Thursday, December 12, 2013

အကျဉ်းစခန်းများ အချုပ်စခန်းများတွင် ညှင်းပန်းနှိပ်စက်မှုများ ဖမ်းဆီးထားစဉ်သေဆုံးမှုများရှိနေဆဲ ဟု ပြောဆို

မြန်မာနိုင်ငံရှိ အကျဉ်းစခန်း များ အချုပ်စခန်းများတွင် ညှဉ်းပန်း နှိပ်စက်မှု များ ဖမ်းဆီးထားစဉ် သေဆုံး မှုများ ရှိနေဆဲဖြစ်ကြောင်း လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုတ်တာ ဦးမြင့်အေးက ဒီဇင်ဘာ ၁ဝရက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်း အနားတွင် ပြောကြားခဲ့သည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့အခမ်းအနားတွင် ယင်းကပြောကြားလိုက်ခြင်း ဖြစ်သည်။

''အချုပ်တို့၊ အကျဉ်းစခန်းတို့တွေ မှာ အချုပ်သား၊ အကျဉ်းသားတွေကို အခုအချိန်အထိ နှိပ်စက်တာတွေ ရှိနေ သေးတာကြောင့် တာဝန်ရှိသူတွေက ဘာပဲပြောပြော ဒါတွေဟာ လူသားတစ် ယောက်ရဲ့အခွင့်ရေးကို ချိုးဖောက် တာအပြင် တရားဥပဒေရဲ့ကာကွယ် ပေးမှုဟာ အားနည်းနေတယ်''ဟု ဦးမြင့် အေးက ပြောသည်။

တပ်မတော်မှာ ၁၈နှစ်အောက် စစ်မှုထမ်းများကို ပြန်လည်တပ်ထွက် ခွင့်ပေးထားသော်လည်း ကလေးစစ် သားသစ်စုဆောင်းမှုနှင့်ပတ်သက်၍ မိမိတို့ဆီ ယခုအချိန်အထိ မိဘများ မိသားစုများမှ မိမိတို့ထံ လာရောက် အကူအညီတောင်းခြင်း၊ တိုင်ကြားခြင်း များရှိနေဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ယင်းကလေးစစ်သားသစ် စု ဆောင်းခံရမှုနှင့်ပတ်သက်၍ လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အား ယခုနှစ်အတွင်း တိုင်ကြားစာ ၁၃ စောင်ရှိပြီး သမ္မတအမိန့်ဖြင့် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ထံတွင်မူ ကလေး စစ်သားစုဆောင်းမှုနှင့်ပတ်သက်၍ တိုင်ကြားမှုမှာ ယခင်နှစ် ကထက် လျော့ နည်း လာကြောင်း သိရသည်။

ယခင်ကာလက အုပ်ချုပ်သူ အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ကသာ လူ့အခွင့်အရေးချိုးဖောက်မှု အ များဆုံးတွေ့ရှိရသော်လည်းယခုအချိန် တွင် စီးပွားရေးလုပ်ငန်းရှင်များ၏ လူ့အ ခွင့်အရေးချိုးဖောက်မှုမှာ ပိုမိုများပြား လာကြောင်း လူ့အခွင့်အရေးလှုပ်ရှား သူ ဦးအောင်မျိုးမင်း (Equality Myanmar) ကပြောသည်။

၁၉၄၈ခုနှစ် ဒီဇင်ဘာ ၁၀ ရက် တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက လူ့အခွင့်အရေးကြေညာစာတမ်းအား အတည်ပြုကြေညာခဲ့ပြီး ယခုအချိန် တွင် (၆၅)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့၌ ကမ္ဘာတစ်လွှား တွင် ဟော ပြောပွဲများ၊ အထိမ်းအမှတ်ပွဲများ နှစ်စဉ်ကျင်းပကြသော်လည်း မြန်မာနိုင်ငံ တွင်မူ ကျင်းပခွင့်ရရှိ သည် မှာ နှစ်နှစ် တာကာလမျှပင် ရှိသေးကြောင်း သိရ သည်။

ရည်မွန် ၊ဟေမန်
Yangon Media Group

No comments:

Post a Comment