်းခုလပ်တွင် ပြန် လွှတ်ပေးခဲ့သဖြင့် ၂၀ ဦးခန့် သာ ပါရှိသွားကြောင်း၊ ထို့အပြင် ဖမ်းဆီးခေါ်ဆောင်သူများကို ပြန်လွှတ်ပေးရန် သွားရောက်တောင်းဆိုသူ တစ်ဦးကိုလည်း ထပ်မံဖမ်းဆီးလိုက်သဖြင့်စုစုပေါင်း ၂၁ ဦး ဖမ်းဆီးခံထားရ သည်ဟု ဒီဇင်ဘာ ၅ ရက် တွင် ဒေသခံများထံမှ ထပ်မံသိရှိရသည်။
" မနေ့က မန်ဖွ ရွာသား ၂၁ ယောက် ကို KIA တပ်ရင်း ၁ က ဖမ်းသွားတယ်။ အခုချိန်ထိတော့ ပြန် မလွှတ်သေးဘူး " ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၅ ရက်တွင် The Daily Eleven သို့ ပြောကြားပါသည်။
ပြီးခဲ့သည့်လအတွင်း မန်စီမြို့နယ်၌ အစိုးရနှင့် KIA တပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၂ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများမှာ မမှန်ကြောင်းကိုလည်း နှစ်ဘက် စလုံးမှ ပြန် လည်ပြောကြားခဲ့သည်။
" အခုချိန်မှာတော့ နမ့်လင်းပါရွာမှာပဲ သူတို့က တစ်ခြမ်း၊ ကျွန်တော်တို့က တစ်ခြမ်း နေရာ ယူ ထားပြီး ငြိမ်နေတဲ့ သဘောရှိပါတယ်။ တပ်မဟာ ၄၊ တပ်ရင်း ၈ နယ်မြေ ရှမ်းမြောက်မှာတော့ တိုက်ပွဲတွေ ဖြစ်နေ တယ် " ဟု KIO ဗဟိုမှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

Eleven

No comments:

Post a Comment