Thursday, December 12, 2013

မြန်မာနိုင်ငံက EITI အဖွဲ့ဝင် နိုင်ငံဖြစ်ရန်အတွက် ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ တွင်မှ လျှောက်ထားနိုင်မည်ဟုဆို

နိုင်ငံတကာ သယံဇာတများတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှု အဖွဲ့(EITI)၏ အဖွဲ့ ဝင်လောင်းနိုင်ငံအဖြစ် ဝင်ရောက်နိုင်ရန် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင်မှ လျှောက်ထား နိုင်မည်ဖြ စ်ကြော င်း သိရ သည်။
နိုင်ငံတော်သမ္မတက နိုင်ငံတကာသယံဇာတတူးဖော် ထုတ်လုပ်ရေးလုပ်ငန်း များပွင့် လင်းမြင်သာမှုအဖွဲ့သို့ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားလျှောက် ထားရန် ကြေညာချက် ထုတ်ပြန်ထားသော်လည်း

အချိန်မီလျှောက်ထားနိုင်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားလိုက်သည်။

ယင်းသို့ဖြစ်ရခြင်းမှာလည်း အရပ်ဘက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အစိုးရများ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (MSG) ဖွဲ့စည်းရန် ကြန့်ကြာနေခြင်းကြောင့်ဖြစ် ကြောင်း သိရသည်။

အဆိုပါရုံးမှ ဒုတိယအဖွဲ့ခေါင်းဆောင်ဖြစ်သူ ကိုမင်းဇာနည်က ''ကျွန်တော်တို့ ဒီလထဲမှာ MSG ကို အပြီးဖွဲ့ မယ်။ ပြီးရင်တော့ Work Plan ကို တစ်လအတွင်းမှာ ရေး ဆွဲကြမယ်။ ဖေဖော်ဝါရီလလောက်ကျမှပဲ ကျွန်တော်တို့ EITI အဖွဲ့ဝင်လောင်းနိုင်ငံ အဖြစ် လျှောက်ထားနိုင် မှာပါ''ဟု ပြောသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် တွင်းထွက်သယံဇာတများနှင့် ပတ်သက်ပြီး ရရှိသည့်ဝင်ငွေများကို ပြည် သူများမှ သိရှိရခြင်းမရှိဘဲ အဆိုပါလုပ်ငန်းစဉ်ကို သွားပါက ပြည်သူအား ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် လိုအပ်ကြောင်း သိရသည်။

အောင်အောင်
Yangon Media Group

No comments:

Post a Comment