Monday, January 13, 2014

မလေးရောက် မြန်မာလုပ်သားတစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ အသက် ၂၆နှစ်အရွယ်ရှိ ရေ ယာဉ်လုပ်သားတစ်ဦးဖြစ်သူ ဇာနည် ဘုန်းမြင့် သည် ဝမ်းပြား ရေယာဉ်နောက်ဘက်ရှိ ကြိုး တစ်ချောင်းကို ခလုတ်တိုက်၍ ဆာရာ ဝပ်မြစ်တားဆည်အ နီး ဆာရာဝပ် မြစ်ဝထဲသို့ နံနက် ၅နာရီခန့်က ကျသွားခဲ့သည်။
တာဘူယန်ဂျာယာမီးသတ် နှင့် ကယ်ဆယ်ရေးဌာနအကြီး အကဲ၏ လက်ထောက် တာဝမ် လင်ဂင်က ၄င်း အပါ အဝင် မီး သတ်သမား ၁၆ဦးသည် နံနက် ၈နာရီ ၅၁မိနစ်က ဂီတာရဲ စခန်းက အကြောင်းကြား သ ဖြင့် အခင်းဖြစ်ရာသို့ မီး သတ်ကား သုံးစီး၊ လှေတစ် စင်းဖြင့် အပြေးအလွှားရောက် ရှိခဲ့ကြောင်း ပြောကြား ခဲ့ သည်။““ကျွန်တော်တို့ ရေငုပ်သမားတွေဟာ မြစ်ဝထဲကို မငုပ်ရဲပါဘူး။ ဘာဖြစ်လို့လဲဆို တော့ အဲဒီမြစ်ဝထဲ မှာ မိကျောင်း တွေ ပေါလို့ဖြစ် ပါတယ်။

ဒါ ပေမဲ့ နံနက် ၁၀ နာရီ ၄၅မိနစ် မှာတော့ ရှာဖွေကယ်ဆယ် ရေးအဖွဲ့ဟာ လိမ့်ကျတဲ့နေရာ ကနေ မီတာ ၅၀ ဝန်းကျင်အ ထိ သံတွေကိုဆွဲယူတဲ့ နည်း ပညာကို အသုံးပြုခဲ့ပါတယ်””ဟု ၄င်းကပြောကြားခဲ့သည်။ ကယ် ဆယ်ရေး လုပ်ငန်း တွင် ရဲတပ်ဖွဲ့ဝင်ကိုးဦးက လှေ နှစ်စင်း၊ မလေးရှားအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ် ဦးက လှေတစ်စင်းဖြင့် ရှာဖွေ ခဲ့ကြောင်း သိရသည်။

Yangon Times

No comments:

Post a Comment