Friday, February 22, 2013

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်


ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန်အမင်း တောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။
သင်ပုန်းကွန်ပျူတာနှင့် လက်တော့ ကွန်ပျူတာ နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့် လက်တော့သစ်ကို ဗြိတိန်နှင့်
အမေရိကန်တွင် ဒေါ်လာ ၁၂၉၉ ဖြင့် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း Google က ပြောကြားခဲ့သည်။ ''ဒီလက်တော့အတွက် MacBook Air ကို လူတွေ စွန့်လွှတ် ကြပါလိမ့်မယ်''ဟု Google ၏ Chrome ဌာနခွဲ ဒုဥက္ကဋ္ဌ ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ ၁၂ ဒသမ ၈၅ လက်မ ထိတွေ့မျက်နှာပြင်  Gorilla Glass နှင့် တစ်လက်မပတ်လည်လျင် 239 Pixel  ပြသနိုင်သော ရုပ်မြင်စွမ်းရည်က Apple ၏ လက်တော့များ ရုပ်မြင်စွမ်းရည်ကိုပင် သာလွန်ခဲ့သည်။
Chromebook Pixel လက်တော့ကို Google Play စတိုးတွင် မှာယူနိုင်မည်ဖြစ်ပြီး ဧပြီလတွင် စတင် တင်ပို့မည်ဖြစ်သည်။ Pixel  လက်တော့ကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးတွင် Intel Core i5  ပရိုဆက်ဆာ ပါဝင်သည်။ ပထမ တစ်မျိုးသည် Wi-Fi သီးသန့်ဖြစ်ပြီး 4G ကွန်ရက် ချိတ်ဆက်နိုင်သော လက်တော့ကို ၁၄၄၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ ဘက်ထရီသက်တမ်း ၅ နာရီခံသော Pixel လက်တော့များသည် ပြိုင်ဘက် Mac Book များ၊ Windows 8 လက်တော့များနှင့် ဈေးနှုန်း နှိုင်းယှဉ်နိုင်ပြီး မျက်နှာပြင် အရည်အသွေးမှာ လက်ရှိလက်တော့ အားလုံးထက် သာလွန်ကြောင်း ပီချိုင်းက ပြောကြားခဲ့သည်။ Google သည် Chromebook လက်တော့များကို ၂၀၁၀ ပြည့်နှစ်နှစ်လည်တွင် စတင် မိတ်ဆက်ခဲ့ပြီး မိုက်ခရိုဆော့၏ Windows လက်တော့များကို စိန်ခေါ်ခဲ့သည်။ Google သည် မိုက်ခရိုဆော့၏ တွင်ကျယ်စွာ အသုံးပြုနေသော Office ဆော့ဖ်ဝဲများနှင့် အဆင်ပြေစွာ လုပ်ဆောင်နိုင်သော Quickoffice ဆော့ဖ်ဝဲကိုလည်း သုံးလအတွင်း ထုတ်ပြန်ရန် စီစဉ်ထားသည်။
EMG

No comments:

Post a Comment