Tuesday, January 7, 2014

တ.စ.ည ၂၀၁၅ ရွေးကောက်ပွဲအတွက် စပြင်ပြီ


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိရာ မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၃၆ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအဆင့်များထိပါ ပါတီရုံးခွဲများ ဖွင့်လှစ်လျက်ရှိပြီး ပါ တီ၏ မန္တလေးတိုင်းအတွင်းရေးမှူး ဒေါ်သောင်းသောင်းမြင့်က မဇ္ဈိမကို ပြောသည်။

“ရွေးကောက်ပွဲဝင်ဖို့ ၂၀၁၃ ကတည်း ပြင်ဆင်နေတာပါ။ PR စနစ်ဆိုရင်တော့ မန္တလေးတိုင်းမှာရှိတဲ့ မြို့ နယ် အားလုံးမှာ ၀င်ရောက်အရွေးခံမယ်။ ဒါမှမဟုတ် စနစ်အဟောင်းတိုင်း ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် တော့ ပါတီအတွက် အလားအလာကောင်းမယ့် မြို့နယ်တွေကိုပဲ ၀င်ရောက် အရွေးချယ်ခံသွားမှာပါ။ နိုင် ဖို့မနိုင်ဖို့ ကတော့ ပြည်သူက ဆုံးဖြတ်ပေးသွားမှာပါ”ဟု ၄င်းက ပြောသည်။

၂၀၁၄ ဇန်န၀ါရီလမှစတင်၍ ပြည်သူနှင့် ထိတွေ့မှုများလုပ်ဆောင်ရန် တောင်သူလယ်သမားရေးရာအဖွဲ့ အလုပ်သမားရေးရာအဖွဲ့နှင့် လူငယ် အမျိုးသမီးရေးရာအဖွဲ့ကို ဇန်န၀ါရီ ၆ ရက်တွင် ဖွဲ့စည်းပြီး ဆောင် ရွက်ခဲ့သည်။

ပါတီဝင် လူငယ်အင်အား ၆၀၀၀ ဦးကျော်ရှိပြီး ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ လူငယ်လေ့ကျင့် ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ဇန်န၀ါရီ ၁၅ ရက်မှစတင်ကာ ကျန်ခရိုင်ခြောက်ခရိုင်၌ ဖွင့်လှစ် သွားမည်ဟု သိရသည်။
“ပါတီဝင်အင်အားများလာအောင်လို့ လိုက်ပြီး စည်းရုံးနေတာမဟုတ်ဘူး။ ပြည်သူတွေ ဘာလိုအပ်နေ လည်း ကြည့်တယ်။ ဖြစ်နိုင်တာကို ချက်ချင်းဆောင်ရွက်ပေးတယ်။ မဖြစ်နိုင်သေးတာကို ရိုးရိုးသားသား ၀န်ခံပြီး အချိန်ပေးခိုင်းရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာရပါတီမဟုတ်သေးလို့ပဲ”ဟု တိုင်းအ တွင်းရေးမှူး က ပြောသည်။

ရွေးကောက်ပွဲဝင်မည့် ပြည်နယ်နှင့်တိုင်းရှိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများ တွေ့ဆုံဆွေးနွေး ပွဲကို ဇန်န၀ါရီ ၁၃ ရက်ကနေ ၁၇ ရက်အထိ ရန်ကုန် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဌာနချုပ် တွင် ပြုလုပ်မည်ဖြစ်သည်။
မန္တလေးတိုင်းအတွင်း လက်ရှိ ပါတီဝင်အင်အား သုံးသောင်းကျော်ရှိပြီး ပါတီသို့ ၀င်လိုသူများသည် ပါတီ ရုံးဖွင့်ထားသော မြို့နယ်များတွင် ၀င်ရောက်နိုင်ပြီး ထိုသူများအား မြို့နယ်ခရိုင်မှစိစစ်၍ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမည်ဟု သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment