ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက် နယ်အတွင်း ထူးဆန်းစွာ လိင်အဂါင်္(၂)မျိုး ပါဝင်သူ ကလေးငယ်လေးတစ် ဦးကို (၁၄.၁၂.၂၀၁၃)ရက်နေ့ မနက် (၄း၃၀)မိနစ်အချိန်ခန့်တွင် ကံကြီးကုန်း/အုပ်စု ကျေးရွာတွင် နေထိုင်သူ ကိုအေးမင်း ၏ဇနီး မစန်းစန်းမော်(ခ) ပူစူးမ မှ အဆိုပါ (ယောက် င်္ကျားလေးလိင်အဂါင်္ နှင့် မိန်းကလေး လိင်အင်္ဂါ) လိင်အင်္ဂါ နှစ်မျိုးပါရှိသူ ကလေးငယ်လေးကို မွေးဖွားခဲ့သည်။
အဆိုပါ ထူးဆန်းစွာ မွေးဖွားမှုနှင့် ပတ်သတ်ပြီး ပြည်သတင်း မှ ကျွန်တော် ပြည်သတင်းလူငယ် မိဘများ အား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ မိခင်ဖြစ်သူ မစန်းစန်းမော်(ခ)မပူစူးမ မှ ပြည်သတင်းသို့ ယခု
လိုပြန်လည်ဖြေကြား ခဲ့ပါသည်။
ကလေးကို ၁၄.ရက်နေ့ မနက် ၄နာရီ ၃၀.မှာမွေးခဲ့တာပါ မမွေးခင်ကဘာမှ ထူးခြားမှု့မရှိခဲ့ပါဘူး၊ လိုချင်တာ ကတော့ မိန်းကလေးပဲလိုချင်ပါ တယ်။ ဒါပေမဲ့ကံစီမံရာပါပဲ၊ ဒီကလေးကို မမွေးခင်ကတော့ ဆုတွေတောင် တိုင်း မိန်းကလေးပဲ ဖြစ်ပါစေဆိုတဲ့ ဆုတွေကိုတော့ အရမ်းတောင်း မိပါတယ်။
ကလေးက (၇.ပေါင်နဲ့ ၈.အောင်စ)ရှိပါတယ် ကလေးရောလူကြီးပါ ကျန်းမာရေးကောင်းပါတယ် ....ဟုကလေး၏မိခင်မှ ပြည်သတင်းသို့ ပြောကြားသွားသည်။
အဆိုပါကလေးကို မွေးဖွားခဲ့ရာမှာ ကျေးလက်သားဖွားအရံဆရာမ (၂)ဦးနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ကလေး၏ မိခင်နဲ့ ဖခင်တို့မှာ လက်ရှိလယ်/ ယာလုပ်ငန်း နှင့် အခြားကြံပင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေ ရကြောင်း အဆိုပါ ကံကြီးကုန်းကျေးရွာ။ ကိုင်းချောင်းကျေးရွာ။ ၀ိုင်းချောင်း ကျေးရွာ။ဇီးဖြူကွင်းကျေးရွာ စုစုပေါင်း (၄)ရွာ တစ်အုပ်စုဖြစ်ပြီး အဆိုပါကလေးမွေးဖွားရာမှာ ကံကြီးကုန်းအုပ်စု ကံကြီးကုန်းကျေးရွာမှ လာ ရောက်ကြည့်ရူသူ အဘွားအိုတစ်ဦးဖြစ် သူ ဒေါ်မသိန်း မှ ယခုလို ပြည်သတင်းသို့ပြောကြား သွားခဲ့သည်။
ဒီလိုမွေးတာအခုအချိန်အထိ မကြုံဘူးသေးဘူး အဘွား ကလေး တစ်ကျိတ်လောက် မွေးလာတာ ဒါမျိုးတွေ ကြားတောင်မကြားမိဘူး ထူးဆန်းတယ် ဒီလိုဟာမျိုး နှစ်ခုပါလာတာ ဒါပထမဦးဆုံးပါပဲ........ဟု ၄င်းမှပြည် သတင်း သို့ ပြောကြားသွားခဲ့သည်။
အဆိုပါထူဆန်းစွာ လိင်အင်္ဂါ(၂) ခုပါရှိသည့်ကလေးငယ်မွေး ဖွားမှုနှင့် ပတ်သတ်ကြီး ၀က်ထီးကန် တိုက်နယ်ဆေးရုံ အုပ်ကြီး ဒေါက်တာ နေ၀င်းလှိုင် အားပြည်သတင်းမှ မေးမြန်းခဲ့ရာ ယခုလိုပြန် လည်ဖြေကြားခဲ့ပါသည်။
အဲဒိကလေးမွေးတာက လွန်ခဲ့တဲ့(၄)ရက်လောက်ကပါ ဆေးရုံကြီးကိုလာဖို့ ဖိတ်ခေါ်ထားပါတယ် ယနေ့အချိန် အထိတော့ လာရောက်ခြင်း မရှိသေးပါဘူး ကလေးမွေးဖွားမှု့ကို ဆေးပညာအရပြောရရင် ကိုယ်ဝန်ဆောင်မိခင်က ကိုယ်ဝန်စဆောင်ချိန်ကစပြီး ဗိုက်အပ်ရပါတယ်။
နားလည်တတ်ကျွမ်းတဲ့ကျေးလက်ကျန်းမာရေးက ဆရာ/မတွေကို အဲဒိလို ဗိုက်အပ်မှ ကိုယ်ဝန်ဆောင် မိခင်အတွက်လိုအပ်တာတွေကို စီစဉ် ပေးနိုင်မှုက ပိုမိုထိရောက်မှာပါ ကိုယ်ဝန်စဆောင်ချိန် (၃)လမပြည့် ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က မြန်မာဆေးတို့ အင်္ဂလိပ်ဆေးတို့ မှားယွင်းစွာသုံးစွဲ မိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တချို့သောဆေးတွေဆိုရင် နူတ်ခမ်းကွဲ။ အာခေါင်ကွဲ။ ကိုယ်လက်အင်္ဂါမစုံတာတွေလည်း ဖြစ်တတ်ပါတယ်၊ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။
ခုချိန်ထိတော့ဘာမှမပြောချင်သေးပါဘူး၊ .........ဟုပြောကြား သွားပါသည်။ အဆိုပါ ထူးဆန်းစွာမွေး ဖွားမှု့နှင့် ပက်သတ်ပြီး ဆက်သွယ်မေးမြန်း လှုဒါန်းချင်တယ်ဆိုရင်တော့ ကံကြီးကုန်းအုပ်စုကျေး ရွာအုပ်ချုပ်ရေးမှုး ဦးသိန်း ငွေ(၀၉၂၅၀၁၁၃၈၆၆)ကိုဆက်သွယ်မေးမြန်း လှုဒါန်းနိုင်ပါကြောင်း ပြည်သတင်း မှ သတင်းရယူခဲ့ပါသည်။
ပြည်သတင်း
No comments:
Post a Comment