၂၀၁၃
ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်
ဥတ္တရသီရိမြို့နယ်၊
ပန်းတင်အမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း
မိုင်တိုင်အမှတ် ၂၁၂/၄ နှင့် ၂၁၂/၅ ကြားတွင် မန္တလေးမှ ရန်ကုန်သို့
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ပါရမီရိပ်သာနေ ထွန်းမင်း(၄၈)နှစ်
မောင်းနှင်သော ၆င/×××× မန်းရွှေပြည် အပြာရောင်ခရီးသည်တင် မှန်လုံယာဉ်မှာ
အရှိန်မထိန်းနိုင်ဘဲ ပေါင်းလောင်းတံတား ယာဘက်ထိပ်အား
ဝင်ရောက်တိုက်မိခဲ့သဖြင့် ထွန်းမင်းအား ပန်းတင်အမြန်လမ်းရဲစခန်း
ယာဉ်(ပ)၃၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။
MOI Webportal Myanmar
No comments:
Post a Comment