Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော

Photo: ဆီးဂိမ်းဖွင့်ပွဲ တရုတ်အကူအညီဖြစ် တင်ဆက်ခဲ့ဟု အိုလံပစ်ကော်မတီပြော
Thursday, December 12, 2013

ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားမှာ အဓိကအသုံးပြုသွားတဲ့ ပေ ၃၅၀ ကျော် အရွယ်အစားရှိတဲ့ LED ဖန်သားပြင် အပါအ၀င် ရုပ်ထွက်နည်းပညာအားလုံးကို တရုတ်နိုင်ငံ အကူအညီနဲ့ တင်ဆက်ခဲ့တာလို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်နဲ့ ၂၀၁၀ အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွေမှာ တာဝန်ယူ တင်ဆက်ခဲ့တဲ့ တရုတ်အားကစားကော်ပိုရေးရှင်းကပဲ သူတို့ ပစည်းတွေ၊ နည်းပညာတွေနဲ့ လာရောက်ကူညီတင်ဆက်ခဲ့တာလို့ ပြောပါတယ်။

အခု ဆီးဂိမ်းဖွင့်ပွဲ ကျင်းပခဲ့တဲ့ ၀ဏ္ဏသိဒ္ဓိကွင်းထဲမှာ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၄ ရက်နေ့မှာ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပဖို့ ရှိပြီး တရုတ်က ဆက်လက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲအခမ်းအနားတွေအတွက် ဘယ်လောက်ကျခံ သုံးစွဲထားသလဲဆိုတဲ့ အမေးကိုတော့ ပွဲပြီးမှ ပြောနိုင်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် ကျခံသုံးစွဲခဲ့ပြီး မြန်မာတာဝန်ရှိသူတွေကလည်း မြန်မာဆီးဂိမ်းမှာ အင်ဒိုဆီးဂိမ်းထက်မနည်း သုံးရမှာပဲလို့ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လွင်ကို ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားနဲ့ ပတ်သက်လို့ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
ဆီး ​ဂိမ်း​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​မှာ ​အ​ဓိ​က​အ​သုံး​ပြု​သွား​တဲ့ ​ပေ ၃၅၀ ​ကျော် ​အ​ရွယ်​အ​စား​ရှိ​တဲ့ LED ​ဖန်​သား​ပြင် ​အ​ပါ​အ၀င် ​ရုပ်​ထွက်​နည်း​ပ​ညာ​အား​လုံး​ကို ​တ​ရုတ်​နိုင်​ငံ ​အ​ကူ​အ​ညီ​နဲ့ ​တင်​ဆက်​ခဲ့​တာ​လို့ ​မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​က ​ပြော​ပါ​တယ်။
၂၀၀၈ ​ခု​နှစ် ​ပေ​ကျင်း​အို​လံ​ပစ်​ပွဲ​တော်​နဲ့ ၂၀၁၀ ​အာ​ရှ​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​တွေ​မှာ ​တာဝန်​ယူ ​တင်​ဆက်​ခဲ့​တဲ့ ​တ​ရုတ်​အား​က​စား​ကော်​ပို​ရေး​ရှင်း​က​ပဲ ​သူ​တို့ ​ပ​စည်း​တွေ၊ ​နည်း​ပ​ညာ​တွေ​နဲ့ ​လာ​ရောက်​ကူ​ညီ​တင်​ဆက်​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

 အ​ခု ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​ကျင်း​ပ​ခဲ့​တဲ့ ၀​ဏ္ဏ​သိ​ဒ္ဓိ​ကွင်း​ထဲ​မှာ ၂၀၁၄ ​ခု​နှစ်၊ ​ဇန်​န၀ါ​ရီ ၁၄ ​ရက်​နေ့​မှာ ​အာ​ဆီ​ယံ ​မ​သန်​စွမ်း​အား​က​စား​ပြိုင်​ပွဲ ​ဖွင့်​ပွဲ​အ​ခမ်း​အ​နား​ကျင်း​ပ​ဖို့ ​ရှိ​ပြီး ​တ​ရုတ်​က ​ဆက်​လက် ​အ​ကူ​အ​ညီ​ပေး​သွား​မှာ ​ဖြစ်​ပါ​တယ်။

 ဆီး​ဂိမ်း​ဖွင့်​ပွဲ​နဲ့ ​ပိတ်​ပွဲ​အ​ခမ်း​အ​နား​တွေ​အ​တွက် ​ဘယ်​လောက်​ကျ​ခံ ​သုံး​စွဲ​ထား​သ​လဲ​ဆို​တဲ့ ​အ​မေး​ကို​တော့ ​ပွဲ​ပြီး​မှ ​ပြော​နိုင်​မယ်​လို့ ​ပြော​ပါ​တယ်။

 ပြီး​ခဲ့​တဲ့ ၂၀၁၁​ခု​နှစ် ​အင်​ဒို​နီး​ရှား​ဆီး​ဂိမ်း​မှာ ​အင်​ဒို​အ​စိုး​ရ​က ​အ​မေ​ရိ​ကန်​ဒေါ်​လာ ​သန်း ၃၇၀ ​ကျော် ​ကျ​ခံ​သုံး​စွဲ​ခဲ့​ပြီး ​မြန်​မာ​တာဝန်​ရှိ​သူ​တွေ​က​လည်း ​မြန်​မာ​ဆီး​ဂိမ်း​မှာ ​အင်​ဒို​ဆီး​ဂိမ်း​ထက်​မ​နည်း ​သုံး​ရ​မှာ​ပဲ​လို့ ​အ​စော​ပိုင်း​က ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​ဖူး​ပါ​တယ်။

 မြန်​မာ​နိုင်​ငံ ​အို​လံ​ပစ်​ကော်​မ​တီ​ရဲ့ ​တွဲ​ဖက်​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး ​ဦး​ခင်​မောင်​လွင်​ကို ​ဆီး​ဂိမ်း​ဖွင့်​ပွဲ ​အ​ခမ်း​အ​နား​နဲ့ ​ပတ်​သက်​လို့ ​ဒီ​ဗွီ​ဘီဝိုင်း​တော်​သား ​ကိုေ​ရွှ​အောင်​က ​ဆက်​သွယ် ​မေး​မြန်း​ထား​ပါ​တယ်။

Byေ​ရွှ​အောင် (ဒီဗွီဘီ)

No comments:

Post a Comment