Monday, January 13, 2014

ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်ခွင့် ဇန်နဝါရီလ နောက်ဆုံးထား တင်ရမည်

မန္တလေးတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်ကျောင်း ဖွင့်လှစ်လိုသူများ အနေနှင့် လျှောက် လွှာ များကို ဇန်နဝါရီလကုန်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖွင့်လှစ်ခွင့် လျှောက်လွှာများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀x၆၈ လမ်းရှိ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် ဝယ်ယူပြီး လျှောက်လွှာ တင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“ကျွန်တော်ကလည်း လျှောက်ဖို့ အစီအစဉ်တော့ ရှိတယ်။ အရင်ကတော့ ကျူရှင်၊ ဝိုင်း သဘောမျိုးနဲ့ပြတာ ကျောင်း သား ဦးရေ များလာတော့ ကိုယ်ပိုင်ကျောင်းဖွင့်ဖို့ အစီအစဉ်တော့ ရှိတယ်။ လျှောက်လွှာတော့ သွားဝယ်မှာပါ” ဟု မဟာအောင်မြေ မြို့နယ်ရှိ ပြင်ပသင် ဆရာတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လျှောက်ထားသည့် ပုဂ္ဂလိက ပညာသင်ကျောင်းများကို သတ်မှတ် စည်းကမ်း များနှင့် ညီ မညီ စစ်ဆေးကာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်း ၄၆ ကျောင်း ဖွင့်လှစ်ခွင့် ပြုထားပြီး အဆိုပါ ကျောင်းများတွင် ဆရာ၊ ဆရာမ ၄၀၀ ဦးခန့်ကို သင်ကြားခွင့် ပြုထားကြောင်း အဆိုပါ တိုင်းဒေသကြီး ပညာရေးမှူးရုံး မှတ်တမ်းများအရ ထပ်မံသိရသည်။

The Voice Weekly

No comments:

Post a Comment