Thursday, December 26, 2013

၂၀၁၃ ခုနှစ်သည် ကမ္ဘာ့အပူချိန် ဒုတိယအမြင့်ဆုံးသို့ ရောက်ရှိခဲ့

၂၀၁၃ ခုနှစ် ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁၈၉၁ ခုနှစ်တွင် ရရှိခဲ့သော အချက်အလက်များနှင့် နှိုင်းယှဉ်ပါက ဒုတိယအမြင့်ဆုံးဖြစ်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ကနဦး အစီရင်ခံစာတစ်စောင်ကို ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်သည်။
ဇန်နဝါရီလနှင့် နိုဝင်ဘာလအကြား ကောက်ယူထားသော ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အကြား နှစ် ၃၀ ကာလ ထက် ၀ ဒသမ ၂၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုကြောင်း အစီရင်ခံစာက ဆိုသည်။

၁၁ လကာလအတွင်း ဂျပန်နိုင်ငံ၏ အပူချိန်သည် အဆိုပါနှစ် ၃၀ ကာလထက် ၀ ဒသမ ၄၀ ဒီဂရီ ဆဲလ်စီးရပ်စ်ပိုမြင့်ပြီး ယင်းသည် အဋ္ဌမမြောက်အမြင့်ဆုံး ဖြစ်သည်။ ကမ္ဘာ့အပူချိန်သည် စက်တင်ဘာ လနှင့် နိုဝင်ဘာလတို့တွင် အမြင့်ဆုံးဖြစ်သည်။

ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းဦးရာသီ၌ အပူချိန် အမြင့်ဆုံးဟု မိုးလေ၀သဌာနက ဆိုသည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့အပူချိန်သည် နှစ်တစ်ရာလျှင် ၀ ဒသမ ၆၉ ဒီဂရီ ဆဲလ်စီးရပ်စ် တိုးတက်နေပြီး ဂျပန်နိုင်ငံ၏ ပျမ်းမျှအပူချိန်သည် ၁ ဒသမ ၁၅ ဒီဂရီဆဲလ်စီးရပ်စ်မြင့်တက်နေ သည်ဟု မိုးလေ၀သဌာနက ဖော်ပြသည်။

MOI Webportal Myanmar

No comments:

Post a Comment