Tuesday, January 7, 2014

ဖိလစ်ပိုင်နိုင်ငံသားအများအပြား မြန်မာပြည်မှာ အလုပ်ဝင်နေ

ဖိလစ်ပိုင်နိုင်ငံသားအများအပြား မြန်မာပြည်မှာ အလုပ်ဝင်နေ
Tuesday, January 7, 2014

မြန်မာပြည်မှာ လာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်အလုပ်သမားတွေ သူတို့တိုင်းပြည်ကို ပြန်ပို့တဲ့ငွေပမာဏဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေါ်လာ တသိန်းခွဲရှိပါတယ် တဲ့။

သူတို့က မြန်မာပြည်အပါအ၀င် အာရှ ၂၄ နိုင်ငံ နဲ့ တခြားသော နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ကြတဲ့ အရေအတွက် ဆယ်သန်းဝန်းကျင် ရှိမယ်လို့ ဆိုတယ်။

ပြည်ပမှာပိုက်ဆံရှာပြီးအိမ်ပြန်ပို့တဲ့ငွေပမာဟာ များပြားလွန်းတဲ့အတွက် အဲဒါဟာ တိုင်းပြည်စီးပွားရေးရဲ့ ဆယ်ရာခိုင်နှုန်းရှိတယ် ဆိုပဲ။

နိုဝင်ဘာလတုန်းက ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲ ခံရ၊ အသေအပျောက် အဆုံးအရှုံး များပြားလွန်းတဲ့အတွက် မုန်တိုင်းအပြီး ပြည်ပကနေ ပြည်တွင်းကို ပေးပို့ ထောက်ပံ့တဲ့ ငွေပမာဏလည်း ခုန်တက်ခဲ့ဖွယ်ရှိပါတယ်။

ဖိလစ်ပိုင်ကနေ မြန်မာပြည်လာပြီး ဘယ်ကဏ္ဍတွေမှာ လုပ်ကိုင်နေကြသလဲ။

ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင် ဒုသံအမတ် Maria Lourdes Salcedo ရဲ့ အဆိုအရ ... ဖိလစ်ပိုင်တွေဟာ ရေနံ၊ ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီတွေမှာ ၀င်လုပ်ကြတယ်၊ အများစုကတော့ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများမှာ လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။
မြန်မာပြည်မှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ခြောက်ရာဝန်းကျင် ရှိမယ်လို့ အမျိုးသမီးဒုသံအမတ်က ဧရာဝတီသတင်းဌာနကို ခန့်မှန်းပြောပြပါတယ်။

ဒါကတော့ ဧရာဝတီသတင်းဌာနပင်မစာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်တဲ့ Filipino Workers Join Burma’s Opening Economy ဆိုတဲ့ သတင်းကို ကောက်နုတ် ဖော်ပြလိုက်တာပါ။
သတင်းအပြည့်အစုံကိုတော့ http://www.irrawaddy.org/business/filipino-workers-join-burmas-opening-economy.html မှာ ဖတ်ရှုနိုင်ပါတယ်။

ဖိလစ်ပိုင်တွေ မြန်မာပြည်မှာ အလုပ်ဝင်နေတယ် ဆိုပေမယ့် အင်ဂျင်နီယာလိုမျိုး အလုပ်တွေ ဖြစ်ပါလိမ့်မယ်။

သူတို့နဲ့ ကျနော်တို့က တိုက်ရိုက် လေကြောင်း ဆက်သွယ်မှု မရှိသေးပေမယ့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရှိနေပါပြီ။
ဒီလို သဘောတူထားတဲ့အတွက် မြန်မာပြည်သားတွေ သူတို့နိုင်ငံသွားမယ် ဆိုရင် ၁၄ ရက်ကြာအထိ နေထိုင်ခွင့်အတွက် ဗီဇာ လျှောက်စရာ လိုတော့မယ် မဟုတ်ပါ။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရေးအတွက် လာလာပြီး လေ့လာနေကြတဲ့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များထဲမှာ ဖိလစ်ပိုင်ကလည်း အတော်များများ ပါဝင်နေပါတယ် တဲ့။

ဖိလစ်ပိုင် ကုမ္ပဏီတချို့လည်း မြန်မာပြည်မှာ လုပ်ငန်း လုပ်ကိုင်နေပြီလို့ သိရပါတယ်။

ဧရာဝတီ
မြန်မာပြည်မှာ လာအလုပ်လုပ်တဲ့ ဖိလစ်ပိုင်အလုပ်သမားတွေ သူတို့တိုင်းပြည်ကို ပြန်ပို့တဲ့ငွေ ပမာဏဟာ ပြီးခဲ့တဲ့နှစ် အတွင်း ဒေါ်လာ တသိန်းခွဲရှိပါတယ် တဲ့။

