Wednesday, May 1, 2013

အိန္ဒိယ နိုင်ငံထဲ ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာ ၁၀ ဦး ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်က ဖမ်း

အိန္ဒိယ နိုင်ငံထဲ ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာ ၁၀ ဦး ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်က ဖမ်း 
( NEWS COLLECTION )

အိန္ဒိယ နိုင်ငံထဲကို ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို နယ်စပ်တစ်နေရာမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၉ ရက် မနေ့ က ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ထုတ် ဘင်္ဂလာဒေခခ်ျ့က The Daily Star သတင်းစာမှာ ဒီသတင်းကို ဖေါ်ပြထားပါတယ်။

ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ အဲဒီ မြန်မာနိုင်ငံသား (၁၀) ဦးကို အိန္ဒိယ နယ်စပ် ချာက်ကီးရ ( Satkhira) ခရိုင် အတွင်းက ဘိုမြ ( Bhomra) နယ်စပ်ဂိတ်မှာ ဖမ်းမိတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Satkhira ခရိုင်ဟာ ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းမှာ တည်ရှိပြီး အိန္ဒိယ အနောက်ဘင်္ဂလာပြည်နယ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ခရိုင် ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောဆိုပေမယ့် ဘယ်လူမျိုးတွေ ဖြစ်တယ် ဆိုတာကိုတော့ သတင်းစာမှာ တိတိကျကျ ဖေါ်ပြ မထားပါဘူး။ သူတို့ ၁၀ ယောက်လုံးကတော့ မောင်တောမြို့နယ် ဘော်လီဘဇာ (ကြိမ်ချောင်း) က ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို မတရားခိုးဝင်မူနဲ့ BGB ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ကြပ်ကြီး အမ်းဒီ ကာဘေယာ ဟူစိန်က ချာက်ကီးရ ရဲစခန်းမှာ အမူဖွင့် တရားစွဲဆိုလိုက်တယ်လို့ ဘင်္ဂလာရဲက မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

နိရဉ္စရာ 

http://abbsoluteright.blogspot.com/2013/05/blog-post_6127.html

အိန္ဒိယ နိုင်ငံထဲကို ခိုးဝင်ရန် ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို နယ်စပ်တစ်နေရာမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဧပြီလ ၂၉ ရက် မနေ့ က ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ထုတ် ဘင်္ဂလာဒေခခ်ျ့က The Daily Star သတင်းစာမှာ ဒီသတင်းကို ဖေါ်ပြထားပါတယ်။

ဘင်္ဂလာဒေခ်ျ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ အဲဒီ မြန်မာနိုင်ငံသား (၁၀) ဦးကို အိန္ဒိယ နယ်စပ် ချာက်ကီးရ ( Satkhira) ခရိုင် အတွင်းက ဘိုမြ ( Bhomra) နယ်စပ်ဂိတ်မှာ ဖမ်းမိတာ ဖြစ်တယ် လို့ ဆိုပါတယ်။

Satkhira ခရိုင်ဟာ ဘင်္ဂလာဒေခ်ျ့ အနောက်တောင်ပိုင်းမှာ တည်ရှိပြီး အိန္ဒိယ အနောက် ဘင်္ဂလာပြည်နယ် နဲ့ ကပ်ရပ် တည်ရှိတဲ့ ခရိုင် ဖြစ်ပါတယ်။

အဖမ်းခံရတဲ့ သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ပြောဆိုပေမယ့် ဘယ်လူမျိုးတွေ ဖြစ်တယ် ဆိုတာကိုတော့ သတင်းစာမှာ တိတိကျကျ ဖေါ်ပြမထားပါဘူး။ သူတို့ ၁၀ ယောက်လုံး ကတော့ မောင်တောမြို့နယ် ဘော်လီဘဇာ (ကြိမ်ချောင်း) က ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ကို မတရားခိုးဝင်မူနဲ့ BGB ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ တပ်ကြပ်ကြီး အမ်းဒီ ကာဘေယာ ဟူစိန်က ချာက်ကီးရ ရဲစခန်းမှာ အမူဖွင့် တရားစွဲဆိုလိုက်တယ်လို့ ဘင်္ဂလာရဲက မီဒီယာတွေကို ထုတ်ဖေါ် ပြောဆိုပါတယ်။

နိရဉ္စရာ


No comments:

Post a Comment