Tuesday, December 24, 2013

INGO တွေထွက်ခွာကြဖို့ ရခိုင်ဒေသခံတွေ တောင်းဆို ရေးသားချိန်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာရှိတဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့အစည်းတွေ ထွက်ခွာပေး ဖို့ ဒေသ ခံပြည်သူ တွေက တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသခံတွေအနေနဲ့ မြောက်ဦးမြို့မှာရှိတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ လှုပ် ရှားဆောင် ရွက်မှု တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် မြောက်ဦးမြို့ကနေ ထွက်ခွာပေး ဖို့ အခု လိုတောင်း ဆိုရ တာဖြစ်တယ်လို့ မြောက်ဦးမြို့လူမှုကွန်ယက်အဖွဲ့က ဦးထွန်းနေ၀င်းက အခု လိုပြောပါတယ်။

“ဒီ INGO နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြောက်ဦးမြို့က အချက် ၉ချက်တောင်းဆိုတယ်၊ အဲဒီထဲမှာ ကျနော်တို့ ကော်မတီတွေက INGO နဲ့ ပေါင်းစည်းပြီးတော့ လုပ်ဖို့အတွက်ကို ကျနော်တို့ request လုပ်တယ်၊ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အကူအညီသွားပေးမဲ့နေရာတွေကို ဒီကကော်မတီက ကိုယ့်စရိတ်နဲ့ ကိုယ်
လုပ်ပေးပါမယ်၊ သူတို့ဘယ်နေရာသွားတယ်၊ ဘာလုပ်တယ်ဆိုတာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း သိစေချင်တယ်၊ ဒါကျနော်တို့ လက်ရှိအခြေအနေမှာ အမျိုးသားရေးကိစ္စဖြစ်နေတယ်၊ တချို့ ဟာတွေ ပြည်သူ လူထုအနေနဲ့ ယုံကြည်စိတ်ချရမှု မရှိတာတွေရှိတယ်၊ အဲဒါကို ကျနော်တို့ အပြန်အလှန် နားလည်မှု ယူမယ်ဆိုတာကိုလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောသေးတယ်၊ ဒါပေမဲ့ သူတို့လက်မခံပါဘူး၊ အဲဒီအတွက် ကျနော်တို့ဒီမြောက်ဦးမြို့ ကနေထွက်ခွာဖို့ ကျနော်တို့တောင်းဆိုထားပါတယ်။”

မြောက်ဦးမြို့ ဒေသခံတွေက ဒီဇင်ဘာ ၂၂ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေဌားရမ်းနေထိုင်နေတဲ့ ဟိုတယ်နဲ့တည်းခိုခန်းပိုင်ရှင်တွေကိုခေါ်ယူပြီး ဌားရမ်းခြင်း မပြုလုပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်နေ့ကတည်းက မြောက်ဦးမြို့နယ်ထဲက နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ အနေနဲ့ ဒီဇင်ဘာ ၂၀ရက်နေ့ နောက်ဆုံး ထားပြီးထွက်ခွာပေးဖို့ ဒေသခံတွေက ကြေညာချက် ထုတ်ပြန်ပြီး တောင်း ဆိုထားပေမယ့် INGO တွေက အခုချိန်ထိထွက်ခွာတာမရှိသေးတဲ့အတွက် ဒီဇင်ဘာ ၂၄ရက်နေ့ နောက် ဆုံးထားပြီး ထွက်ခွာပေးဖို့ ဒေသခံတွေက တောင်းဆို နေတာဖြစ်ပါတယ်။

သတ်မှတ်ရက်မှာ ထွက်မသွားဘူးဆိုရင်တော့ ဒေသခံတွေက ဆန္ဒပြကန့်ကွက်မှုတွေ လုပ်သွား မယ်လို့ ရေ ဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC

No comments:

Post a Comment