Tuesday, January 28, 2014

ကင်ဆာရောဂါမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၁,၀၀၀ ကတည်းကဖြစ်ပွားခဲ့

ကမ္ဘာ့သက်တမ်း အရှည်ကြာဆုံးသော ကင်ဆာရောဂါမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၁,၀၀၀ခန့်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်ဟု ဗြိတိန်သိပ္ပံပညာရှင်များက ပြောကြားလိုက်ကြောင်း ဇန်န၀ါရီ၂၇ရက်က ဘီ ဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကင်ဆာရောဂါမှာ ခွေးတစ်ကောင်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ခွေးမျိုးစုများတွင် ရှင်ကျန်ရစ်ခဲ့သည်။ ခွေးမျိုးစိပ် များ အချင်းချင်း မိတ်လိုက်ရာမှတစ်ဆင့် ကင်ဆာဆဲလ်များ ဆက်လက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

ကိန်းဘရစ်ခ်ျအနီးရှိ Welcome Trust Sanger အင်စတီကျူ့မှဦးဆောင်သည့် သိပ္ပံပညာရှင် အဖွဲ့တစ် ဖွဲ့အနေဖြင့် ကင်ဆာမျိုးရိုးဗီဇကို လေ့လာရာမှယခုကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့၏ လေ့လာမှုအရ ကင်ဆာမျိုး ရိုးဗီဇမှာ ကင်ဆာရောဂါ ပျံ့ပွားစေခဲ့သော ပထမဆုံးခွေးဖြစ် သည့် ရှေးဟောင်းစွတ် ဖားဆွဲ ခွေးမျိုးစုနွယ်ခွေးတစ်ကောင်၏ “မျိုးရိုးဗီဇပုံစံတူ” ကို လေ့လာခြင်းဖြင့် သိရှိလာ ခြင်း ဖြစ်သည်။ ယင်းခွေးမှာ မီးခိုးရောင်ရင့် သို့မဟုတ် အနက်ရောင်ရှိသော အမွေးတိုခွေး တစ်ကောင်ဖြစ် ပြီး အရွယ်အစားအားဖြင့် အလယ်အလတ်အရွယ်သာ ဖြစ်သည်။

“ဒီလိုခွေးတစ်ကောင်ကနေ ကူးစက်နိုင်တဲ့ ကင်ဆာရောဂါကို ဘာကြောင့် ပျံ့နှံ့ စေတယ်ဆိုတာကို ကျွန်တော် တို့ မသိပါဘူး” ဟု သုတေသနအဖွဲ့ကို ဦးဆောင်သည့် ဒေါက်တာElizabeth Murchison က ဆိုသည်။

“ဒါပေမဲ့ ကင်ဆာဆဲလ်ထဲမှာ ယနေ့ အချိန်ထိတည်ရှိနေတဲ့ ရှေးခေတ် ခွေး တစ်ကောင်ရဲ့ ရုပ်ပုံ လွှာကို ပြန်လည် တည်ဆောက်ကြည့်ဖို့နဲ့ လိုအပ်နေတဲ့အချိန်မှာ ပြန်လည်လေ့လာဖို့ဆိုတာ အရမ်းကို ကောင်း ပါတယ်” ဟု ဆိုသည်။

ယင်း ကင်ဆာနှင့်ပတ်သက်သည့် လေ့လာမှုများမှာ မရှိသလောက်နည်းပါးပြီး သိရှိပြီးဖြစ်သည့် တိရစ္ဆာန် ကင်ဆာနှစ်မျိုးတွင် တစ်မျိုးအပါအ၀င် ဖြစ်သည်။ လိင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ ဖြစ်သည့် အတွက် ခွေးမှကူးစက်နိုင်သောကင်ဆာဟု လူသိများပြီး ယင်းကြောင့် အင်္ဂါဇာတ် အသား ပိုများ ဖြစ် ပွား စေသည်။

ဘီဘီစီ

No comments:

Post a Comment