သူတို့က မြန်မာပြည်အပါအ၀င် အာရှ ၂၄ နိုင်ငံ နဲ့ တခြားသော နိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြ၊ အိမ်ကို ငွေပြန်ပို့ကြတဲ့ အရေအတွက် ဆယ်သန်းဝန်းကျင် ရှိမယ်လို့ ဆိုတယ်။

ပြည်ပမှာပိုက်ဆံရှာပြီးအိမ်ပြန်ပို့တဲ့ငွေပမာဟာ များပြားလွန်းတဲ့အတွက် အဲဒါဟာ တိုင်းပြည်စီးပွားရေးရဲ့ ဆယ်ရာခိုင်နှုန်း ရှိတယ် ဆိုပဲ။

နိုဝင်ဘာလတုန်းက ဖိလစ်ပိုင်ဟာ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို အလူးအလဲ ခံရ၊ အသေအပျောက် အဆုံးအရှုံး များပြားလွန်းတဲ့အတွက် မုန်တိုင်းအပြီး ပြည်ပကနေ ပြည်တွင်းကို ပေးပို့ ထောက်ပံ့တဲ့ ငွေပမာဏလည်း ခုန်တက်ခဲ့ဖွယ်ရှိပါတယ်။

ဖိလစ်ပိုင်ကနေ မြန်မာပြည်လာပြီး ဘယ်ကဏ္ဍတွေမှာ လုပ်ကိုင်နေကြသလဲ။

ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင် ဒုသံအမတ် Maria Lourdes Salcedo ရဲ့ အဆိုအရ ... ဖိလစ်ပိုင်တွေဟာ ရေနံ၊ ဓာတ်ငွေ့ဆိုင်ရာ ကုမ္ပဏီတွေမှာ ၀င်လုပ်ကြတယ်၊ အများစုကတော့ တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီများမှာ လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။
မြန်မာပြည်မှာ အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ခြောက်ရာဝန်းကျင် ရှိမယ်လို့ အမျိုးသမီးဒုသံအမတ်က ဧရာဝတီသတင်းဌာနကို ခန့်မှန်းပြောပြပါတယ်။

ဒါကတော့ ဧရာဝတီသတင်းဌာနပင်မစာမျက်နှာမှာ ဒီကနေ့ ဖော်ပြလိုက်တဲ့ Filipino Workers Join Burma’s Opening Economy ဆိုတဲ့ သတင်းကို ကောက်နုတ် ဖော်ပြလိုက်တာပါ။
သတင်းအပြည့်အစုံကိုတော့ http://www.irrawaddy.org/business/filipino-workers-join-burmas-opening-economy.html မှာ ဖတ်ရှုနိုင်ပါတယ်။

ဖိလစ်ပိုင်တွေ မြန်မာပြည်မှာ အလုပ်ဝင်နေတယ် ဆိုပေမယ့် အင်ဂျင်နီယာလိုမျိုး အလုပ်တွေ ဖြစ်ပါ လိမ့်မယ်။

သူတို့နဲ့ ကျနော်တို့က တိုက်ရိုက် လေကြောင်း ဆက်သွယ်မှု မရှိသေးပေမယ့် အပြန်အလှန် ဗီဇာကင်း လွတ်ခွင့် ရှိနေပါပြီ။
ဒီလို သဘောတူထားတဲ့အတွက် မြန်မာပြည်သားတွေ သူတို့နိုင်ငံသွားမယ် ဆိုရင် ၁၄ ရက်ကြာ အထိ နေ ထိုင်ခွင့် အတွက် ဗီဇာ လျှောက်စရာ လိုတော့မယ် မဟုတ်ပါ။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံရေးအတွက် လာလာပြီး လေ့လာနေကြတဲ့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်း ရှင်များထဲမှာ ဖိလစ်ပိုင်ကလည်း အတော်များများ ပါဝင်နေပါတယ် တဲ့။

ဖိလစ်ပိုင် ကုမ္ပဏီတချို့လည်း မြန်မာပြည်မှာ လုပ်ငန်း လုပ်ကိုင်နေပြီလို့ သိရပါတယ်။

ဧရာဝတီ

No comments:

Post a Comment