Monday, January 13, 2014

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲဝင် အားကစားဝတ်စုံကို သုဝဏ္ဏကွင်းတွင် ထုတ်ပေးမည်

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲဝင်သူများအတွက် အားကစားဝတ်စုံကို သုဝဏ္ဏအား ကစားကွင်း၌ ဇန်န၀ါရီ ၁၆ ရက်တွင် စတင်ထုတ်ပေးသွားမည်ဖြစ်သည်ဟု ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၄၂ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နိုင်ငံခြားသား ၅၆၀ ဦးနှင့် ပြည် တွင်းမှ ၁၈၀၀ ကျော် စာရင်းပေးသွင်းထားသည်။ ယင်းပြိုင်ပွဲကို ဇန်န၀ါရီ ၁၉ ရက်တွင် သုဝဏ္ဏကွင်း ၌ ကျင်းပသွားမည်ဖြစ်ကာ နံနက် ၃ နာရီတွင် ဖွင့်ပွဲကျင်းပမည် ဖြစ်သည်။

“ပြိုင်ပွဲကျင်းပချိန်မှာ သတ်မှတ်နေရာကို သတ်မှတ်စံချိန်အတွင်း မရောက်ဘူးဆိုရင် ရိုးမ-ရန်ကုန် အပြည် ပြည် ဆိုင်ရာ ဆပ်ကော်မတီက သတ်မှတ်စံချိန်မ၀င်တဲ့သူတွေကို ကားတွေနဲ့ သုဝဏ္ဏ ကွင်းဆီ ပြန်လည် ပို့ဆောင်ပေးမယ်” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးမ-ရန်ကုန်မာရသွန် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ၊ ၂၁ ကီလိုမီတာနှင့် ငါးကီလိုမီတာ တို့ပါဝင်ပြီးပြိုင်ပွဲဝင်သူများကို ယင်းနေ့တွင် ၄၂ ကီလို မီတာကို နံနက် ၅နာရီ၊၂၁ ကီလိုမီတာကို နံနက် ၅ နာရီခွဲနှင့် ငါးကီလိုမီတာတန်းကို နံနက် ၆နာရီတွင် တာလွှတ်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment