Monday, January 13, 2014

မန္တလေးသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွား ၄၀ ရာခိုင်နှုန်းလျော့ကျ

Photo: မန္တလေးသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွား ၄၀ ရာခိုင်နှုန်းလျော့ကျ
Monday, January 13, 2014

မန္တလေးမြို့တော်သို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းတို့ဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာမှုသည် ၂၀၁၂ ခုနှစ်အောက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။

မန္တလေးမြို့တော်သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်သည့် ဦးရေ ၆၅,၁၉၉ ဦး ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု ဦးရေ ၃၉,၃၁၆ ဦး ရှိခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု လျော့ကျ သွားခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ရေကြောင်းလမ်းဖြင့် ဝင်ရောက်မှုသည် ၄၀ ရာခိုင်နှုန်းနှင့် လေကြောင်းလမ်းဖြင့် ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက် လာခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။
“နိုင်ငံခြားသား ခရီးသွားတွေက လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲလိုက်တော့ ကုန်းကြောင်းက ဝင်ရောက်တာ နည်းသွားတာမျိုး ဖြစ်နိုင်တယ်။ ရေကြောင်းနဲ့က မန္တလေးကနေ မင်းကွန်းနဲ့ ပုဂံ- ညောင်ဦး ဘက်လောက်ပဲ အသွားများပါတယ်” ဟု ၎င်းကဆိုသည်။

ရေကြောင်းလိုင်းမှ မန္တလေး- ညောင်ဦး လူစီးသင်္ဘောရှိပြီး မန္တလေးမှ အသွားခရီးစဉ်သာ များကြောင်း၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ပြေးဆွဲမှု တိုးမြင့်လာပြီး ဝင်ရောက်မှုမှာလည်း များလာကြောင်း မန္တလေးမြို့တော် အခြေစိုက် အင်္ဂလိပ် ဘာသာစကား ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ဝင်ရောက်မှု ၁၆၀,၉၇၅ ဦး ရှိပြီး ၂၀၁၃ ခုနှစ်၌ ၂၁၉,၅၁၈ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ 

(ရွှေရည်)
The Voice Weekly
မန္တလေးမြို့တော်သို့ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းတို့ဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ဝင်ရောက်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာမှု သည် ၂၀၁၂ ခုနှစ်အောက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
မန္တလေးမြို့တော်သို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ ၂၀၁၂ ခုနှစ်အတွင်း မော်တော် ယာဉ်ဖြင့် ဝင်ရောက်သည့် ဦးရေ ၆၅,၁၉၉ ဦး ရှိပြီး ၂၀၁၃ ခုနှစ်အတွင်း မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု ဦးရေ ၃၉,၃၁၆ ဦး ရှိခဲ့ကြောင်း အဆိုပါဌာန မှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်မှု လျော့ကျ သွားခဲ့သော်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ရေကြောင်းလမ်းဖြင့် ဝင်ရောက်မှုသည် ၄၀ ရာခိုင်နှုန်းနှင့် လေကြောင်းလမ်းဖြင့် ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက် လာခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူထံမှ သိရသည်။
“နိုင်ငံခြားသား ခရီးသွားတွေက လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲလိုက်တော့ ကုန်းကြောင်းက ဝင်ရောက်တာ နည်းသွားတာမျိုး ဖြစ်နိုင်တယ်။ ရေကြောင်းနဲ့က မန္တလေးကနေ မင်းကွန်းနဲ့ ပုဂံ- ညောင်ဦး ဘက်လောက်ပဲ အသွားများပါတယ်” ဟု ၎င်းကဆိုသည်။

ရေကြောင်းလိုင်းမှ မန္တလေး- ညောင်ဦး လူစီးသင်္ဘောရှိပြီး မန္တလေးမှ အသွားခရီးစဉ်သာ များကြောင်း၊ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်း လိုင်းများ တိုက်ရိုက် ပြေး ဆွဲမှု တိုးမြင့်လာပြီး ဝင်ရောက်မှုမှာလည်း များလာကြောင်း မန္တလေးမြို့တော် အခြေစိုက် အင်္ဂလိပ်ဘာသာ စကား ဧည့် လမ်းညွှန်တစ်ဦးက ပြောကြားသည်။

မန္တလေးမြို့သို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ဝင်ရောက်မှု ၁၆၀,၉၇၅ ဦး ရှိပြီး ၂၀၁၃ ခုနှစ်၌ ၂၁၉,၅၁၈ ဦး ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ထံမှ သိရသည်။

(ရွှေရည်)
The Voice Weekly

No comments:

Post a Comment